Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် တစ်သိန်း တင်ပို့ရန်အတွက် ရန်ကုန်ဈေးကွက်အတွင်း ဆန်ကွဲဝယ်ယူ စုဆောင်းမှုများ ရှိလာ

တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် တစ်သိန်းတင်ပို့ရန်  MoU    လက်မှတ် ရေးထိုးထားသဖြင့် ဆန်ကွဲဝယ်ယူ စုဆောင်းမှုများ ရှိလာပြီး ရန်ကုန်ဈေးကွက်သို့ 

ဆန်ကွဲအဝင် ရှိသလောက် ကုန်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း  (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦး၏ ပြောပြချက်အရ သိရသည်။

 

''ဆန်ကွဲအကြီးကို ဝယ်ယူစုဆောင်းမှုတွေ ရှိနေတယ်။ တရုတ်နိုင်ငံကို ပင်လယ် ရေကြောင်းကနေ တစ်ဆင့် ဆန်ကွဲအကြီး တင်ပို့တယ်။လောလောဆယ်တော့  ပြင်ဆင်ထားတဲ့ အနေအထားပဲ ရှိပါသေးတယ်။ ဝယ်တဲ့သူတွေက ဆန်ကွဲကို ဈေးပေးပြီး ဆန်ကိုတော့ ဈေးမပေးဘူး'' ဟု ဦးသန်းဦး ကပြောသည်။

 

တစ်နိုင်ငံလုံး၌  တစ်နှစ်လျှင်  ဆန်ကွဲ ထွက်ရှိမှု တန်ချိန်  ခုနစ်သိန်းခန့်သာ ရှိပြီး   တန်ချိန်တစ်သိန်း တင်ပို့ရမည်ဖြစ်၍ ယခုကဲ့သို့ ဝယ်ယူစုဆောင်းခြင်းဖြစ်သည်။

 

Read More >>>>>  စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိရေး ကွင်းဆင်းညှိနှိုင်း ဆွေးနွေး

 

''ဆန်ကွဲအသေးကို အရက်ချက်စက်ရုံတွေနဲ့  မွေးမြူရေးအစာအဖြစ် သုံးတယ်။ အဝယ်အေးတော့   ဈေးကွက်နည်းနည်း အေးတယ်'' ဟု ဦးသန်းဦး ကပြောသည်။

 

သြဂုတ်  ၁၅   ရက်က  ဘုရင့်နောင် ကုန်စည်ဒိုင်သို့      ဆန်ကွဲအိတ်ရေ တစ်သောင်းဝန်းကျင် ဝင်ရောက်လျက် ရှိပြီး ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၁၄ဝဝဝ မှ ၁၅၈ဝဝ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

 

Source: Myawady

Read times Last modified on Saturday, 17 August 2019 07:16
Rate this item
(1 Vote)