Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


rolls-royce ရဲ့ မရောင်းတဲ့ပျားရည်

rolls-royce ရဲ့ မရောင်းတဲ့ပျားရည်

rolls-royce ကို တန်းမြင့် ဈေးကြီး ဇိမ်ခံကား အကောင်းစား ကားတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီလို့ သိထားကြတယ်။ rolls-royce က rolls-royce အမည်ဖြင့် ပျားရည်အကောင်းစား ထုတ်လုပ်တာကိုတော့ လူသိနည်းပါတယ်။
ဟုတ်ပါတယ်။ ယူကေမှ rolls-royce ဌာနချုပ် တည်ရှိရာ ၂၄ ဧက ကျယ်တဲ့ ဝင်းကြီးထဲမှာ ပျားကောင်ရေ ခန့်မှန်း နှစ်သိန်းခွဲဖြင့် စဉ်ဆက်မပြတ် ထုတ်လုပ်နေတာ ကိုဗစ်ကာလ စက်ရုံ ရပ်နားထားတဲ့ရက်တွေမှာလည်း ပျားရည်ကို ဆက်လက် ထုတ်လုပ်နေခဲ့ပါတယ်။

rolls-royce က ပျားရည် ထုတ်လုပ်ခဲ့တာ လေးနှစ် ရှိပါပြီ။ ပျားရည်ထုတ်ကုန်ကို rolls-royce လို့ပဲ အမည်ပေးပါတယ်။ ဝင်းထဲမှာ သစ်ပင်တွေ၊ ပန်းပင်တွေ ရှိနေပြီး ပျားကို သဘာ၀အလျောက် ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ပျားတွေကို သကာရည် တိုက်ကျွေးပြီး ထုတ်လုပ်တာမျိုး မဟုတ်ပါဘူး။

rolls-royce honey


၂၀၁၇ ခုနှစ်မှာ ပျားအိမ် ခြောက်လုံးဖြင့် မွေးမြူဖြစ်ခဲ့တယ်။ ပျားအိမ်ငါးခုကို ကားမော်ဒယ် အမည်ဖြင့် အသီးသီး အမည်ပေးထားတယ်။
phantom,
wraith,
ghost,
dawn နဲ့
cullinan တို့ ဖြစ်ပါတယ်။
ကျန်တဲ့ ပျားအိမ်ကိုတော့ ကားစက်ဖုံးမှာ တပ်ဆင်တဲ့ လာဘ်အရုပ် အမည် spirit of ecstasy လို့ အမည်ပေးထားပါတယ်။

rolls-royce is not making cars at the moment but honey!

ပျားရည်ပုလင်းတွေကို စီးပွားဖြစ် ရောင်းချခြင်း မပြုပါဘူး။
rolls-royce ဝယ်ယူတဲ့သူတွေကို rolls-royce ရဲ့ ဂုဏ်ယူစရာ လက်ဆောင်အဖြစ် ပေးအပ်ပါတယ်တဲ့။

 

 

zawgyi

rolls-royce ရဲ႕ မေရာင္းတဲ့ပ်ားရည္

rolls-royce ကို တန္းျမင့္ ေဈးႀကီး ဇိမ္ခံကား အေကာင္းစား ကားေတြကို ထုတ္လုပ္တဲ့ ကုမၸဏီလို႔ သိထားၾကတယ္။ rolls-royce က rolls-royce အမည္ျဖင့္ ပ်ားရည္အေကာင္းစား ထုတ္လုပ္တာကိုေတာ့ လူသိနည္းပါတယ္။
ဟုတ္ပါတယ္။ ယူေကမွ rolls-royce ဌာနခ်ဳပ္ တည္ရွိရာ ၂၄ ဧက က်ယ္တဲ့ ဝင္းႀကီးထဲမွာ ပ်ားေကာင္ေရ ခန႔္မွန္း ႏွစ္သိန္းခြဲျဖင့္ စဥ္ဆက္မျပတ္ ထုတ္လုပ္ေနတာ ကိုဗစ္ကာလ စက္႐ုံ ရပ္နားထားတဲ့ရက္ေတြမွာလည္း ပ်ားရည္ကို ဆက္လက္ ထုတ္လုပ္ေနခဲ့ပါတယ္။

rolls-royce က ပ်ားရည္ ထုတ္လုပ္ခဲ့တာ ေလးႏွစ္ ရွိပါၿပီ။ ပ်ားရည္ထုတ္ကုန္ကို rolls-royce လို႔ပဲ အမည္ေပးပါတယ္။ ဝင္းထဲမွာ သစ္ပင္ေတြ၊ ပန္းပင္ေတြ ရွိေနၿပီး ပ်ားကို သဘာ၀အေလ်ာက္ ထုတ္လုပ္တယ္လို႔ ဆိုပါတယ္။ ပ်ားေတြကို သကာရည္ တိုက္ေကြၽးၿပီး ထုတ္လုပ္တာမ်ိဳး မဟုတ္ပါဘူး။
၂၀၁၇ ခုႏွစ္မွာ ပ်ားအိမ္ ေျခာက္လုံးျဖင့္ ေမြးျမဴျဖစ္ခဲ့တယ္။ ပ်ားအိမ္ငါးခုကို ကားေမာ္ဒယ္ အမည္ျဖင့္ အသီးသီး အမည္ေပးထားတယ္။
phantom,
wraith,
ghost,
dawn နဲ႔
cullinan တို႔ ျဖစ္ပါတယ္။
က်န္တဲ့ ပ်ားအိမ္ကိုေတာ့ ကားစက္ဖုံးမွာ တပ္ဆင္တဲ့ လာဘ္အ႐ုပ္ အမည္ spirit of ecstasy လို႔ အမည္ေပးထားပါတယ္။

ပ်ားရည္ပုလင္းေတြကို စီးပြားျဖစ္ ေရာင္းခ်ျခင္း မျပဳပါဘူး။
rolls-royce ဝယ္ယူတဲ့သူေတြကို rolls-royce ရဲ႕ ဂုဏ္ယူစရာ လက္ေဆာင္အျဖစ္ ေပးအပ္ပါတယ္တဲ့။

 

 

 

Read times Last modified on Tuesday, 28 April 2020 14:41
Rate this item
(0 votes)