Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေချိုငါးလုပ်ငန်းဥပဒေဖြင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး စီမံချက် ဆောင်ရွက်

ဧရာဝတီလင်းပိုင် တစ်နှစ်စီမံချက်၏ ပဉ္စမလဖြစ်သော ဇန်နဝါရီလ ပထမ၁၅ရက်အတွင်း စုစုပေါင်း ရှော့တိုက်ငါးဖမ်းဆီးသော စက်နှင့်ရှပ်တန်းပါလှေ ၄ စီး၊

ဘက်ထရီအိုး ၁ လုံး၊ ရှော့ပုံး ၁ လုံး၊ ရှော့ဂေါ်တံ ၁ ချောင်း၊ ရှော့ခြေတိုသောင်ဆွဲပိုက် ၂ လက်၊ ရှော့ မျှောပိုက် ၂ လက်၊ ထိသေ/စားသေအဆိပ်ချဆေးဘူး ၁ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ပြီးလူ ၅ ဦးကို မန္တလေးတိုင်းဒေသကြီး၊ ရေချိုငါးလုပ်ငန်းဥပဒေဖြင့် တရားစွဲဆောင်ရွက်နိုင်ခဲ့ ကြောင်း WCS ထုတ်ပြန်ချက်အရ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တရားမဝင်ရှော့တိုက်ငါးဖမ်းဆီးခြင်း လျော့နည်းလာစေရန်အတွက် ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစု၊ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ အမှတ် (၁) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ မန္တလေး၊ ဒေသခံ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအစုအဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်းကင်းလှည့်ကြာချိန် ၂၄၀ နာရီ ကင်းလှည့် ဆောင်ရွက်နိုင်ခဲ့ပြီး နံနက်အစောပိုင်း၊ နံနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်း၊ ညပိုင်းများတွင် ကင်းလှည့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရခဲ့မှုများမှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာ အနီးနှင့်သဲကျွန်းကျေးရွာ အနီးတို့တွင် ဖမ်းဆီးရမိသော ရှော့တိုက် ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါလှေ ၂ စီး၊ ဆက်စပ်ပစ္စည်းများနှင့် လူ ၃ ဦးကို မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာအနီးတွင် ဖမ်းဆီးရမိသော အဆိပ်ချဆေးဘူးနှင့် ရှော့တိုက် ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါလှေ ၁ စီး၊ ဆက်စပ် ပစ္စည်းများနှင့် လူ ၂ ဦးကို စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ တပ်ရွာကျေးရွာအနီးတွင် ဖမ်းဆီးရမိသော ရှော့တိုက်ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါလှေ ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနသို့လည်းကောင်း ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)