Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒေါ်လာ ၁.၁၅ သန်း သုံးစွဲထားတဲ့ ကျောက်ပုစွန်မွေးမြူရေး ဖြစ်ထွန်းအောင်မြင်

ဒေါ်လာ ၁.၁၅ သန်း သုံးစွဲထားတဲ့ ကျောက်ပုစွန်မွေးမြူရေး ဖြစ်ထွန်းအောင်မြင်

စင်ကာပူတွင် စားသုံးသည့် စားသောက်ကုန် အမျိုးမျိုးတို့၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းသည်။

သွင်းကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချရန် တဖြည်းဖြည်း ကြိုးပမ်းနေပြီး 30 by 30 စီမံချက်ကို ရေးဆွဲထားသည်။
ဆိုလိုသည်မှာ 2030 ခုနှစ်တွင် စားသုံးသည့် စားနပ်ရိက္ခာ၏ 30 ရာခိုင်နှုန်းကို ပြည်တွင်းမှာ ထုတ်လုပ်ရန် ရည်မှန်းထားသည်။

မွေးမြူရေးကဏ္ဍတွင် ကျောက်ပုစွန် မွေးမြူရေး လုပ်ကိုင်သည့် Singapore Crawfish ကုမ္ပဏီသည် လုပ်ငန်းကို ၂၀၁၈ တွင် စတင်ခဲ့သည်။ ကျောက်ပုစွန် အရှင်လတ်လတ်ဆတ်ဆတ်များကို စင်ကာပူအနှံ့ ဖြန့်ချိသည်။

Crawfish-1-2.jpg


သူနှင့် သူ၏ကျောင်းသားများလုပ်ကိုင်ခဲ့သော သုတေသနပရောဂျက်တစ်ခု၏ အပိုင်းတစ်ခုအနေဖြင့် Desmond သည် အပင်များ၊ တိရစ္ဆာန်များနှင့် ပင်လယ်စာအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာလေ့လာဆန်းစစ်ခဲ့ရာမှ ကျောက်ပုစွန် မွေးမြူခြင်းသည် အမြတ်အစွန်း အရရှိဆုံး မွေးမြူရေး
တစ်ခုဖြစ်ကြောင်း သိရှိခဲ့သည်။ မွေးမြူရန် မခဲယဉ်းကြောင်းလည်း သိရသည်။

ကျောက်ပုစွန်သည် မျိုးပွားနှုန်း မြင့်မားသည်။ သေဆုံးနှုန်း အလွန်အမင်း နည်းသည်။ နိုင်ငံတကာဝယ်လိုအားမြင့်မားသည်။

သို့ဖြစ်ရာ ကျောက်ပုစွန် မွေးမြူဖို့ သူ ဆုံးဖြတ်ပြီး လက်တွေ့ အကောင်အထည် ဖော်ခဲ့သည်။
Desmond သည် မားကက်တင်းပညာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။ ဈေးကွက်တင်သည့် အပိုင်းကို သူ သိသော်လည်း ကျောက်ပုစွန် မွေးမြူရေးကို သူ မသိသဖြင့် လုံးစေ့ပတ်စေ့ သိအောင် လေ့လာသင်ယူသည်မှာ ၅ နှစ် အချိန်ပေးခဲ့သည်။ ထိုနောက် ကျောက်ပုစွန်မွေးမြူရေးကို စင်ကာပူဒေါ်လာ ၁.၅ သန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့သည်။

 

Crawfish-6.jpg

 

ရင်ဆိုင်ရသည့် အခက်အခဲမှာ မွေးမြူရေး ကန်များအတွက် မြေဧရိယာ အလုံအလောက် မရနိုင်ခြင်း ဖြစ်သည်။ "အစိုးရက များသောအားဖြင့် ကုမ္ပဏီကြီးတွေကိုပဲ မြေပေးတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်း SME တွေကို မြေပေးဖို့ နည်းနည်းပါးပါးပဲ ကူညီပါတယ်" ဟု Desmond က ပြောပြသည်။

နောက်ထပ်အခက်အခဲမှာ ငှားရမ်းခနှင့် လုပ်သားခ မြင့်မားခြင်း ဖြစ်သည်။
"စင်ကာပူ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်တဲ့အခါ ရမယ့် အမြတ်ရဲ့ ၈၀ ကနေ ၉၀ % ကို ငှားရမ်းခနဲ့ လုပ်သားခအတွက် သုံးရတယ်" ဟု သူက ပြောပြသည်။

 

Crawfish-4-2.jpg

 

စင်ကာပူသည့် မြို့နိုင်ငံဖြစ်သဖြင့် မြေရှားပါးသည်။ အိမ်နီးနားချင်းနိုင်ငံများကဲ့သို့ မြေနေရာ ကျယ်ကျယ်ဝန်းဝန်း မရနိုင်ပေ။ Desmond နှင့် သူ့အဖွဲ့သည် နေရာကျဉ်းကျဉ်းဖြင့် ကျောက်ပုစွန်များများစားစား ထုတ်လုပ်နိုင်အောင် နည်းလမ်း ရှာကြံကာ လုပ်ကိုင်ကြရသည်။ နည်းပညာ ဆန်းသစ်တီထွင်ကြရသည်။ ယခုအခါ သူတို့တီထွင်ထားသည့် နည်းပညာများကို မူပိုင့်ခွင့် ရယူရန် စီစဉ်နေသည်။ စိတ်ကူးသစ်များကိုလည်း စမ်းသပ်လုပ်ကိုင်လျက်ရှိသည်။

အံဩစရာကောင်းသော အောင်မြင်မှု ရလဒ်များကို ရရှိနေသည်။ ကျောက်ပုစွန် အလေးချိန်ကို ယခင်ကထက် ၈၀ မှ ၁၀၀% အထိ ပိုတိုးအောင် လုပ်နိုင်ပြီ ဖြစ်သည်။ ဥအရေအတွက်ကိုလည်း ၁၅၀ မှ ၂၀၀% အထိ တိုးအောင် လုပ်နိုင်ပြီ ဖြစ်သည်။ သေဆုံးနှုန်းကိုလည်း ၂၅% အောက်မှာ ဖြစ်နေအောင် ထိန်းပေးထားနိုင်ပြီ ဖြစ်သည်။

 

Crawfish-4.jpg

 

Read times
Rate this item
(0 votes)