Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တောင်သမန်အင်းအတွင်း ငါးဖမ်းသူ ငါးမျှားသူများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိ

တောင်သမန်အင်းအတွင်း ငါးဖမ်းသူငါးမျှားသူများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိပြီး အင်းအတွင်း ငါးဖမ်းသည့် ရေလုပ်သားများမှာ

လွတ်လပ်စွာ ငါးဖမ်းခွင့်ရရှိနေသည့်အတွက် ကွန်၊ပိုက်မှအစ ငါးဖမ်းကိရိယာမျိုးစုံဖြင့် ငါးဖမ်းကြကြောင်း သိရသည်။

 

ပိုက်တန်းသူတစ်ဦးလျှင် အနည်းဆုံး ပိုက် ၁၀ လက် (ဆယ်ခွေ)ကျော်ကိုင်ကာ ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပိုက်တစ်ခွေလျှင် ငွေကျပ် ၃၅၀၀ မှ ၄၀၀၀ ပေးရကာ သာမန်လက်လုပ်လက်စားသမား များပင် ယခုနှစ်ရေကျချိန် ငါးဖမ်းခြင်းလုပ်ငန်း လုပ်ကိုင်သည်များလည်းရှိလာသည်။

 

ငါးဖမ်းရာတွင် နေ့လယ်ခင်းထက် ညပိုင်းပိုက်တန်း(ပိုက်ထောင်) သူများပြားလျက်ရှိပြီး တောင်သမန်အင်း အတွင်း နေ့စဉ် ငါးဖမ်းသည့်လှေများအပြင် ငါးမျှားတံဖြင့် ငါးမျှားသူများနေ့စဉ်များပြားလျက်ရှိသည်။

 

ငါးများကို ဖောက်သည်ပေးခြင်း၊ ရပ်ရွာအတွင်း တိုက်ရိုက်ရောင်းချခြင်းများပြုလုပ်ကြပြီး ငါးဈေးကွက်မှာမူ အတက်အကျရှိသည်။ တောင်သမန်အင်းအတွင်းမှ ကကတစ်ငါးများကို အများဆုံးဖမ်းမိသည်။ ကကတစ်ငါး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့်ရောင်းချပြီး တစ်ဦးလျှင် အနည်းဆုံး ၁၀ ပိဿာမှ ပိဿာ ၂၀ အထိ ရရှိကြောင်း သိရသည်။

 

အင်းအတွင်း လွတ်လပ်စွာငါးဖမ်းခွင့်ရသည့်အတွက် အခြေခံငါးဖမ်းလုပ်သားများမှာ အဆင်ပြေလျက်ရှိပြီး ငါးဖမ်းသူ၊ ငါးမျှား သူများလည်း ယခင်ကထက်ပိုမိုများပြားလာကာ တောင်သမန်အင်းမှာ သဘာဝအတိုင်း ဧရာဝတီမြစ် အတွင်းထွက်သည့် တံတားဖြူ ရေထွက်ပေါက်ပါ ဖွင့်ပေးထားသဖြင့် ရှေး ယခင်ကပုံစံအတိုင်း ငါးဖမ်းချိန် ငါးဖမ်းကာ ရေကျချိန်တွင် မူရင်းလယ်စိုက်ပျိုးခြင်းများကို လုပ်ကိုင်ကြသည်။

 

လက်ရှိကာလတွင် တောင်သမန်အင်းအတွင်း ငါးဖမ်းလှေများ နေ့စဉ်များပြားပီး ငါးဖမ်းလုပ်သားများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိ လျက်ရှိကြောင်း သိရသည်။

Source: Myawady

Read times
Rate this item
(0 votes)