Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကောင်းပေးဝယ်ယူခြင်းကြောင့် သရက်စိုက်ပျိုးသူများအဆင်ပြေ

မြန်မာနိုင်ငံထွက် စိန်တစ်လုံးသရက်သီးများကို ယခုနှစ်တွင် တရုတ်နိုင်ငံမှ

ကုန်သည်များက နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မနှစ်က ၀ယ်ယူခဲ့သော ပမာဏထက် ဈေးကောင်းပေးပြီး ပိုမို ၀ယ်ယူနေခြင်းကြောင့် ပြည်တွင်းရှိ စိန်တစ်လုံးသရက်သီးစိုက်ပျိုးသူများ အဆင်ပြေနေကြောင်း သိရပါတယ်။

 

မနှစ်က စိန်တစ်လုံးသရက်သီးကို အရည်အသွေးပေါ်မူတည်၍ တစ်တန်လျှင် ငွေကျပ် ၁၂ သိန်းမှ ၁၅ သိန်းအထိ ရှိခဲ့ပြီး ယခုနှစ်တွင် တစ်တန်လျှင် ငွေကျပ် ၁၇ သိန်းမှ သိန်း ၂၀ အထိ ဈေးကောင်းပေး ၀ယ်ယူနေ ကြောင်း သိရပါတယ်။

 

လက်ရှိအချိန်တွင် စိန်တစ်လုံးသရက်သီးပေါ်ချိန်ဖြစ်၍ ရာသီကုန်ဆုံးချိန်တွင် ယခင်နှစ်များက ၀ယ်ယူခဲ့သော ပမာဏထက် ပိုမိုဝယ်ယူပြီး ဈေးနှုန်းမှာလည်း ယခုထက် ပိုရနိုင်တယ်ဟု စိန်တစ်လုံး သရက်သီး စိုက်ပျိုးသူများထံမှ သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 13:46
Rate this item
(1 Vote)