Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းဆန်ဈေးကွက်

ပြည်တွင်းဆန်ဈေးကွက်ကို ပြည်ပတင်ပို့မှုအတွက် နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့လယ်ယာ

ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးကသာ ဆောင်ရွက်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတော်မှ ဆန်စပါးမူဝါဒချမှတ်ပြီးနောက်ပိုင်း တပ်မတော်အစိုးရက ရွေးချယ်ထားတဲ့ ကုမဏီများနှင့် ရေနက်ကွင်းလုပ်ငန်း အစရှိသည့် ကုမဏီများက ၂၀၀၈ ခုနှစ် မတိုင်မီအချိန်အထိ ပြည်ပဈေးကွက်သို့ တင်ပို့ခွင့်ရခဲ့ပါတယ်။

၂၀၀၈ မှ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ခွဲတမ်းစနစ်ဖြင့် အခြား လုပ်ငန်းရှင်များပါ လုပ်ပိုင်ခွင့်ရခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသလမ်းကြောင်းများမှ လွတ်လပ်စွာ တင်ပို့နိုင်ရန်အတွက် ပို့ကုန်လိုင်စင်များ လျှောက်ထားခွင့် ရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တွင် အီးယူက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခဲ့သည့်နောက်ပိုင်း ဥရောပဈေးကွက်သို့လည်း ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ကြပါတယ်။

ကမ္ဘာ့ဆန်ဈေးကွက်ကို ခန့်မှန်းရာတွင် ဆန်အများဆုံး တင်ပို့သူ ၅ နိုင်ငံနှင့် ဆန်အများဆုံး တင်သွင်းသူ ၅ နိုင်ငံတို့၏ ကုန်သွယ်မှု ပမာဏနှင့် လက်ကျန်ပမာဏတို့ကို အခြေခံ၍ ခန့်မှန်းကြပါတယ်။

၂၀၁၆ခုနှစ် အောက်တိုဘာလအတွင်း တင်ပို့သူ ၅ နိုင်ငံနှင့် ဆန်အများဆုံး တင်သွင်းသူ ၅ နိုင်ငံတို့၏ ဆန်လက်ကျန် အခြေအနေမှာUSDA စာရင်းအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ အောက်တိုဘာလရှိ ဆန်လက်ကျန်ပမာဏမှာ တန်ချိန် သုည ဒသမ ရှစ်ဆယ့်လေးသန်း ဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့အရန်ဆန်ပမာဏ၏ ခြောက်ဆယ့်တစ် ဒသမ ဆယ့်ရှစ်ရာခိုင်နှုန်းကို တရုတ်နိုင်ငံက သိုလှောင်ထားပြီး တင်ပို့သူ ၅ နိုင်ငံတွင် နှစ်ဆယ့်ငါး ဒသမ လေးရာခိုင်နှုန်း၊ တင်သွင်းသူ ၅ နိုင်ငံလက်ဝယ်တွင် ခြောက် ဒသမ ခြောက်ရာခိုင်နှုန်းသာ လက်ဝယ်ရှိကြောင်း သိရပါတယ်။

တင်ပို့သူ ၅ နိုင်ငံ၏ လက်ဝယ်ပမာဏတွင် ယင်းတို့ တင်ပို့ သော ၂၀၁၆ ခုနှစ်၊ တင်ပို့ပမာဏ ခန့်မှန်းတန်ချိန် သုံးဆယ့်နှစ် ဒသမ ငါးသန်းအောက်နှင့် တင်သွင်းသူ ၅ နိုင်ငံ၏ လက်ကျန် ပမာဏသည် ယင်းတို့တင်ပို့သော ၂၀၁၆ ခုနှစ်၊ တင်သွင်းပမာဏ ခန့်မှန်းတန်ချိန် ခုနစ်သန်းနှင့် အနည်းငယ်သာ ပိုနေသည်ကို တွေ့မြင်နိုင်ပါ တယ်။

ဈေးကွက်သဘောတရားနှင့် လက်ရှိလက်ကျန် ပမာဏများအရ ဈေးကွက်ပြောင်းလဲမှုမှာ အနည်းငယ်သာရှိကြောင်း သိရပါတယ်။

Source: commerce

Read times Last modified on Thursday, 06 September 2018 16:34
Rate this item
(1 Vote)