Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်စာနှင့် မွေးမြူရေးထုတ်ကုန်များ လေကြောင်းမှ ပုံမှန်သယ်ဆောင်ရန် စီစဉ်

စင်ကာပူလေကြောင်းလိုင်း၊ Qantas လေကြောင်းလိုင်းတို့သည်

သြစတြေးလျနှင့် ချိတ်ဆက်ပြီး ပင်လယ်စာများနှင် စိုက်ပျိုးထွက်ကုန်များကို အာရှစျေးကွက်သို့ သယ်ဆောင်ရန် သဘောတူညီချက် ရရှိကြသည်။

မေလ ၇ ရက် ၂၀၂၀ ခုနှစ်မှစ၍ သြစတြေးလျ၏ လေကြောင်းလိုင်း Qantas သည် သြစတြေးလျနိုင်ငံမြောက်ပိုင်းမှ ဟောင်ကောင်သို့ Queensland ပြည်နယ်မှ ပင်လယ်ထွက်ပစ္စည်းများနှင့် အခြားထွက်ကုန်များကိုသယ်ဆောင်သွားမည်ဖြစ်ပြီး စင်ကာပူလေကြောင်းလိုင်းသည် သြစတြေးလျနိုင်ငံ တောင်ပိုင်းမှ
အစားအစာများကို သယ်ဆောင်သွားမည်ဖြစ်သည်။

ပင်လယ်စာ၊ တူနာ၊ သိုးသား၊ ကြက်သားနှင့် ကြက်ဥအပါအဝင် တောင်သြစတြေးလျထုတ်ကုန်များကို စင်ကာပူနိုင်ငံသို့ သယ်ဆောင်ပြီး နောက်ပိုင်းတွင် ဟောင်ကောင်၊ ထိုင်းနှင့် တရုတ်သို့ ဖြန့်ဝေမည်ဖြစ်သည်။

သြစတြေးလျကုန်သွယ်ရေး ၀ န်ကြီး Simon Birmingham က "ဒီသဘောတူညီချက်ဟာ ကူးစက်ပျံ့နှံ့မှုမှာ ပြည်ပကို တင်ပို့ဖို့ ရုန်းကန်နေရတဲ့ ပို့ကုန်တင်ပို့သူများအတွက် တိုက်ရိုက်ကုန်တင်လမ်းကြောင်းပြန်လည်တည်ဆောက်ဖို့ကူညီလိမ့်မယ်" ဟု ပြောသည်။


COVID-19 ဒဏ်ခံခဲ့ရသောဒေသများ၊ လူမှုအသိုင်းအဝိုင်းများနှင့်စက်မှုလုပ်ငန်းကဏ္ဍများကို ထောက်ပံ့ရန် ဩဇီဒေါ်လာ ၁ ဘီလီယံ အစိုးရရန်ပုံငွေအောက်တွင် အဆိုပါလေယာဉ်ခရီးစဉ်များကို စီစဉ်ခြင်း ဖြစ်သည်။ တာဝန်ရှိသူများက ရန်ပုံငွေသည် ခရီးစဉ်များအတွက် ပေးချေးမည်လား သို့မဟုတ် အတိုင်းအတာ တစ်ခုအထိသာ ထောက်ပံ့မည်လားဆိုသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

ပုံမှန်အချိန်တွင် ကမ္ဘာတစ်ဝှမ်း ပုံမှန်သယ်ဆောင်လာသည့် လေကြောင်းကုန်စည်များ၏ ထက်ဝက်ခန့်သည် ခရီးသည်တင်ဂျက်လေယာဉ်များ၏ ပျံသန်းမှုတွင် ဝမ်းဗိုက်ကုန်စည်အဖြစ် သယ်ဆောင်ကြသည်။ ယခုအခါ ခရီးသည်တင်လေယာဉ် အများစု ရပ်နားထားရသဖြင့် လေကြောင်းကုန်စည် ပေးပို့ရန် အခက်အခဲ ကြီးမားနေသည်။

COVID-19 ပြဿနာသည် လေကြောင်းလိုင်းများစွာအား သူတို့၏ခရီးသည်တင်လေယာဉ်များကို ယာယီကုန်တင်လေယာဉ်များအဖြစ် အသုံးပြုစေခဲ့သည်။

 

zaegyi

စင်ကာပူလေကြောင်းလိုင်း၊ Qantas လေကြောင်းလိုင်းတို့သည် သြစတြေးလျနှင့် ချိတ်ဆက်ပြီး ပင်လယ်စာများနှင် စိုက်ပျိုးထွက်ကုန်များကို အာရှဈေးကွက်သို့ သယ်ဆောင်ရန် သဘောတူညီချက် ရရှိကြသည်။








Read times
Rate this item
(0 votes)