Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ ကုန်သည်များ ပြည်တွင်းပဲ ၀ယ်ယူမှုများခြင်းကြောင့် ပဲဈေးနှုန်းမြင့်တက်

အိန္ဒိယကုန်သည် များက မေလဆန်းပိုင်းတွင် မြန်မာနိုင်ငံရှိ မတ်ပဲနှင့် ပဲစင်းငုံကို

ဈေးပိုပေးပြီး အ၀ယ်များလာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရပါတယ်။

 

ဧပြီလကုန်ပိုင်းတွင် အိန္ဒိယကုန်သည်များက အ၀ယ်လျှော့ချခဲ့ခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် ဈေးနှုန်းကျဆင်းခဲ့သည့် မတ်ပဲနှင့် ပဲစင်းငုံသည် မေလဆန်းပိုင်းတွင် တစ်တန်လျှင် ပျမ်းမျှ ကျပ်သုံးသောင်းမှ လေးသောင်းအကြား ပြန်လည်မြင့်တက်လာကြောင်း သိရပါတယ်။

 

လက်ရှိ ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကိုးသိန်းခုနစ်သောင်းငါးထောင်ကျပ်နှင့် ပဲစင်းငုံတစ်တန်လျှင် ခြောက်သိန်းခြောက်သောင်းငါးထောင် ကျပ်ခန့်ဈေးရှိသည်ဟု ပဲကုန်သည်မှ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

အိန္ဒိယနိုင်ငံ ပဲဈေးကွက်တွင် မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံသည် အဓိကထားတင်ပို့ နေခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ ရာသီဥတုနှင့် အစိုးရ၏ မူဝါဒများပေါ်တွင် ၀ယ်လိုအားနှင့် ဈေးနှုန်း အပြောင်းအလဲဖြစ်နေသည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရပါတယ်။

 

မတ်ပဲနှင့်ပဲစင်းငုံအသစ်ပေါ်ချိန်ဖြစ်သည့် မတ်လတွင် အိန္ဒိယ နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနက ယခုနှစ်မိုးရာသီ၌ ပုံမှန်မုတ်သုံ ၀င်မည်ဟု ကြေညာခဲ့ကြောင်း သိရပါတယ်။

 

ယင်း ကြေညာချက်ကြောင့် အိန္ဒိယကုန်သည်များက မြန်မာနိုင်ငံမှ ၀ယ်ယူမှု လျှော့ချလိုက်ခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးကျဆင်းပြီး တောင်သူလယ်သမား များ အကျပ်အတည်းဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

ဆောင်းရာသီ စတင်စိုက်ပျိုးချိန်က မတ်ပဲတစ်တင်းလျှင် ကျပ် ငါးသောင်းခန့် ဈေးရှိခဲ့သော်လည်း ပဲအသစ်ပေါ်ချိန်၌ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်သို့ ကျဆင်းခဲ့ကြောင်း သိရပါတယ်။

 

ရာသီဥတု ဖောက်ပြန်မှုကြောင့် အထွက်နှုန်း လျော့နည်းသည့်အပြင် ဈေးနှုန်းလည်း ထပ်မံကျဆင်းခြင်းကြောင့် လယ်သမားများ အခက်အခဲဖြစ် နေကြောင်း သိရပါတယ်။

 

ယခုနှစ် မတ်ပဲအထွက်နှုန်းသည် တန်ချိန်ငါးသိန်းခန့်၊ ပဲစင်းငုံအထွက်နှုန်းသည် တန်ချိန် နှစ်သိန်းခန့်ရှိမည်ဟု ခန့်မှန်းကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်းထံမှ သိရပါတယ်။

 

ပြည်ပသို့တင်ပို့မှုသည် မတ်ပဲအသစ်စပေါ်ချိန်မှ ယနေ့ထိ တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်းအကြား တင်ပို့ထားကြောင်းလည်း သိရပါတယ်။

Source: 7day Daily

Read times Last modified on Wednesday, 19 September 2018 13:46
Rate this item
(1 Vote)