Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဆန်သစ်များ မူဆယ်ဈေးကွက်သို့ စတင်တင်ပို့

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့မှ ထွက်ရှိသည့် မိုးစပါးဆန်သစ်များမှ  ၅  မှတ်ဆန်ကြမ်း ရှယ်စအနည်းငယ်ကို 

မူဆယ်ဈေးကွက်သို့ စတင် တင်ပို့နေပြီဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း (ဘုရင့်နောင် ကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

 

ယခုနှစ်မိုးရာသီအတွင်း နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် တချို့နေရာတို့၌  စပါးစိုက်ဧက အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည့် အတွက် အထွက်နှုန်းနောက်ကျခဲ့ရသည်။ သို့သော်  ဧရာဝတီတိုင်းဒေသကြီး၌ ထိခိုက်မှု နည်းပါး ခဲ့သောကြောင့်  လတ်တလောတွင် မိုးစပါးများ စတင်ထွက်ရှိနေပြီဖြစ်သည်။

 

ယင်းဆန်သစ်မှာ နယ်အထိုင်ဈေး   Weight  ကြီး  တစ်အိတ်လျှင်  ငွေကျပ် ၂၄၅ဝဝ ဝန်းကျင်ဖြင့်  အရောင်းအဝယ်ဖြစ်နေပြီး ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခြင်း မရှိသေးဘဲ  နယ်စုံမှ  ဆန်ဟောင်းအိတ်ရေ  ခြောက်ထောင် ခန့်သာ ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

 

အောက်တိုဘာလတွင် စတင်ထွက်ရှိတော့မည့် မိုးစပါးအတွက် ကုန်သည်များ၊ စက်ပိုင်များနှင့်  တောင်သူများကြား  ကြိုရောင်း၊  ကြိုဝယ်စနစ်ဖြင့် ဝယ်ယူမှုများ စတင်နေပြီး ယမန်နှစ်ထက်  ဈေးနှုန်းပိုမို မြင့်မားနေကြောင်း သိရသည်။

 

ထို့ပြင် ကြိုရောင်း၊ ကြိုဝယ်စနစ်ဖြင့် စာချုပ်ချုပ်ဆို ရောင်းဝယ်ကြရာတွင် ၇၅ ရာခိုင်နှုန်းကို စရန်ငွေအဖြစ် ကြိုတင်ထုတ်ပေးထားရပြီး ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကို ပစ္စည်းအပ်နှံသည့် အချိန်မှသာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

 

မူဆယ်နယ်စပ် ၁ဝ၅  မိုင် ကုန်သွယ်ရေးဇုန်မှ  ပြည်ပနိုင်ငံသို့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်း ဝန်းကျင် တင်ပို့ထားနိုင်ပြီး ယခုဘဏ္ဍာနှစ် ကြားကာလ ခြောက်လတာအတွင်း အမေရိကန်ဒေါ်လာ ၃၁၅  သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲတန်ချိန် ကိုးသိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

Source: Myawady

Read times Last modified on Thursday, 20 September 2018 15:38
Rate this item
(1 Vote)