Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကွက်သို့ မိုးကြက်သွန်နီများ အများအပြား ဝင်ရောက်လာ

Unicode


ဈေးကွက်သို့ မိုးကြက်သွန်နီများ အများအပြား ဝင်ရောက်လာ


မကွေးတိုင်းဒေသကြီး ပခုက္ကူဈေးကွက်သို့ ရေစကြိုမြို့နယ်ထွက် မိုးကြက်သွန်နီ အမြောက်အမြား ဝင်ရောက်နေပြီဖြစ်ကြောင်း ပခုက္ကူကြက်သွန် ပွဲရုံများထံမှ သိရသည်။


ဆောင်းကြက်သွန်နီဈေးကွက် ဈေးအမြင့်ဆုံး ရောက်နေချိန် မိုးကြက်သွန်နီများ အများအပြား ဝင်ရောက်လာခြင်းကြောင့် ဆောင်းကြက်သွန်နီ တစ်ပိဿာလျှင် ဈေးနှုန်း ငွေကျပ် ၂၇၀၀ ဈေးသာ ရှိတော့ကြောင်း ပခုက္ကူကြက်သွန်နီပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။


ရေစကြိုမြို့နယ်  မိုးကြက်သွန်နီစိုက် တောင်သူများသည် သြဂုတ်လ၊ စက်တင်ဘာလ အတွင်းက စိုက်ပျိုးထားသည့် မိုးကြက်သွန်နီများကို  နှစ်လခွဲ၊ သုံးလအကြာတွင် တူးဖော်ရောင်းချကြကြောင်း ရေစကြိုမြို့နယ် ဗလဗကျေးရွာ မိုးကြက်သွန်နီစိုက် တောင်သူဦးဇော်ဝင်းထံမှ သိရသည်။


မိုးကြက်သွန်နီပေါ်ခါစ တစ်ပိဿာလျှင်  ငွေကျပ် ၂၁၀၀ ရှိရာမှ ငါးရက်အကြာတွင် တစ်ပိဿာလျှင်ငွေကျပ်  ၁၇၀၀   အထိ ကျဆင်းသွားသည်။

 

Read More >>>>>  ကိုရီးယားက ထောက်ပံ့သော အဆင့်မြင့်ဆန်စက်စီမံကိန်းမှ ဝန်ဆောင်မှုလုပ်ငန်းများ ပေးတော့မည်


လက်ရှိတွင်    ပခုက္ကူဈေးကွက်သို့  ရေစကြိုမြို့နယ်ထွက်    ကြက်သွန်နီများ   တစ်ရက်လျှင် ပိဿာချိန်  ၁၀၀၀၀  ကျော် ဝင်ရောက်နေကြောင်း သိရသည်။

 

Food Catagories များ ရှာချင်ရင်တော့ ဤနေရာကိုနှိပ်ပါ။


အလှူမင်္ဂလာပွဲများတွင် ဆောင်းကြက်သွန်(ခေါ်) လှောင်ကြက်သွန်ဖြင့်သာ ကြက်သွန်ကြော်၊ ငါးခြောက်ကြော်  ကြော်ကြကြောင်း၊ မိုးကြက်သွန်သည် အပုပ်မြန်ခြင်း၊ လှောင်၍ မရခြင်းတို့ကြောင့် ဖော်ပြီး ချက်ချင်းရောင်း ချကြကြောင်း၊ မိုးကြက်သွန်များကို ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများနှင့် ကျွန်းမြေများ၊ ချင်းတွင်းမြစ် မြေနုကျွန်းများတွင် အမြောက်အမြား စိုက်ပျိုးကြကြောင်း သိရသည်။

 

Source: Myawaddy

 

 

 


 




 



 



 

Read More >>>>>  ကိုရီးယားက ထောက်ပံ့သော အဆင့်မြင့်ဆန်စက်စီမံကိန်းမှ ဝန်ဆောင်မှုလုပ်ငန်းများ ပေးတော့မည်

 



 

Food Catagories များ ရှာချင်ရင်တော့ ဤနေရာကိုနှိပ်ပါ။

 



 

Source: Myawaddy

Read times Last modified on Wednesday, 05 February 2020 15:21
Rate this item
(0 votes)