Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်လက်ကျဆင်းနေပြီး ပဲတီစိမ်းဈေးအနည်းငယ်မြင့်တက်

မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်လက်ကျဆင်းနေပြီး ပဲတီစိမ်းဈေးအနည်းငယ်မြင့်တက် google.com

အိန္ဒိယနိုင်ငံ၏ ၀ယ်လိုအားလျော့နည်းလာမှုကြောင့် ပြည်တွင်းရှိ ပဲဈေးနှုန်းများ

ကျဆင်းလျှက်ရှိရာ လတ်တလောတွင် မတ်ပဲနှင့် ပဲစင်းငုံဈေးများ ဆက်လက်ကျဆင်းနေပြီး ပဲတီစိမ်းဈေးမှာ အနည်းငယ်မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ပဲနှမ်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

 

မတ်ပဲပေါ်ချိန်တွင် တစ်တန်လျှင် ငွေကျပ် ၁၀ သိန်းခန့်ရှိရာမှ လက်ရှိတွင် ငွေကျပ် ရှစ်သိန်းလေးသောင်းခန့်အထိ ကျဆင်းသွားပြီး ပဲစင်းငုံမှာ စတင်ပေါ်သည့်အချိန်က တစ်တန်လျှင် ငွေကျပ် ရှစ်သိန်းခွဲမှ ကိုးသိန်းခန့်ရှိခဲ့ရာ လက်ရှိတွင် ငွေကျပ် ခြောက်သိန်းတစ်သောင်းခန့်သာရှိကြောင်း၊ ပဲတီစိမ်းမှာ ယခင်က တစ်တန်လျှင် ငွေကျပ် ဆယ့်တစ်သိန်းဝန်းကျင်မှ ဆယ့်နှစ်သိန်းခန့်အထိ ဈေးနှုန်းတက်လာကြောင်း သိရပါတယ်။

 

ပဲဈေးနှုန်းတွေကျတဲ့ အဓိက အချက်က အိန္ဒိယနိုင်ငံမှာ ဈေးနှုန်းကျတော့ ၀ယ်တဲ့နိုင်ငံမှာ ဈေးချဝယ်တယ်။ အစောပိုင်းကတော့ ဒီဘက်ကလည်း မရောင်းဘူး။ သို့ ပေမယ့် ကြာလာတော့ မရောင်းလို့ မရတော့ဘဲ ထုတ်ရောင်းနေရကြောင်း ကုန်သည်တစ်ဦးထံမှ သိရပါတယ်။

 

မြန်မာနိုင်ငံတွင် ပဲစင်းငုံကို အဓိကအားဖြင့် မြင်းခြံ၊ ပခုက္ကူနှင့် မန္တလေးတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် စိုက်ပျိုးကြပြီး မတ်ပဲကို ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုး၍ ပဲတီစိမ်းကို တစ်နိုင်ငံလုံးတွင် စိုက်ပျိုးလျှက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Monday, 17 September 2018 14:42
Rate this item
(1 Vote)