Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းစိုက် ပန်းသုံးမျိုး မလေးသို့စမ်းသပ်တင်ပို့

နှင်းဆီ၊ ကန္ဓမာပန်း ကြွေဖြူနှင့် ရွှေဝါဝင်း စသည့် ပန်းသုံးမျိုးကို မလေးရှားနိုင်ငံသို့ စမ်းသပ်တင်ပို့ထားကြောင်း

သိရသည်။

 

 “ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီတစ်ခုနဲ့ သယ်ယူပို့ဆောင်မှုစျေးကွက်အတွင်း ရောက်ရှိချိန်မှာ ပန်းများရဲ့ အရည်အသွေးကောင်းမွန်မှုရှိ၊ မရှိ အပေါ်မူတည်ပြီး တင်ပို့သွားဖို့ရှိပါတယ်” လို့ အောင်ပန်းပွဲရုံလုပ်ငန်းရှင်က ပြောသည်။

 

UNSET

 

အဆိုပါဒေသများတွင် နှင်းဆီ၊ ဂန္ဓမာ၊ သပြေနှင့် လီလီပန်းတို့ကို ဧက ၈၀၀၊ ၁၀၀၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း မလေးရှာနိုင်ငံထံ စျေးကွက်ရရှိရန် ကနဦးယင်းဒေသထွက် ရေမွှေးနှင်းဆီ အပွင့် ၆၀၀ ပါတစ်ဖာ၊ ဂန္ဓမာပန်း ကြွေဖြူနှင့် ရွှေဝါဝင်း အပွင့် ၅၀၀ စီပါနှစ်ဖာတို့ကို လေကြောင်းလိုင်းကနေ တင်ပို့ထားကြောင်း သိရသည်။

 

1479807463225

 

အဆိုပါ စမ်းသပ်တင်ပို့မှု အောင်မြင်လာပါက ရှမ်းပြည်နယ် (တောင်ပိုင်း) ပန်းစိုက်ပျိုးဒေသများဖြစ်သည့် ကလေး၊ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်းဒေသများမှ ပန်းစိုက်ပျိုးတောင်သူများအတွက် ဝင်ငွေအခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

 

Source:MDN

Myanmar Food Industry Guide

Read times Last modified on Friday, 11 November 2022 13:26
Rate this item
(0 votes)