Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲပင်များ ရေနစ်မြုပ်၍ မျိုးပဲ ဈေးမြင့်တက်

Unicode


ပဲပင်များ ရေနစ်မြုပ်၍ မျိုးပဲ ဈေးမြင့်တက်


ရန်ကုန်တိုင်းဒေသကြီး၌ နိုဝင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကြဲထားသည့် ပဲပင်များ ရေနစ်မြုပ်ပြီး ပဲပင်များ ဆုံးရှုံးကာ မျိုးပဲဈေးနှုန်း မြင့်တက်လာကြောင်း    ရန်ကုန်တိုင်းဒေသကြီး  ကျောက်တန်းမြို့နယ်ရှိ  တောင်သူများ၏ ပြောဆိုချက်အရ သိရသည်။


အိန်္ဒိယနိုင်ငံမှ  ပဲများကို  သတ်မှတ်တန်ချိန်ထက် ပိုမိုဝယ်ယူနေသောကြောင့် တောင်သူများ ပဲမျိုးစေ့ကိုတိုး၍ စိုက်ပျိုးထားသော်လည်း  ပြီးခဲ့သည့် တစ်ပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲပင်များ ရေနစ်မြုပ်ကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


““တချို့တောင်သူတွေက ပဲကြဲပြီးသွားပြီ။ မိုးကြီးတော့ ပဲပင်တွေရေနစ်ပြီး ပထမ ရာသီမှာ  ကြဲလိုက်တဲ့ပဲက  ရေမြုပ်သွားတယ်။ လယ်သမားတွေမှာ  စုထားတဲ့မျိုးတွေလည်း ကုန်ပြီ။ ပဲထပ်စိုက်ချင်ပေမယ့် အခုမျိုးဈေးက    မြင့်တက်နေတယ်။ မိုးရွာလိုက်တဲ့အတွက် အပင်ကမြေကျပ်ပြီး ခါးတွေပြတ်ထွက်ကုန်တယ်”” ဟု  ကျောက်တန်းမြို့နယ်မှ  လယ်သမား ကိုဂျေမီက ပြောသည်။


ယခင်က မျိုးပဲတစ်အိတ်လျှင် ငွေကျပ်တစ်သောင်း ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ခြောက်သောင်းမှ  ခုနစ်သောင်းဝန်းကျင် အထိရှိပြီး မျိုးပဲသည် ပြုပြင်ထိန်းသိမ်း ရသည့်အတွက် ထိန်းသိမ်းစရိတ်ကြောင့် ဈေးကောင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

 

Read More >>>>>   ငွက္ေပ်ာသီး အစိမ္းရဲ႕ လူသိနည္းတဲ့ ေကာင္းက်ိဳးမ်ား


ကျောက်တန်းမြို့နယ်၌ လက်ရှိ   ပဲတီစိမ်းကို အဓိကစိုက်ပျိုးပြီး   မတ်ပဲစိုက်ပျိုးရန်  ပြင်ဆင်နေသော်လည်း ရာသီဥတု အခြေအနေကို   ဆက်လက်စောင့်ကြည့်နေရသည်။


အိန်္ဒိယနိုင်ငံမှ ပဲဝယ်ယူမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  မှာယူမှုများရှိသောကြောင့် တောင်သူများ တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း   မိုးကြောင့်   ဆုံးရှုံးမှုများနှင့် တွေ့ကြုံနေရကြောင်း သိရသည်။


Source: Myawaddy

 

 

 

ပဲပင္မ်ား ေရနစ္ျမဳပ္၍ မ်ဳိးပဲ ေစ်းျမင့္တက္

 

ရန္ကုန္တိုင္းေဒသႀကီး၌ ႏို၀င္ဘာလအတြင္း မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ႀကဲထားသည့္ ပဲပင္မ်ား ေရနစ္ျမဳပ္ၿပီး ပဲပင္မ်ား ဆုံး႐ႈံးကာ မ်ဳိးပဲေစ်းႏႈန္း ျမင့္တက္လာေၾကာင္း    ရန္ကုန္တုိင္းေဒသႀကီး  ေက်ာက္တန္းၿမိဳ႕နယ္ရွိ  ေတာင္သူမ်ား၏ ေျပာဆိုခ်က္အရ သိရသည္။


အိႏ္ၵိယႏိုင္ငံမွ  ပဲမ်ားကို  သတ္မွတ္တန္ခ်ိန္ထက္ ပုိမုိ၀ယ္ယူေနေသာေၾကာင့္ ေတာင္သူမ်ား ပဲမ်ဳိးေစ့ကိုတုိး၍ စုိက္ပ်ဳိးထားေသာ္လည္း  ၿပီးခဲ့သည့္ တစ္ပတ္က မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ပဲပင္မ်ား ေရနစ္ျမဳပ္ကာ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။


““တခ်ဳိ႕ေတာင္သူေတြက ပဲႀကဲၿပီးသြားၿပီ။ မုိးႀကီးေတာ့ ပဲပင္ေတြေရနစ္ၿပီး ပထမ ရာသီမွာ  ႀကဲလုိက္တဲ့ပဲက  ေရျမဳပ္သြားတယ္။ လယ္သမားေတြမွာ  စုထားတဲ့မ်ဳိးေတြလည္း ကုန္ၿပီ။ ပဲထပ္စုိက္ခ်င္ေပမယ့္ အခုမ်ဳိးေစ်းက    ျမင့္တက္ေနတယ္။ မုိးရြာလုိက္တဲ့အတြက္ အပင္ကေျမက်ပ္ၿပီး ခါးေတြျပတ္ထြက္ကုန္တယ္”” ဟု  ေက်ာက္တန္းၿမိဳ႕နယ္မွ  လယ္သမား ကုိေဂ်မီက ေျပာသည္။


ယခင္က မ်ဳိးပဲတစ္အိတ္လွ်င္ ေငြက်ပ္တစ္ေသာင္း ရွိခဲ့ရာမွ ယခုအခါ ေငြက်ပ္ ေျခာက္ေသာင္းမွ  ခုနစ္ေသာင္း၀န္းက်င္ အထိရွိၿပီး မ်ဳိးပဲသည္ ျပဳျပင္ထိန္းသိမ္း ရသည့္အတြက္ ထိန္းသိမ္းစရိတ္ေၾကာင့္ ေစ်းေကာင္းေနျခင္း ျဖစ္ေၾကာင္း သိရသည္။

 

Read More >>>>>   ငွက္ေပ်ာသီး အစိမ္းရဲ႕ လူသိနည္းတဲ့ ေကာင္းက်ိဳးမ်ား


ေက်ာက္တန္းၿမိဳ႕နယ္၌ လက္ရွိ   ပဲတီစိမ္းကို အဓိကစုိက္ပ်ဳိးၿပီး   မတ္ပဲစုိက္ပ်ဳိးရန္  ျပင္ဆင္ေနေသာ္လည္း ရာသီဥတု အေျခအေနကုိ   ဆက္လက္ေစာင့္ၾကည့္ေနရသည္။


အိႏ္ၵိယႏိုင္ငံမွ ပဲ၀ယ္ယူမႈႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ  မွာယူမႈမ်ားရွိေသာေၾကာင့္ ေတာင္သူမ်ား တုိးခ်ဲ႕စုိက္ပ်ဳိးခဲ့ေသာ္လည္း   မိုးေၾကာင့္   ဆုံး႐ႈံးမႈမ်ားႏွင့္ ေတြ႕ႀကံဳေနရေၾကာင္း သိရသည္။


Source: Myawaddy

Read times Last modified on Thursday, 06 February 2020 16:37
Rate this item
(0 votes)