Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ပတ် အတွင်း အခြေခံ စားသောက်ကုန်များ၏ ဈေးကွက် အခြေအနေ

ဒီတစ်ပတ်မှာ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ စပါး၊ မတ်ပဲ (FAQ/RC)၊ ပဲစင်းငုံနီ၊ ပဲတီစိမ်း၊ စားသုံးဆီ၊ စားတော်ပဲနဲ့ ကြက်သွန်ဖြူတို့ရဲ့ ဈေးနှုန်း အတက်အကျ တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆန်၊စပါး

ဒီတစ်ပတ်   ဧရာဝတီတိုင်းဒေသကြီး ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းဆန်နဲ့ စပါး ဈေးနှုန်းတွေ  အနည်းငယ်မြင့်တက်လာပါ တယ်။  ရန်ကုန်က အ၀ယ်လိုက်တဲ့အပြင် ဒေသတွင်းစားသုံးမှုများတဲ့အတွက် တဖြည်းဖြည်း ဈေးမြင့်တက်လာတယ်လို့     သိရပါတယ်။

 

ပုသိမ်ပေါ်ဆန်း စပါးတင်း  ၁၀၀ကို  ငွေကျပ်  ၉၅၀၀၀၀ နဲ့ ငွေကျပ် ၁၅၀၀၀၊   ပုသိမ်ပေါ်ဆန်းဆန် တစ်အိတ်ကို  ငွေကျပ် ၄၄၀၀၀ နဲ့  ငွေကျပ် ၃၀၀၀ ဈေးမြင့်တက် လာပါတယ်။ တခြားပေါ်ဆန်း ဆန်နဲ့ ဆန် ကြမ်းဈေးနှုန်းတွေ ကတော့  အရင်တစ်ပတ် ဈေးနှုန်းအတိုင်း ငြိမ်နေပါတယ်။

 

မြောင်းမြပေါ်ဆန်း စပါးတင်း ၁၀၀ ကို  ငွေကျပ် ၉၃၈၀၀၀၊ မြောင်းမြပေါ်ဆန်းဆန် တစ်အိတ်ကို ငွေကျပ် ၄၄၀၀၀၊ မြောင်းမြ ဧည့်မထ  စပါးတင်း  ၁၀၀  ကို  ငွေကျပ် ၆၀၇၀၀၀၊ မြောင်းမြဧည့်မထဆန်တစ်အိတ် ကို ငွေကျပ် ၂၄၀၀၀၊ ဒေးဒရဲပေါ်ဆန်းစပါး တင်း ၁၀၀ကို ငွေကျပ် ၈၉၃၀၀၀၊ ဒေးဒရဲ ပေါ်ဆန်းဆန်တစ်အိတ်ကို ငွေကျပ် ၄၁၀၀၀၊ ဒေးဒရဲ ဧည့်မထ စပါးတင်း ၁၀၀ ကို  ငွေ ကျပ် ၅၇၉၀၀၀၊ ဒေးဒရဲဧည့်မထဆန်တစ် အိတ်ကို  ငွေကျပ်  ၂၄၀၀၀  နဲ့  အသီးသီး ဈေးငြိမ်နေပါတယ်။  ဖျာပုံပေါ်ဆန်းစပါး တင်း ၁၀၀ ကို  ငွေကျပ် ၉၀၂၀၀၀၊ ဖျာပုံ ပေါ်ဆန်းဆန်တစ်အိတ်ကို  ငွေကျပ် ၄၁၀၀၀၊  ဖျာပုံဧည့်မထ စပါးတင်း ၁၀၀ ကို  ငွေကျပ် ၅၇၉၀၀၀၊ ဖျာပုံဧည့်မထ ဆန်တစ်အိတ်ကို ငွေကျပ် ၂၄၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။

 

ရန်ကုန်ဝါးတန်း ကုန်စည်ဒိုင်မှာ  ဆန်ကြမ်းရော ဆန်ချောပါ  ဈေးအကျဘက်ကို ဦးတည်နေပါတယ်။ အရင် တစ်ပတ်က   ပေါ်ဆန်းရှယ် တစ်အိတ်ကို ငွေကျပ် ၃၈၀၀၀ ကနေ  ငွေကျပ်  ၄၀၀၀၀  အတွင်းရှိပြီး ဒီတစ်ပတ်မှာ ငွေကျပ် ၂၀၀၀ ဈေး ကျဆင်း ခဲ့ပါတယ်။ ရက် ၉၀ ဆန်ကလည်း တစ်အိတ် ကို ငွေကျပ် ၂၀၅၀၀ ကနေ ငွေကျပ် ၂၁၅၀၀ အတွင်းရှိပြီး ငွေကျပ်  ၁၅၀၀  ဈေးကျဆင်း ခဲ့ပါတယ်။

