Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်အကောင်ရေလျှော့မွေးခြင်းကြောင့် ကြက်ဈေးနှုန်းမြင့်

ယခုနှစ် နွေရာသီတွင် အပူရှိန်ပြင်းမှုကြောင့် ကြက်အကောင်ရေလျှော့ချမွေးမြူသောကြောင့်

ရန်ကုန် ကြက်၊ ဘဲ ဈေးကွက်အတွင်း ကြက်ဈေးနှုန်းများ မြင့်တက်ကြောင်း ကြက်ဒိုင်များထံမှ သိရပါတယ်။

 

သင်္ကြန်ပွဲတော်ချိန်နီးကပ်နေပြီဖြစ်သဖြင့် ဈေးအတွင်းသို့ ကြက်၊ ဘဲများကို ပုံမှန်တင်ပို့ရောင်းချနေသော်လည်း အကောင်ရေလျှော့နည်းမွေးမြူခြင်းကြောင့် ကြက်ဈေးနှုန်းများ မြင့်တက်နေပြီး ကုန်အ၀င်အထွက်ပေါ်မူတည်၍လည်း ဈေးနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်လျှက်ရှိပြီး လက်ရှိဈေးကွက်အတွင်း လက်ကားဈေးနှုန်းထက် လက်လီဈေးနှုန်းများ မြင့်တက်နေကြောင်း သိရပါတယ်။

 

သင်္ကြန်ကာလအချိန်တွင် သယ်ယူပို့ဆောင်ရေးများ ခက်ခဲမှုပိုရှိလာနိုင်သဖြင့် ဈေးနှုန်းများမြင့်တက်လာဖွယ်ရှိကြောင်းနှင့် လက်ရှိ ဒိုင်များအတွင်း ကြက်တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်း ၄၆၀၀ ကျပ် ရှိရာမှ ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ၅၀၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်နေပြီး သင်္ကြန်ကာလအတွင်း ကြက်၊ ဘဲဈေးကို ပိတ်ထားမည်မဟုတ်ဘဲ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြက်ဒိုင်များထံမှ သိရပါတယ်။

 

Source: မြ၀တီ

Read times Last modified on Thursday, 13 September 2018 18:01
Rate this item
(1 Vote)