Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Withholding Tax ကို ဇူလိုင်ကစ၍ သက်သာခွင့်ပြုမည်

ပြည်တွင်း၌ လက်လီ၊ လက်ကားရောင်းဝယ်မှုများတွင် ကြိုတင်ပေးသွင်းရသည့် ပင်ရင်းမှ နုတ်ယူပေးသွင်းခွင့်

(Withholding Tax) ကောက်ခံမှုကို ဇူလိုင် ၁ ရက်မှ စ၍ သက်သာခွင့်ပြုမည်ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတာဝန်ယူချိန်တွင် ပထမဆုံးပြောင်းလဲသည့် အပြောင်းအလဲဖြစ်ကြောင်း  စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

 


ပြည်တွင်းနေ နိုင်ငံသားများ နှင့် နိုင်ငံခြားသားများ၊ နိုင်ငံတော် နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများအပါအ၀င် စီးပွားရေးလုပ်ငန်းရှစ်မျိုး၏ နိုင်ငံအ တွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ၀န်ဆောင်မှု ဆောင်ရွက်ပေးခြင်းတို့အတွက် အခွန် ၂ ရာခိုင်နှုန်းကောက်ခံခြင်းကိုသက်သာခွင့်ပြုမည်ဖြစ်သည်။

 

‘‘အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် အသက်ရှူ ချောင်သွားတာပေါ့ဗျာ’’ဟု မြန်မာ နိုင်ငံမော်တော်ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောသည်။

 

ပြည်တွင်းစီးပွားရေးလုပ်ငန်း ရှင်များသည် ၂၀၁၆ ကစတင်၍ စီးပွားရေးကျဆင်းချိန်တွင် ကြို တင်ဝင်ငွေခွန်အမျိုးအစားဖြစ် သော ပင်ရင်းမှ နုတ်ယူပေးသွင်း ခွန်ကို သက်သာခွင့်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံအကြိမ်ကြိမ်တင်ပြသော်လည်း ယခင်ပြည်ထောင်စုဝန်ကြီး ဦး ကျော်ဝင်းလက်ထက်တွင် သက် သာခွင့်မရခဲ့ပေ။

 

 ကြိုတင်ဝင်ငွေခွန်အမျိုးအ စားဖြစ်သော ပင်ရင်းမှ နုတ်ယူပေးသွင်းခွန်ကောက်ခံခြင်း သက်သာ ခွင့်ရရှိခြင်းအပေါ် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးရဲမင်းအောင်ကလည်း ပုဂ္ဂလိကအသင်းအဖွဲ့များ၏ ကြိုးပမ်းမှုအကောင်အထည်ပေါ်လာပြီဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးထားသည်။

 

Source: 7 days new

 

MMRD မှ Myanmar Food Industry Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်းထွက်ရှိ လာပါပြီနော်..

35642916 478136529310442 1134525966404550656 n

Read times Last modified on Tuesday, 18 September 2018 13:10
Rate this item
(3 votes)