Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ်သို့ ကျွဲ၊ နွားတင်ပို့မှု မြင့်တက်လာ၍ မောင်တောနယ်စပ်တွင် တရားဝင်လိုင်စင် ထုတ်ပေးနိုင်ရန် စီစဉ်

မြန်မာနိုင်ငံမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ကျွဲ၊ နွား တင်ပို့မှု မြင့်တက်လာသဖြင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ

မောင် တောဒေသတွင် ကျွဲ၊ နွား တရား ဝင်တင်ပို့မှု လိုင်စင်ထုတ်ပေးနိုင် ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

 လက်ရှိတွင် မောင်တော နယ်စပ်၌ မာန်အောင်၊ ရမ်းဗြဲ ကျွန်းများမှ တရားမဝင် ကျွဲ၊ နွား တင်ပို့မှုများရှိနေပြီး အရေအတွက် အတိအကျကိုမူ မခန့်မှန်းနိုင်သေးကြောင်း ၎င်းကဆိုသည်။

 

‘‘မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကို တရားဝင် ကျွဲ၊ နွားတင်ပို့နိုင်ရေး လုပ်နေပါတယ်။ ရခိုင်ပြည်နယ်က ကျွဲ၊ နွားတွေက ယခင်က တရားမဝင် ပို့နေကြတယ်။ အဲဒီကိစ္စကို တရားဝင်ပို့နိုင်အောင် လုပ်နေတာရှိတယ်။ ရက်ပိုင်းအတွင်း ပေါ်လာမယ် ထင်ပါတယ်’’ ဟု ဦးရန်နိုင်ထွန်းက ပြောကြားသည်။

 

နတ်မြစ်ကို ဖြတ်၍ မြန်မာ နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ကျွဲ၊ နွား၊ ဆိတ်များ နေ့စဉ်ဝင်ရောက်နေ သည်ကို တွေ့မြင်ရပြီး ဧပြီလ ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်မှ ကျွဲ၊ နွားတင်ပို့မှု မကြုံစဖူး မြင့်တက်ခဲ့သည်။

 

ယင်းကဲ့သို့ ဖြစ်ရခြင်းသည် အိန္ဒိယက ကျွဲ၊ နွား တင်ပို့မှုတားမြစ်ခြင်းကြောင့်နှင့် ဈေးနှုန်းများ မြင့်မားလာခြင်းကြောင့်ဟု တာ့ခ်နော့ဖ်ဆိပ်ကမ်း  အရာရှိများ၏ ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribuneသတင်းဌာနက   ဖော်ပြထားသည်။

 

တာ့ခ်နော့ဖ်ဆိပ်ကမ်းမှ နွား ကုန်သည် ဆာလင်ဆူလာက ‘‘ပြီးခဲ့သည့်ရက်က ဒီဆိပ်ကမ်းကို ဖြတ်ပြီး ကျွဲ၊ နွား ကောင်းရေ ၂,၀၀၀ ထက်မနည်းဝင်ရောက် လာ တယ်။ တစ်ပတ်အတွင်း ဒီကို ကောင်ရေတစ်သောင်းလောက် ဝင်ရောက်လာနေတယ်’’ ဟု Dha-ka Tribune အား ပြောကြား သည်။ ကျွဲ၊ နွား တရားဝင်တင်ပို့နိုင် ရေး အစိုးရချင်း ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ဦးရန်နိုင်ထွန်းကဆိုသည်။

 

ပြီးခဲ့သည့်နှစ်က ဘင်္ဂါလီ ပြဿနာများကြောင့် ယင်းနယ် စပ်မှတစ်ဆင့် ကျွဲ၊ နွား တင်ပို့မှု ရပ်ဆိုင်းလုနီး ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ကျွဲ၊ နွားတင်ပို့မှုများ ပြားလာကြောင်း ယင်းသတင်းဌာနက ဖော်ပြသည်။

 

အိန္ဒိယနိုင်ငံက နွားတင်ပို့မှု တားမြစ်ခြင်းကြောင့် မြန်မာနိုင်ငံ မှ ကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ရှ် တွင် ဝယ်လိုအားမြင့်တက်လာပြီး မတ်လ အတွင်းက ကျွဲ၊ နွားအ ကောင်ရေ ၁၁,၆၆၅ ကောင် ဝင်ရောက်ခဲ့ကာ အကောက်ခွန် ဝင်ငွေ ကာတာ ၅၈ ဒသမ ၃၃ သိန်း ရရှိခဲ့ကြောင်း တာ့ခ်နော့ဖ် ဆိပ်ကမ်းမှ အကောက်ခွန်အရာရှိ ဂျဟန်ရှာဟိုစိန်က ပြောကြားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:35
Rate this item
(1 Vote)