 

ဆန်ကြမ်းဖြစ်တဲ့  နွေသီးထပ် ကတော့ တစ်အိတ်ကို ငွေကျပ် ၂၀၀၀၀ ကနေ ငွေကျပ်  ၂၂၀၀၀ အတွင်းရှိပြီး ငွေကျပ် ၂၀၀၀  ၀န်းကျင် ဈေးမြင့် တက်လာပါတယ်။

 

မတ်ပဲ (FAQ/RC)

ဒီတစ်ပတ် မတ်ပဲဈေးကတော့ ဈေးပြန် ကျဆင်းခဲ့ပါတယ်။   ရန်ကုန်ဈေးကွက်မှာ မတ်ပဲတစ်တန်ကို  ငွေကျပ်  ၇၉၃၀၀၀ ပေါက်ဈေးရှိပြီး  ငွေကျပ်  ၃၇၀၀၀ ဈေး ကျဆင်းခဲ့ပါတယ်။ အိန်္ဒိယနိုင်ငံမှာ မတ်ပဲ ဈေးအနည်းငယ်ကျဆင်းခဲ့ပြီး မြန်မာ့မတ်ပဲ ကို  ထိန်းဝယ်ယူနေတာကြောင့်  ဈေးပြန် ကျဆင်းတာဖြစ်တယ်လို့ ပဲကုန်သည်တချို့ ထံကသိရပါတယ်။  မော်လမြိုင်ဈေးကွက်မှာ မတ်ပဲတစ်ပိဿာကို ငွေကျပ် ၁၄၀၀ ပေါက် ဈေးရှိပြီး ငွေကျပ် ၅၀ ဈေးတက်ခဲ့ ပါ တယ်။ နေပြည်တော် ဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ (သုံးတင်း)ကို  ငွေကျပ်  ၇၇၀၀၀  နဲ့ ဈေးငြိမ်နေပါတယ်။

 

ပဲစင်းငုံနီ

ဒီတစ်ပတ်မှာ  ပဲစင်းငုံနီ  ဈေးပြန်အေး သွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ တစ်တန်ကို  ငွေကျပ်  ၉၃၃၀၀၀  ဈေးရှိပြီး ငွေကျပ် ၃၀၀၀၀ ၀န်းကျင် ဈေးပြန်ကျဆင်း ခဲ့ပါတယ်။

 

ပဲတီစိမ်း

ဒီတစ်ပတ် ပဲတီစိမ်းကတော့ ပြည်ပ၀ယ် လက် ပုံမှန်ရှိနေတာကြောင့်  တစ်အိတ်ကို   ငွေကျပ် ၁၁၀၀၀၀ ကနေ ငွေကျပ် ၁၃၀၀၀၀  အတွင်း ဈေးငြိမ်နေပါတယ်။  ပဲတီစိမ်းကို  တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့က အဓိက ၀ယ်ယူနေတာဖြစ်ပြီး လက်ရှိမှာ အိနိ္ဒယနိုင်ငံ ဘက်က  အရည်အသွေးနိမ့်တဲ့  ပဲတီစိမ်း အမျိုးအစားတွေကို  ရွေးချယ်ဝယ်ယူနေတယ် လို့ သိရပါတယ်။

 

အောင်လံ ကုန်စည်ဒိုင်မှာ   ပဲတီစိမ်း တစ်အိတ်ကို ငွေကျပ် ၁၁၀၀၀၀ ပေါက်ဈေး ရှိပြီး  အရင်တစ်ပတ်နဲ့ယှဉ်ရင်  ငွေကျပ် ၆၀၀၀ ဈေးမြင့်တက်လာပါတယ်။ ပခုက်္ကူ ကုန်စည်ဒိုင်မှာ ပဲတီစိမ်း (ကြီး) တစ်ပိဿာကို ငွေကျပ် ၁၇၆၃ ကျပ်ပေါက် ဈေးရှိပြီး တစ် ပိဿာကို ငွေကျပ် ၃၀ ဈေးမြင့်တက်နေပါ တယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်း(ကြီး) တစ်တင်းကို ငွေကျပ် ၃၂၇၅၀ ပေါက်ဈေးရှိပြီး ငွေကျပ် ၁၂၅၀ ဈေးမြင့်တက်လာပါတယ်။

 

