Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြောင်းဖူးတင်ပို့မှု အဝင်များနေသဖြင့် အောင်လံဒေသထွက် ပြောင်းဈေးနှုန်း အနည်းငယ်ကျဆင်း

ပြောင်းဖူးအဓိက တင်ပို့ရာနေရာဖြစ်သည့် ရန်ကုန်မြို့၌ ရာသီထွက်သီးနှံဖြစ်သည့် ပြောင်းဖူးများ ထွက်ချိန်တူညီနေပြီး အဝင်များနေသည့်အတွက်

မကွေးတိုင်းဒေသကြီး အောင်လံဒေသထွက် ပြောင်းဖူး အနည်းငယ် ဈေးနှုန်း ကျဆင်းနေကြောင်း ဒေသခံတောင်သူနှင့်ပြောင်းအဝယ်ဒိုင် များထံမှ သိရပါတယ်။

 


အောင်လံဒေသထွက် ပြောင်းများမှာ ရန်ကုန်မြို့ရှိ  သီရိမင်္ဂလာဈေးသို့ အဓိကတင်ပို့နေရပြီး သြဂုတ်လ ပထမပတ်ကစ၍ ပြောင်းဖူးလက်ကား  ဒိုင်သွင်းဈေးမှာ တစ်ဖူးလျှင်ငွေကျပ် ၁ဝဝ အထိဈေးပေါက်ခဲ့သော်လည်း ယခုသြဂုတ်လ အလယ်ပိုင်းတွင် ပြောင်းဖူးတစ်ဖူး ဈေးနှုန်းမှာငွေကျပ် ၇ဝ  သာပေါက်ဈေးရှိပါတယ်။

 


''သြဂုတ်လဆန်း ပြောင်းဖူးစပေါ်စက ဖြတ်တဲ့ဈေးဆိုမဆိုးဘူးပေါ့နော်။ အခုက ငွေကျပ် ၇ဝ ဈေးလောက်ဖြတ်မယ်ဆိုတော့ တောင်သူတွေအတွက် ဈေးကနည်းသွားတယ်။ ပြောင်းက နောက်ဆုံးငွေကျပ် ၈ဝ ဈေးလောက် ဆိုရင်တောင် မဆိုးပါဘူး။

 


လာကောက်တဲ့  ကုန်သည်တွေရဲ့ဈေးပါပဲ။ကိုယ်တွေကလည်း ရန်ကုန်ထိမှ တက်မရောင်းနိုင်တာ'' ဟု အောင်လံမြို့နယ် ကွမ်းလောင်းကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးသန်းဌေး ကပြောသည်။

 


ပြောင်းဖူးများမှာ စားသုံးသူ ဈေးကွက်ကို သာအဓိကအားပြုနေရပြီး ရာသီဥတုပေါ်တွင်လည်း မှီခိုအားထားနေရကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် လမ်းများပိတ်ပြီး ဝယ်လက်များ ဆင်းဝယ်ခြင်းမရှိလျှင်လည်း ဈေးနှုန်း ကျဆင်း တတ်ကြောင်း သိရပါတယ်။

 


 ''ဒီနှစ်အခြေအနေက ပထမပိုင်းလေးတော့ မဆိုးပါဘူး။ ပြောင်းဖူးအဝင်များပြီး အခုရက်ဈေးကျသွားတော့ နည်းနည်းတော့ ရှုံးတာပေါ့။ ကျွန်မတို့ဆီမှာက ရေသွင်းစိုက်တာမျိုးမဟုတ်ဘဲ  မိုးရေနဲ့ပဲစိုက်တာဆိုတော့ ပြောင်းချိုးတဲ့ရက်နဲ့ ထွက်ရက်ခြင်းကလည်း တူသွားတာပေါ့။အခြားဒေသတွေကလည်း  လာကြတယ်ဆိုတော့ ဆုံသွားတာပေါ့။

 

 

အဲဒီအခါကျတော့  စားသုံးသူဈေးကွက်က ထိန်းလို့မရတော့ဘူး။ ကုန်စိမ်းလည်းဖြစ်နေတော့ သွားထိန်းပြန်ရင်လည်း ပြောင်းဖူးက အချိုဓာတ်တွေ လျော့နည်းသွားမယ်။ အစိုဓာတ်တွေ လျော့နည်းသွားမယ်။

 

 

ဒါဆိုရင် စားသုံးသူတွေက မကြိုက်ကြတော့ ပြောင်းဖူးများ စိုက်ပျိုးပါက နှစ်လခွဲခန့် ကြာမြင့်ပြီး တစ်ဧကလျှင်မျိုးစေ့ဖိုး၊ အလုပ်သမားစရိတ်၊ ပိုးသတ်ဆေးစရိတ်များ စုစုပေါင်း ငွေကျပ်တစ်သိန်းခွဲမှ နှစ်သိန်းအထိ ကုန်ကျကာ  အထွက်နှုန်းကောင်းပါက တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၈ဝဝဝ အထိထွက်ရှိကြောင်း  ဒေသခံတောင်သူများထံမှ သိရပါတယ်။

 


Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:29
Rate this item
(3 votes)