Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီးသီးဈေးကောင်း၍ မြေလတ်ဒေသတောင်သူများ အပိုဝင်ငွေရကြ

အညာမြေလတ်ဒေသထွက်ကုန်တစ်မျိုး ဖြစ်သော ဆီးသီးအစိုတစ်တင်း ကျပ် ၂,၈၀ဝ၊ အခြောက် တစ်တင်း ကျပ် ၃,၈၀ဝ ဈေးနှုန်း ဖြင့် ဈေးကောင်းပေး၍ ဆီးပွဲရုံများက ဝယ်ယူ လျက်ရှိသောကြောင့်

မကွေး၊ နတ်မောက်၊ မြို့သစ်၊ ရေနံချောင်း၊ ချောက်၊ စလေ၊ ကျောက်ပန်းတောင်းနှင့် ညောင်ဦး စသော အညာမြေလတ်ဒေသ ဆီးစိုက်တောင်သူများ၊ ဆီးပင်ပိုင်ရှင်များအနေဖြင့် တစ်ဦးလျှင် ကျပ် ၅၀,ဝ၀ဝ မှ ကျပ် ၃၀ဝ,ဝ၀ဝ ကျော်အထိ အပို ငွေရရှိနေကြောင်း သိရသည်။

 

 ပြည်ပဈေးကွက်

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် သဘာဝအလေ့ကျပေါက် ဆီးအရိုင်းပင် များမှ ဆီးသီးများအား ဆီးပွဲရုံလုပ်ငန်းရှင် များက ဆီးခွဲစက်များတည်ထောင်ပြီး ဆီး ဝတ်ဆံထုတ်လုပ်ငန်းလုပ်ကိုင်ကာ ပြည်ပ ဈေးကွက် တရုတ်သို့ဆီးဝတ်ဆံများ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိသည်။

 

ဈေးကောင်းပေး

 ယခုလက်ရှိတွင် ဆီးဝတ်ဆံဈေးကောင်း နေသောကြောင့် ဆီးပွဲရုံများက ဆီးသီးကို ဈေးကောင်းပေး၍ ဝယ်ယူနေခြင်းဖြစ်သည် ဟု ကျောက်ပန်းတောင်းမြို့ ဆီးပွဲရုံလုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။

 

Read More >>>>>  စားလို့အရမ်းကောင်းတဲ့ အိန္ဒိယစတိုင် ကုလားပဲသုပ်

 

တိုင်းရင်းဆေးဖော်စပ်

ယမန်နှစ်က ဆီးသီးတစ်တင်း ကျပ် ၁,၅၀ဝ မှ ကျပ် ၂,ဝ၀ဝ တစ်ပတ်လည်ဈေးရှိပြီး ဆီး ဝတ်ဆံဈေးကျပ် ၇,ဝ၀ဝ မှ ကျပ် ၁၀,ဝ၀ဝ ဝန်းကျင်ခန့်ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်မှ ဆီးဝတ်ဆံဝယ်လိုအား မြင့်တက် လာ၍ ဆီးဝတ်ဆံဈေးနှုန်းမှာ တစ်ပိဿာကျပ် ၁၀,ဝ၀ဝ ကျော်၊ ၂၀,ဝ၀ဝ ခန့်ရှိသည်ဟု သိရ သည်။ မြန်မာ့ဆီးဝတ်ဆံများကို တရုတ်တိုင်း ရင်းဆေး နှလုံးသည်းခြေဆေးတစ်မျိုး ဖော်စပ် ရာတွင် ဆေးဖက်ဝင် ဆေးတစ်မည်အဖြစ် သုံးလေ့ရှိကြသည်။

 

အညာမြေလတ်ဒေသထွက်ကုန်တစ်မျိုး ဖြစ်သော ဆီးသီးမှဆီးဝတ်ဆံလုပ်ငန်း၊ ဆီးခွဲ ခြမ်းအား လောင်စာထင်းလုပ်ငန်း၊ ဆီးမှုန့်အား ဆီးယိုလုပ်ငန်း၊ ဆီးသီးအား ဆီးအချဉ်ပေါင်း လုပ်ငန်းများ၌အသုံးပြုကြသည်။

 

Source: MM Time

Read times Last modified on Saturday, 16 March 2019 15:37
Rate this item
(1 Vote)