Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ထောပတ်သီး တန်ချိန် ငါးသောင်းဝယ်ယူရန် တရုတ်ကမ်းလှမ်း

မြန်မာ့ထောပတ်သီးကို တစ်နှစ်လျှင် တန်ချိန် ငါးသောင်းဝယ်ယူရန် တရုတ်ကုန်သည်များက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးအသင်းထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အထိ မူဆယ်မြို့တွင်ပြုလုပ်သည့် မြန်မာ-တရုတ် ချစ်ကြည်ရေး ကုန်စည်ပြပွဲတွင် ဝယ်ယူရန်ကမ်းလှမ်းခြင်းဖြစ်ပြီး တစ်တန်လျှင် ဆိပ်ကမ်းအရောက် ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁၂၀၀ ဖြင့် အကြမ်းဖျင်း အမေရိကန် ဒေါ်လာသန်း ၆၀ ဖိုး ဝယ်ယူရန် ကမ်းလှမ်းခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

 

တရုတ်နိုင်ငံက ထောပတ်သီးဝယ်ယူရန် ကမ်းလှမ်းသော်လည်း တရုတ်နိုင်ငံ၊ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ကွပ်ကဲရေးဝန်ကြီးဌာန၏စာရင်းတွင် စာရင်းမဝင်ခြင်းနှင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးအချို့သည်
အရည်အသွေးနိမ့်သောကြောင့် လတ်တလောတွင် တင်ပို့ရောင်းချနိုင်မည် မဟုတ်သေးကြောင်း မြန်မာနိုင်ငံ ထောပတ်သီးအသင်းထံမှ သိရသည်။

 

တရုတ်နိုင်ငံသို့ ထောပတ်သီးများ တရားဝင် ရောင်းချနိုင်ရန်အတွက်လည်း တရုတ်ကုမ္ပဏီများက တရုတ်အစိုးရထံ ဝယ်ယူခွင့်လျှောက်ထားခြင်း၊ မြန်မာအစိုးရနှင့် ထောပတ်သီးအသင်းမှ တာဝန်ရှိသူများ ရောင်းချခွင့်ရရန် ဆွေးနွေးလျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများသည် ကိုင်းခြောက်ရောဂါနှင့် မြစ်ပုပ်ရောဂါများကြောင့် ပယ်သီးများနှင့် အသီးအညှာပုပ်များကာ ဈေးရရှိမှုနည်းပါးပြီး ပြည်ပတင်ပို့မှုလည်း လျော့ကျနိုင်ကြောင်း ထောပတ်သီး လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

 

၂၀၁၈ ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှ ကိုင်းဆက်နည်းပညာဖြင့် မျိုးပွားစိုက်ပျိုးထားသည့် Hass ထောပတ်သီးမျိုးများသည် ၂၀၂၀ ပြည့်နှစ်မှသာ ဈေးကွက်တင် ရောင်းချနိုင်မည်ဖြစ်ပြီး ပြည်ပတင်ပို့ရာတွင် ထောပတ်သီးတစ်တန်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ ၉၀၀ ခန့် ပေါက်ဈေးရရှိကာ ပြည်တွင်းတွင် ၃၀၀ ဂရမ်မှ ၅၀၀ ဂရမ်ရှိ ထောပတ်သီးတစ်လုံးကို ၁၂၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံ စမ်းသိရှိရသည်။

 

ထောပတ်သီး အပင်များတွင်ကျရောက်သည့် အမှည့်မညီခြင်း၊ ကိုင်းခြောက်ရောဂါနှင့် မြစ်ပုပ်ရောဂါများကြောင့် အသီးထုပ်ပိုးစက်ရုံများ တည်ဆောက်ခြင်း၊ အမှည့်ညီ၊ အမှည့်ခံသိုလှောင်ရုံနှင့် နည်းပညာများပေးရန်လိုအပ်ပြီး လာ
မည့် ဖေဖော်ဝါရီလလယ်တွင်လည်း ထောပတ်သီး အစည်းအဝေးပြုလုပ်ကာ ဝိုင်းဝန်းဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးအသင်းထံမှ သိရသည်။

 

Source : The Voice

Read times Last modified on Monday, 07 January 2019 11:15
Rate this item
(1 Vote)