Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တန်ချိန် ၁၃ သန်းခန့် ဆန်ထုတ်လုပ်၍ သုံးသန်းနီးပါး ပြည်ပသို့တင်ပို့

နှစ်စဉ် ပြည်တွင်းတွင် ဆန်တန်ချိန် ၁၃ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး တန်ချိန်သုံးသန်းနီးပါး ပြည်ပသို့

တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူးထံမှ သိရပါတယ်။

 

ယင်းအပြင် ကမ္ဘာ့ဆန်လက်ကျန်မှာ တန်ချိန် သန်း ၁၇၀ ခန့်အထိရှိလာပြီး ယင်းလက်ကျန်၏ ၆၀% ခန့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ National Reserve ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အရန်ဆန်ကို ထုတ်ရောင်းပါက ကမ္ဘာ့ဆန်ဈေးကွက်အပေါ် ကြီးမားစွာ ထိခိုက်နိုင်ကြောင်း၊ ပြည်တွင်းမှ ဆန်ကို ပြည်ပဈေးကွက်သို့ တင်ပို့မှုကိုလည်း ထိခိုက်စေနိုင်သည့်အတွက် ယင်းအခြေအနေများမှ လျော့နည်းစေရန် အစိုးရချင်း G to G MoU လက်မှတ်များ ရေးထိုးခြင်း၊ သိုလှောင်ရုံများ တည်ဆောက်၍ ကြိုတင်လုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ဆန်သုံးစွဲမှုမှာ တစ်နှစ်လျှင် သန်း ၅၀၀ နီးပါးအထိ တိုးတက်ရောက်ရှိနေပြီး နိုင်ငံအသီးသီး၏ ပြည်ပတင်ပို့မှုပမာဏမှာ ၄၆ သန်းခန့်သာရှိကြောင်း သိရပါတယ်။

 

မြန်မာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းအခြေအနေများထက် အထွက်နှုန်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်တို့တွင် လည်း အခက်အခဲများရှိကြောင်း သိရပါတယ်။

 

ယင်းသို့ ထုတ်လုပ်မှု ကုန်ကျစရိတ် များပြားခြင်းကြောင့် တောင်သူများမှာ ၀င်ငွေနှင့် အကျိုးအမြတ်ရရှိမှုလျော့နည်းနေကြောင်း ရာသီဥတု ပြောင်းလဲမှု၊ အပင်များတွင် ပိုးမွှားများ ကျရောက်မှုစသည့် အခြေအနေများက တောင်သူများအတွက် ဆုံးရှုံးမှုအလေအလွင့်များဖြစ်နေကြောင်း တောင်သူများ၏ ဆုံးရှုံးနိုင်မှုအခြေအနေမှ အကာအကွယ်ပေးရန် အာမခံစနစ် ဆောင်ရွက်ပေးသင့်ကြောင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 16:53
Rate this item
(1 Vote)