Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးတွင်းကာလ အတွင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှု ယခင်လများထက် လျော့နည်း

ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့မှု ပမာဏမှာ မိုးတွင်း ကာလ

အတွင်း၌ ယခင်လများထက်လျော့နည်း လျက်ရှိနေကြောင်း မောင်တောကုန်သည် ကြီးများအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်စံ သိန်းထံမှ သိရပါတယ်။

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုပမာဏမှာ သြဂုတ်လပိုင်းအတွင်းက အမေရိကန် ဒေါ်လာ ၈၈ဝဝ၁ဝ ဒသမ ၈ဝ အထိတင်ပို့နိုင်ခဲ့သော်လည်း စက်တင်ဘာလတွင် ကုန်စည် တင်ပို့နိုင်မှု ပမာဏ အမေရိကန်ဒေါ်လာ ၆၃၇၆၈၉ ဒသမ ၃၅၂ သာ တင်ပို့နိုင်ခဲ့ပါတယ်။

 

''မိုးရာသီဖြစ်နေတာက တစ်ကြောင်း၊ ဒေါ်လာဈေးတက်တာက တစ်ကြောင်းနဲ့သက်ဆိုင်သလို လမ်းပန်း ဆက်သွယ် ရေးနဲ့ လည်းဆိုင်ပါတယ်။ ဒါကြောင့် အရင်နှစ်လ မှာတော့ ကုန်သွယ်မှု တစ်လထက်တစ်လ လျော့ကျနေတာဖြစ်ပါ တယ်။ ပွင့်လင်းရာသီ ရောက်ရင်တော့ ကုန်စည်တင်ပို့မှုပမာဏ ပိုမိုမြင့်တက်လာမှာပါ''ဟု မောင်တောကုန်သည် ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံ သိန်းက ပြောကြားခဲ့ပါတယ်။

 

Read More >>> ထိုင်းနိုင်ငံသို့ အုန်းသီးတင်ပို့မှု ပြန်လည်စတင်ပြီး ဈေးကွက်အဝယ် လိုက်လာ

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ယခုလအတွင်း အဓိကပို့ကုန်များအနေဖြင့် လယ်ယာထွက်ကုန်များဖြစ် သည့် ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ချင်းအစို၊ မန်ကျည်းသီး အစိမ်း၊ တညင်းသီး၊ နနွင်း၊ မြေပဲအခွံပါ၊ ဆီးသီးခြောက်၊ ကွမ်းသီး၊ ငါးမြစ်ချင်း၊ ငါးနီတူ ခြောက်၊ ငါးလေးခြောက်၊ ဝါးများနှင့် ဆီးယိုထုပ် စသည့် ကုန်ပစ္စည်းများ တင်ပို့လျက်ရှိ ကြောင်း သိရပါတယ်။

 

Source: Myawady

 

Read times Last modified on Tuesday, 30 October 2018 16:36
Rate this item
(1 Vote)