Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေး ကျဆင်းသဖြင့် ကြက်သွန်စိုက် တောင်သူများ အရှုံးပေါ်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် အတွင်း၌ ယခုအခါကြက်သွန်နီ ဈေးနှုန်းကျဆင်းနေသောကြောင့်

ကြက်သွန်စိုက်တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း ကြက်သွန်စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ကျောက်ပန်းတောင်းမြို့နယ်၌ ကြက်သွန်နီစိုက် တောင်သူများ စိုက်ပျိုးရန် မျိုးစေ့ဝယ်ယူစဉ်က တစ်ပြည်လျှင် ငွေကျပ် ၈ဝဝဝဝ ပေးဝယ်ရပြီး နို့ဆီဘူးတစ်ဘူး ပျိုးပေါင်တစ်ပေါင်လျှင် ငွေကျပ် ၅ဝဝဝဝ ပေးဝယ်၍ စိုက်ပျိုးခဲ့ ရကြောင်းသိရပါတယ်။

 

''ဒီနှစ်ကြက်သွန်ဈေးနှုန်းက တစ်ပိဿာ ငွေကျပ် ၅ဝဝ ဆိုတော့ ကြက်သွန်စိုက် တောင်သူတွေ အရှုံးပေါ်တာပေါ့။ ဒီနှစ်ကြက်သွန်စိုက် တောင်သူတွေ အဆမတန်ရှုံးရင်တော့ လာမယ့်နှစ်ကြက်သွန်စိုက်ပျိုးမယ့်သူ နည်းသွားနိုင်ပါ တယ်''ဟု ကြက်သွန်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ကြက်သွန်စိုက်ပျိုးရာတွင် ကိုယ်ပိုင်မြေ မရှိသည့်တောင်သူများမှာ ကြက်သွန်တစ်သီးစာ မြေငှားရမ်းခတစ်ဧကလျှင်  ငွေကျပ် ၃ဝဝဝဝဝ  ပေးရပြီး  နွားချေး၊ ဆိတ်ချေး၊ ငုံးချေး၊  ပုလဲ၊  ရွက်ဖျန်းဆေး၊  ကြက်သွန်စိုက်ခ၊ နုတ်ခ၊ ရေဖျန်းရေသွင်းခ အပါအဝင် တစ်ဧကလျှင် ငွေကျပ်၂၂ဝဝဝဝဝ ကျော် ကုန်ကျကြောင်း၊ ကြက်သွန်နီ အထွက်နှုန်း ကောင်း၍ ဈေးနှုန်းသင့်တင့်မှသာ တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း၊ ယခုဈေးနှုန်း အတိုင်းသာ ဖြစ်နေပါက ကြက်သွန်စိုက်ပျိုးသည့် အရင်းအနှီးပင် မရနိုင်ကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ကြက်သွန်နီတစ်သီးစိုက်လျှင်   မြေညှိပျိုးထောင်ချိန်မှ စိုက်ပျိုးပြီးနုတ်သိမ်းချိန်အထိ ငါးလခွဲကြာမြင့်ကာ ကြက်သွန်နီများ ထားရာတွင်လည်း စင်သီးသန့်ပြုလုပ်၍ လေဝင်လေထွက် ကောင်းပြီး  မိုးလုံအောင် ထားရကြောင်း သိရပါတယ်။

 

ကြက်သွန်နီများ ထားရာတွင်လည်း စင်ပေါ်ရှိကြက်သွန်တစ်ဥ ပုပ်လျှင် အခြားဥများပါ အရည်ပျော်ကူးသွားသဖြင့် ကြက်သွန်နီများကို တစ်လတစ်ကြိမ် ဥပုပ်ရွေးကာ ဖယ်ရှား ပေးရကြောင်းနှင့် တဖြည်းဖြည်း ကြက်သွန်များ အခွံကွာလာ၍ ခြောက်လာပြီး အလေးချိန်မှာလည်း တဖြည်းဖြည်းလျော့လာကာ ဈေးနှုန်းပါကျလျှင် ကြက်သွန်နီစိုက် တောင်သူများ အရှုံးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ သိရပါတယ်။

 

Source: Myawady

 

Read More >>>>> အမြတ်အစွန်းနည်းတဲ့ မြန်မာ့သရက်သီး

Read times Last modified on Tuesday, 18 September 2018 11:44
Rate this item
(1 Vote)