Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့သရက်သီးကို ရုရှားနိုင်ငံမှ လာရောက်ဝယ်ယူမည်ဟုသိရ

မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သော သရက်သီးများကို ရုရှားနိုင်ငံမှ ၀ယ်ယူရန် စိတ်ဝင်စားနေပြီး

မေလ ဒုတိယပတ်တွင် လာရောက်ဝယ်ယူမည်ဖြစ်ကြောင်း သရက်စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရပါတယ်။

 

ပြည်ပနိုင်ငံများက သရက်သီးဝယ်ယူရန် စိတ်ဝင်စားမှုကြောင့် ပြည်ပ၀ယ်လက်နိုင်ငံများ တိုးလာသည်နှင့်အမျှ ပြည်တွင်းရှိသရက်သီးများ ဈေးကောင်းရရှိလာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စိန်တစ်လုံးသရက်သီးကို ၀ယ်ယူရန် စိတ်ဝင်စားနေပြီး မနှစ်ကစ၍ နာမည်ရရှိလာကြောင်း သရက်သီးပေါ်ချိန်တွင် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အကျိုးအမြတ်ဖြစ်စေပြီး အရည်အသွေးပိုင်း ကောင်းမွန်စေရေးနှင့် နည်းပညာလိုအပ်ချက်များကို ဖြည်ဆည်းသွားရန်လိုကြောင်း သိရပါတယ်။

 

ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သော စိန်တစ်လုံးသရက်သီးမှာ ရာသီဥတုဖောက်ပြန်မှုများကြောင့် မရင့်မှည့်မီ ကြွေကျမှုများရှိနေသည့်အတွက် အထွက်နှုန်းလျော့ကျလျှက်ရှိကြောင်း ပြည်ပငွေလဲလှယ်နှုန်း ကောင်းမွန်နေခြင်းကြောင့် သရက်သီးတစ်တန်လျှင် ငွေကျပ် ၂၄ သိန်းအထိ ဈေးကောင်း ရရှိလာနိုင်ကြောင်း ယင်းသရက်သီးကို တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့က အများဆုံးဝယ်ယူနေပြီး မနှစ်ဒီလိုအချိန်တွင် တရုတ်နိုင်ငံသို့ စိန်တစ်လုံးသရက်သီးတင်ပို့ရာတွင် တစ်တန်လျှင် ငွေကျပ် ၁၂ သိန်းမှ ၁၅ သိန်း ၀န်းကျင်ရရှိခဲ့ရာ ယခုနှစ်တွင် ငွေကျပ် သိန်း ၂၀ ခန့်အထိ ဈေးနှုန်းရရှိနေကြောင်း သိရပါတယ်။

 

မနှစ်က သရက်သီးရာသီတွင် စိန်တစ်လုံးသရက်သီး အိတ်စွပ် ၁၅ ကီလိုတစ်ဖာလျှင် ယွမ် ၈၀ မှ ၁၂၀ ခန့်၊ အိတ်စွပ်မပါ တစ်ဖာလျှင် ယွမ် ၅၀ မှ ၇၀ ခန့် ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် အိတ်စွပ်တစ်ဖာလျှင် ယွမ် ၁၀၀ မှ ၁၅၀ ခန့်၊ အိတ်စွပ်မပါတစ်ဖာလျှင် ယွမ် ၆၀ မှ ၈၀ ခန့် ဈေးရရှိကြောင်း သိရပါတယ်။

 

Source: မြ၀တီ

Read times Last modified on Tuesday, 25 September 2018 09:03
Rate this item
(0 votes)