စားသုံးဆီ

ဒီတစ်ပတ်မှာ  စားသုံးဆီဈေးနှုန်းတွေ  မြင့်တက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာမူရင်းလက်ကားဈေးတစ်ပိဿာကို ငွေကျပ် ၁၄၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို  ၅ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။  အရင်တစ်ပတ် နဲ့ နှိုင်းယှဉ်ရင်တော့ ၂၅ ကျပ် ဈေးမြင့်တက် လာတာတွေ့ရပါတယ်။  မုံရွာကုန်စည်ဒိုင်မှာ စားအုန်းဆီတစ်ပိဿာကို  ငွေကျပ်  ၁၅၃၀ ပေါက် ဈေးရှိပြီး ငွေကျပ် ၃၀ ဈေးမြင့်တက် လာပါတယ်။ ပခုက်္ကူဈေးကွက်မှာ စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၁၆၇၀ နဲ့ ဈေးငြိမ် နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ  နှမ်းဆီ တစ်ပိဿာကို  ငွေကျပ်  ၇၅၀၀  ပေါက် ဈေးရှိပြီး   ငွေကျပ်  ၂၀၀၊   မြေပဲဆီ  တစ်ပိဿာကို ငွေကျပ် ၆၃၀၀ နဲ့ ငွေကျပ် ၂၀၀  ဈေးမြင့်တက်နေပါတယ်။  မုံရွာ ကုန်စည်ဒိုင်မှာ မြေပဲဆီ တစ်ပိဿာကို ငွေ ကျပ် ၆၇၀၀ ရှိပြီး ငွေကျပ် ၂၀၀ ဈေးမြင့် တက်လာပါတယ်။  နှမ်းဆီ ကတော့  တစ်ပိဿာကို ငွေကျပ် ၆၅၀၀ နဲ့ ဈေးငြိမ် နေပါတယ်။

 

စားတော်ပဲ

ဒီတစ်ပတ်မှာ စားတော်ပဲက မုံရွာကုန်စည် ဒိုင်မှာ  ဈေးပြန်တက်နေပါတယ်။  ပိဿာ  ၂၀(တစ်တင်း)ကို ငွေကျပ် ၂၃၀၀၀ ပေါက်ဈေး ရှိပြီး  ငွေကျပ် ၁၅၀၀ ဈေးမြင့်တက်လာပါ တယ်။  ရန်ကုန်ဈေးကွက်မှာ  စားတော်ပဲ တစ်ပိဿာကို  ငွေကျပ် ၁၃၈၀ ကနေ ၁၄၃၅ ကျပ်အတွင်းရှိပြီး  ငွေကျပ်  ၈၀  ၀န်းကျင် ဈေးမြင့်တက်လာပါတယ်။

 

ကြက်သွန်ဖြူ

ဒီတစ်ပတ်မှာ    ကြက်သွန်ဖြူကတော့  ဈေးငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်ကို ကြက်သွန်ဖြူပုံမှန် ၀င်ရောက် နေပေ မယ့် မိုးများပြီး  လက်လီ အရောင်းအ၀ယ်ပါးတာ ကြောင့် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။

 

ကြက်သွန်ဖြူ  (ကြူကုတ်)  တစ်ပိဿာ ကို  ငွေကျပ် ၃၃၀၀ ကနေ ငွေကျပ် ၃၄၀၀၊ ကြက်သွန်ဖြူ  (အောင်ပန်း) ထူး တစ်ပိ ဿာ ကို ငွေကျပ် ၁၉၀၀ ကနေ ၃၁၀၀ အတွင်း ရှိပြီး ငွေကျပ် ၂၀၀ ၀န်းကျင်  ဈေးကျဆင်း နေပါတယ်။ မြင်းခြံ ဈေးကွက်မှာတော့  ကြက် သွန်ဖြူ (ရှမ်း) တစ်ပိဿာကို ငွေကျပ် ၂၄၀၀၊  ကြက်သွန်ဖြူ  (ကြူကုတ်)  တစ်ပိဿာကို ငွေကျပ်  ၃၅၀၀  နဲ့  ဈေးငြိမ် နေပါတယ်။ မော်လမြိုင်ဈေးကွက်မှာ   ကြက်သွန်ဖြူ(ရှမ်း)  တစ်ပိဿာကို  ငွေကျပ်   ၂၂၅၀ ပေါက်ဈေးရှိပြီး ငွေကျပ် ၅၀၊ ကြက်သွန်ဖြူ  (ကြူကုတ်)  တစ်ပိဿာကို  ငွေကျပ်  ၃၄၀၀ ပေါက်ဈေးရှိပြီး ငွေကျပ် ၅၀ ဈေးကျ ဆင်းခဲ့ ပါတယ်။  

 

Source: Myawady

Read times Last modified on Friday, 02 August 2019 12:38
Rate this item
(1 Vote)