Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ချင်းပြည်နယ်ထွက် စတော်ဘယ်ရီဈေးကောင်းရ၊ စိုက်ပျိုးသူများအဆင်ပြေ

ချင်းပြည်နယ် ဟားခါးမြို့နယ် ထန်တလန် ချွန်ကျုံးဒေသ စတော်ဘယ်ရီစိုက်ခင်းများမှထွက်ရှိသော စတော်ဘယ်ရီသီးများ ယခုနှစ် ရာသီဥတုကောင်းမွန်သည့်အတွက်

အထွက် နှုန်းကောင်းမွန်ပြီး ဈေးကောင်းရ၍ စတော် ဘယ်ရီစိုက်ပျိုးသူများ ဝင်ငွေကောင်းအဆင် ပြေလျက်ရှိကြောင်း ထန်တလန်မြို့ စတော် ဘယ်ရီစိုက်တောင်သူ ဦးဟင်နရီရှန်ဘစ်ကျုံးက ပြောဆိုသည်။

 


 ဝယ်ယူ

"ကျွန်တော်တို့ ချင်းတောင်မှာ စတော် ဘယ်ရီစိုက်ပျိုးနေတာကတော့ လွန်ခဲ့တဲ့နှစ် ၄၀၊ ၅၀ ဝန်းကျင်က စတင်စိုက်ပျိုးနေတာ ဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင်အခင်းတွေဖြစ်ပါ တယ်။ အခုကတော့ ချင်းပြည်နယ်မှာနေရာ အနှံ့ စိုက်ပျိုးမှုရှိနေပြီး ထွက်လာတဲ့ စတော် ဘယ်ရီသီးတွေကိုလည်း ဈေးကွက်ရှိရာ တင်ပို့ ရောင်းချတာမျိုးရှိသလို ကျွန်တော်တို့ စတော် ဘယ်ရီစိုက်ခင်းမှာ လာပြီးဝယ်ယူတာတွေလည်း ရှိပါတယ်။ အခု ကျွန်တော်တို့စိုက်ခင်းတွေ မှာတော့ ဈေးကွက်ကိုသွားပြီး ရောင်းချရတာ မျိုးမဟုတ်ပါဘူး။ စိုက်ခင်းမှာပဲ ထွက်ရှိသမျှ စတော်ဘယ်ရီသီးတွေ အကုန်ရောင်းနေရပါ တယ်"ဟု ၎င်းက ပြောဆိုသည်။

 

အများအပြားစိုက်

 ချင်းပြည်နယ်တွင် စတော်ဘယ်ရီစိုက်ပျိုး မှုကို တီးတိန်မြို့နယ် သိုင်းငင်း၊ ဆိုဇန်၊ ဘန်းတဲ့ ဒေသများတွင် စိုက်ပျိုးမှုများပြီး ၂၀၁၅ခုနှစ် မှစတင်၍ ဖလမ်းမြို့နယ်တွင်လည်းကောင်း၊ဟားခါးမြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်မြို့နယ်တို့တွင် အများအပြား စိုက်ပျိုးကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

"ချင်းပြည်နယ်မှာ စိုက်ပျိုးတဲ့စတော်ဘယ် ရီပင်တွေက မေမြို့ဘက်ကနေမှာယူပြီး စိုက်ပျိုး တာဖြစ်ပါတယ်။ အခုလေး၊ ငါးနှစ်အတွင်း တိုးချဲ့ စိုက်ပျိုးမှုများပြားပါတယ်။ ထွက်ရှိလာတဲ့ စတော်ဘယ်ရီသီးတွေကို ကလေးမြို့ဈေးကွက်၊ ဂန့်ဂေါ၊ ပခုက္ကူဈေးကွက်တွေက ရသလောက် ဝယ်ယူမှုရှိပေမယ့် အခုတော့ ကျွန်တော်တို့ ဟားခါးမြို့နယ်မှာ ချွန်ကျုံးရွာကထွက်တဲ့ စတော်ဘယ်ရီသီးဆိုရင် ရွာမှာလာဝယ်တဲ့သူ ရှိသလို ထန်တလန်ဘက်ကစိုက်ခင်းတွေဆို ရင်လည်း စိုက်ခင်းမှာသွားဝယ်နေတဲ့ သူရှိ တယ်။ အခုဆိုရင် ဟားခါးမြို့ဝန်းကျင်မှာလည်း စတော်ဘယ်ရီစိုက်ပျိုးသူ လေး၊ ငါးဦးရှိနေပြီ ဖြစ်တယ်"ဟု ၎င်းက ပြောဆိုသည်။

 

Read More >>>>>  ဆီးသီးဈေးကောင်း၍ မြေလတ်ဒေသတောင်သူများ အပိုဝင်ငွေရကြ

ချင်းပြည်နယ်ထွက် စတော်ဘယ်ရီသီးများ မှာ အလုံးလှပြီးအရသာကောင်းမွန်သည့် အတွက် ဝယ်ယူသူများပြားလျက်ရှိရာ စတော်ဘယ်ရီစိုက်ခင်းတွင် စတော်ဘယ်ရီသီးတစ် ပိဿာကို ကျပ် ၅၀ဝ၀ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ကလေးမြို့ဈေးကွက်နှင့် ဂန့်ဂေါ၊ ပခုက္ကူဈေးကွက်တွင် ချင်းတောင်ထွက် စတော်ဘယ်ရီသီးတစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့ ချင်းတောင်စတော်ဘယ်ရီ စိုက်ပျိုးရေးက အရင်းအနှီးများပါတယ်။ တစ်ဧကစိုက်ပျိုးစရိတ်ကျပ်သိန်း ၈၀ အထိ ကုန်ပါတယ်။ ကျွန်တော့်စိုက်ခင်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လက စတင်စိုက်ပျိုးခဲ့တာဖြစ်ပါ တယ်။ တစ်ဧကအပင် ၆၀ဝ၀ စိုက်ပါတယ်။ဇန်နဝါရီလကုန်ပိုင်းကစလို့ အသီးသီးပါတယ်။ပြုစုမှုကောင်းမွန်ရင် တစ်နှစ်ပတ်လုံးအသီးသီး ပါတယ်။ အခုရက်ပိုင်းမှာ တစ်ရက်ငွေကျပ် နှစ်သိန်းဝန်းကျင်အထိ ရောင်းရပါတယ်။ အခု လေးဧကလောက် စိုက်ပျိုးထားပါတယ်"ဟု စတော်ဘယ်ရီစိုက်ပျိုးသူတစ်ဦးက ပြောဆို သည်။

 

Source: MM Time

Read times Last modified on Monday, 18 March 2019 09:40
Rate this item
(1 Vote)