Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကဏန်းများ ကြီးထွားရန် လိုအပ်ချက်ကြောင့် ကဏန်းဖမ်းဆီးမှုနှင့် ရောင်းဝယ်ရေးလုပ်ငန်းများ ယာယီပိတ်ပင်

ကဏန်းများ ကြီးထွားရန် လိုအပ်ချက်ကြောင့် ကဏန်းဖမ်းဆီးမှုနှင့် ရောင်းဝယ်ရေးလုပ်ငန်းများ ယာယီပိတ်ပင် google.com

ဧရာဝတီတိုင်း ဒေသကြီးရှိရေလုပ်ငန်း လုပ်ကိုင်သူများ၏ ကဏန်းဖမ်းဆီးမှုနှင့် ကဏန်းရောင်းဝယ်လုပ်ငန်းကို

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ယခုနှစ် မတ်လ လဆန်းပိုင်းမှ စတင်၍ ယာယီကာလတို တစ်လ ပိတ်ပင်ခြင်းသည် မြန်မာ့ရေပိုင်နက် အတွင်းရှိ ကဏန်းများ၏ ကြီးထွားမှုအတွက် လိုအပ်သော ပိတ်ပင်မှု တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ ကဏန်းထုတ်လုပ်ရောင်းချသူများအသင်းမှ သိရပါတယ်။


ယခုလက်ရှိ ကဏန်းဈေးကွက်အတွင်း ကဏန်းဈေးနှုန်းများ တစ်ကီလိုလျှင် ကျပ်တစ်သောင်းခွဲ ဝန်းကျင်အထိ မြင့်တက်လာခြင်းနှင့် အတူ ဖမ်းဆီးမှုပမာဏမှာ များပြားလာသည့်အတွက် ကဏန်းအကောင်ရေ လျော့နည်းလာခြင်း၊ ဖမ်းဆီးရောင်းချသူများမှ ကဏန်းများကို ရှိသင့်သည့် အရွယ်အစားအထိ မစောင့်ဆိုင်းဘဲ ဖမ်းယူနေခြင်း၊ အရွယ်အစား သေးငယ်သည့် ကဏန်းအရွယ်တွင် တင်ပို့ခြင်းများရှိသဖြင့် အရည်အသွေးမြင့်မားသည့် ဈေးနှုန်း မရရှိခြင်းများ ဖြစ်ပွားနိုင်ခြင်းကြောင့် ရေထွက်သယံဇာတ မပြုန်းတီးစေရန်အတွက် ယာယီ ပိတ်ပင်ထားကြောင်း သိရပါတယ်။

 

အဲ့ဒီလိုမှ မလုပ်ရင် ဖမ်းတာများပြီးတော့ အရွယ်အစား လုံးပတ်တွေ သေးလာပါတယ်။ ဖမ်းတဲ့နှုန်းကများပြီး မျိုးပွားနှုန်းကနည်းရင် ကြာရင်မျိုးပြတ်သွားနိုင်လို့ ခေတ္တခဏနားထားခြင်းဖြစ် ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံမှ ကဏန်းအများဆုံးတင်ပို့နေသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကဏန်းများကို အဝယ်ဒိုင်များမှတစ်ဆင့်  မူဆယ်မြို့သို့ တင်ပို့ရောင်းချနေကြောင်း သိရပါတယ်။

 

Source: The Farmer Journal

Read times Last modified on Monday, 17 September 2018 13:20
Rate this item
(1 Vote)