Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မွန်ပြည်နယ်တွင် မြန်မာ့ပထမဆုံး ကျွဲကောဇုန် တည်ထောင်နိုင်ရန် စီစဉ်

မြန်မာနိုင်ငံ၏ ပထမဆုံး ကျွဲကောဇုန်ကို မွန်ပြည်နယ်တွင် တည်ထောင်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရက မြေနေရာချထားပေးရန် စီစဉ်လျက်နေတယ်လို့ သိရပါတယ်။

 

ကနဦးသတင်းများအရ ခန့်မှန်းခြေ ဧက ၈၀၀ ၀န်းကျင် မြေနေရာချထားပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး၊ ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောပါတယ်။

 

ကျွဲကောဇုန် တည်ထောင်နိုင်ခဲ့ရင် ကျွဲကောကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အပံ့များစွာ ရရှိလာနိုင်မှာ ဖြစ်ကြောင်း ကျွဲကောစိုက်ပျိုးတဲ့ တောင်သူများက သုံးသပ်ထားပါတယ်။ မြန်မာ့ကျွဲကောသီး၏ အရသာကို ပြည်ပမှ ကြိုက်နှစ်သက်မှုများပြားပြီး တရုတ်ဈေးကွက်သာမက စင်ကာပူ ဈေးကွက်မှလည်း ဝယ်ယူရန် ကမ်းလှမ်းမှု ပမာဏများတဲ့ သီးနှံဖြစ်ပါတယ်။

 

ဒါပေမယ့် ပြည်ပမှ ဝယ်ယူလိုတဲ့ တန်ချိန်ရရှိဖို့ အခက်အခဲများစွာရှိနေပြီး အရွယ်အစားမညီခြင်း၊ အရည်အသွေး မတူညီခြင်းနဲ့ ကမ်းလှမ်းတဲ့ ပမာဏမထွက်ရှိခြင်းတို့မှာ ကျွဲကောသီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားများ ဖြစ်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ နာယကဖြစ်သူ ဦးဝင်းရွှေက ပြောပါတယ်။

 

Read More >>>>>  မီနူးအသစ်ဖြစ်တဲ့ မြေအိုး ဒန်​​ပေါက်​လေးကို သွားမြည်းစမ်း စားကြမလား

 

ကျွဲကောဇုန်များကို မွန်ပြည်နယ်တွင် သာမက ကျွဲကောသီးစိုက်ပျိုးထွက်ရှိရာ ဒေသများတွင်ပါ တည်ထောင်နိုင်မည်ဆိုရင် သုတေသနများပြုလုပ်နိုင်ခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ချိနိုင်ခြင်း၊ အရည်အသွေး၊ အရွယ်အစား ညီမျှတဲ့ အသီးများ ထွက်ရှိခြင်းနဲ့ တောင်သူများအတွက် အသိပညာများစွာ ဖြန့်ဝေလာနိုင်မှာဖြစ်ပါတယ်။


ထို့အပြင် ကျွဲကောစိုက်ပျိုးတဲ့ တောင်သူများအနေဖြင့် ကိုယ်ထူကိုယ်ထသာ ရုန်းကန်နေကြရပြီး စိုက်ပျိုးစရိတ်ချေးငွေဖြင့် အလှမ်းဝေးနေကြဆဲဖြစ်ရာ ခြံရေရှည် ရပ်တည်နိုင်ရန်နဲ့ အရည်အသွေးကောင်းတဲ့ သီးနှံများ ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးစရိတ် အရင်းအနှီးများ ချေးပေးရန် လိုအပ်ကြောင်းလည်း မွန်ပြည်နယ်တွင် ကျွဲကောဧက ၃၀ စိုက်ပျိုးနေသူ တောင်သူ ဦးမြင့်နိုင်က ပြောပါတယ်။

 

ကျွဲကောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်အစိုးရက ဇုန်များတည်ထောင်ပေးခြင်း၊ စိုက်ပျိုးစရိတ် အရင်းအနှီးများကို အတိုးနှုန်းသက်သာစွာဖြင့် ကာလရှည် ချေးပေးခြင်းနဲ့ အသိပညာဖြန့်ဝေမှုများကိုလည်း ယခုထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန်လိုအပ်ပြီး တောင်သူများအနေဖြင့်လည်း ခေတ်စနစ်နဲ့အညီ စိုက်ပျိုးထုတ်လုပ်ကြရန်နှင့် တင်ပို့မည့် နိုင်ငံအလိုက် လိုအပ်သည့် အထောက်အထားများလည်း ကွဲပြား၍ စတင်စိုက်ပျိုးစဉ်ကတည်းက မိမိတင်ပို့မည့် နိုင်ငံ၏ ဈေးကွက်အနေအထားများ၊ တောင်းယူမည့် အသိအမှတ်ပြုလက်မှတ်များ စတဲ့ ကိစ္စရပ်များကိုပါ တစ်ပြိုင်နက် ထည့်သွင်းစဉ်းစား စိုက်ပျိုးရန် လိုအပ်ကြောင်း ကျွဲကောကဏ္ဍဆိုင်ရာ ပညာရှင်များက သုံးသပ်ထားပါတယ်။

 

Source: The Farmer Myanmar

Read times Last modified on Monday, 27 May 2019 14:50
Rate this item
(1 Vote)