Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နယ်စပ်မှ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု ၀င်ငွေကန်ဒေါ်လာသန်း ၁၃၀ ကျော် လျော့ကျ

ယူနန်ပြည်နယ်တွင် လုံခြုံရေး တင်းကျပ်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်နှင့် ဆန်ကွဲတင်ပို့မှု ပမာဏလျော့ကျ ပြီး ၀င်ငွေကန်ဒေါ်လာသန်း ၁၃၀ ကျော် လျော့နည်းခဲ့သည်။

 

အောက်တိုဘာကစတင်ခဲ့ သည့် ယူနန်နယ်စပ် လုံခြုံရေး တင်းကျပ်ထားမှုက မြန်မာပို့ကုန်များအတွက် အခက်အခဲဖြစ်ပြီး သုံးလကျော်ကြာ ကုန်သွယ်ရေး နှေးကွေးမှုသည် မြန်မာနိုင်ငံနယ် စပ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှု ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့သည်။

 

၂၀၁၈ ကိုးလအတွင်း တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်နှင့် ဆန် ကွဲတင်ပို့မှု တန်ချိန် ၈ ဒသမ ၉ သိန်းကျော်သာ ရှိခြင်းကြောင့် ပြီးခဲ့သည့် ကာလတူထက် တန် ချိန် ၄ ဒသမ ၃ သိန်းကျော် လျော့ နည်းခဲ့သည်။ ၂၀၁၈ ဧပြီမှ ဒီဇင်ဘာကုန်အထိ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၃ သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စာရင်းများတွင် ဖော်ပြထား သည်။

 

လက်ရှိ ရန်ကုန်ဈေးကွက် တွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် ၀ယ်လိုအား လျော့နည်းပြီး ပြည်တွင်းစားသုံးမှုနှင့် ပင်လယ် ရေကြောင်းမှ တင်ပို့လိုသူများ၏ ၀ယ်လိုအားသာရှိကြောင်း ဘုရင့် နောင်ဆန်ကုန်စည်ဒိုင် အတွင်း ရေးမှူး ဦးသန်းဦးက ပြောသည်။

 

ထို့အပြင် တရုတ်နှစ်သစ်ကူး ပွဲတော်ရက် နီးလာချိန်တွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုသည် ပုံမှန်အခြေအနေတွင်သာ ရှိနေ ကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့ကပြောသည်။

 

နှစ်သစ်ကူးရက်များအတွင်း ကုန်သွယ်မှု ရပ်ထားရသည့် အ ခြေအနေ ရှိနေသော်လည်း လက် ရှိတွင် ဆန်၊ ပြောင်းဖူးစေ့၊ သကြားနှင့် ဖရဲ၊ သခွားမွှေးတို့ ပုံမှန် ရောင်းချနေရသည်ဟု ၎င်းတို့က ပြောသည်။

 

ထို့အပြင် မြန်မာနိုင်ငံမှ ယူ နန်ပြည်နယ်သို့ ရောင်းချနေသည့် ဆန်နှင့် ဆန်ကွဲလည်း ယခုရက်ပိုင်းတွင် တစ်ရက်လျှင် အိတ်ရေ ၃၀,၀၀၀ ကျော် ရောင်းချနေရ သည်။ ဆန်တစ်အိတ်၏ ဈေးနှုန်း က ယခုရက်ပိုင်းတွင် ၁၀၉ ယွမ်(ကျပ် ၂၄,၆၀၀ ကျော်)မှ ၁၁၅ ယွမ် (ကျပ် ၂၆,၀၀၀) ခန့် ရရှိနေ သည်။ ပြီးခဲ့သည့်နှစ်က မူဆယ်မှ ယူနန်ပြည်နယ်သို့ ဆန်တင်ပို့ရာ တွင် ယခုကဲ့သို့ ဇန်န၀ါရီများတွင် တစ်ရက်လျှင် အိတ်ရေ ငါးသောင်းခန့် အနည်းဆုံးတင်ပို့နိုင်ခဲ့သည် ဟု မူဆယ် ဆန်ကုန်စည်ဒိုင် အ သင်းဝင်တစ်ဦးက ပြောသည်။

 

တရုတ်နိုင်ငံက နယ်စပ်တွင် လုံခြုံရေး တင်းကျပ်ထားခြင်း ကြောင့် မူဆယ်နယ်စပ်မှ ပို့ကုန် ပမာဏသည် ယခု ဘဏ္ဍာနှစ်သုံးလအတွင်း ကန်ဒေါ်လာသန်း ၅၇၀ ကျော် လျော့နည်းခဲ့သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်သုံးလအ တွင်း မူဆယ်နယ်စပ်မှ ပို့ကုန်ပမာ ဏကန်ဒေါ်လာသန်း ၅၀၀ ကျော် သာ တင်ပို့နိုင်သည်။

 

၂၀၁၇ ကာ လတူသုံးလအတွင်း ပို့ကုန်ပမာ ဏကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီ ယံကျော် တင်ပို့ထားသည်။ ယူနန်အစိုးရက ၂၀၁၈ အောက်တိုဘာလဆန်းကစတင်ပြီး နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ချထားခြင်းကြောင့် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းဖူးစေ့၊ သကြားများ ယခင်ကဲ့သို့ တင်ပို့နိုင်ခြင်း မရှိကြောင်း မူဆယ်မှ ကုန်သည်အချို့က ပြောသည်။

 

Source: 7 day news

Read times
Rate this item
(1 Vote)