Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အော်ဂဲနစ် သီးနှံများကို စားသုံးသူများလာ

စားသုံးသူများ ကျန်းမာရေးအသိရှိလာသည်နှင့်အညီ အော်ဂဲနစ်နှင့် ဓာတုကင်းလွတ်သီးနှံ စားသုံးသူများလာကြောင်း ညောင်နှစ်ပင်ခြံ စိမ်းလန်းစိုက်ပျိုးထုတ်လုပ်ရေးနှင့် သမဝါယမအသင်းလီမိတက် မန်နေဂျာ ဦးသူရိန်ထွန်း၏ ပြောဆိုချက်အရ သိရပါတယ်။

 

"အခုနောက်ပိုင်း အော်ဂဲနစ်ခြံတွေ၊ ဓာတုကင်းလွတ်ခြံတွေ တော်တော်များများရှိလာတယ်။ စားသုံးသူတွေလည်းများလာတယ်" ဟု ဦးသူရိန်ထွန်းက ပြောကြားခဲ့ပါတယ်။

 

ရန်ကုန်မြို့  တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာအော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ဗုဒ္ဓဟူးဈေးအပါအဝင် မြို့ နယ်တချို့ တွင်လည်း ဓာတုကင်းလွတ်ဈေးများနှင့် တောင်သူလယ်သမားဈေးများဖြစ်သည့် ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေဈေးတို့လည်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

"စားသုံးမှုနှုန်းကတော့ ရောင်းတဲ့သူတွေက ရောင်းသမျှ ကုန်နေကြတာပဲ။ မကုန်ဘူးဆိုတာမရှိဘူး။ ရောင်းတဲ့ဈေးတွေက တကယ်ပဲဓာတုကင်းလွတ်ခြင်းရှိ၊ မရှိနဲ့ အော်ဂဲနစ် စစ်၊ မစစ်ဆိုတာကိုတော့ တာဝန်ယူမှုရှိရမယ် " ဟု မြန်မာအော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာသန်းသန်းစိန်က ပြောကြားခဲ့ပါတယ်။

 

ထို့အပြင် အောဂဲနစ်နှင့် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများက ပုံမှန်စိုက်ပျိုးထားတဲ့ သီးနှံတို့နှင့် ဈေးနှုန်းကွာဟချက်များစွာမရှိကြောင်း သိရပါတယ်။

 

အော်ဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတုပစ္စည်းပါဝင်ခြင်းမရှိဘဲ ရောဂါပိုးမွှား၊ ကျောက်ခဲ၊ သလဲတို့ ကင်းစင်ကြောင်းနှင့် ဓာတုကင်းလွတ်နည်းဆိုသည်မှာ ဓာတ်မြေသြဇာကို အလွန်အကျွံမသုံးဘဲ စနစ်တကျအသုံးပြုသည့် နည်းဖြစ်ကာ ဓာတုကင်းလွတ်စိုက်ပျိုးနည်းသည် အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်မဟုတ်သေးဘဲ အော်ဂဲနစ်အဆင့်သို့ သွားနေတဲ့ စနစ်သာဖြစ်ကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Monday, 22 July 2019 10:03
Rate this item
(0 votes)