Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲကြီး အ၀ယ်များ၍ အမြင့်ဆုံးဈေးသို့ရောက်ရှိ

ပဲကြီးများကို အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က အပြိုင်ဝယ်ယူမှုကြောင့် ယခုရက်တွင် အမြင့်ဆုံးဈေးသို့

ရောက်ရှိနေကြောင်း မန္တလေးပဲဈေးကွက်မှ သိရပါတယ်။

 

ပဲအမျိုးအစားမှာ ယခင်နှစ်များက အမြင့်ဆုံးဈေးမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းဈေးအထိသာ ရောက်ရှိခဲ့သော်လည်း ယခုနှစ်ပေါ်ကာစ ဖေဖော်ဝါရီလဆန်းပိုင်းတွင် အဖွင့်ဈေးမှာ ကိုးသောင်းဖြင့် စဖွင့်ခဲ့ပြီး ဧပြီလတွင် တစ်သိန်းတစ်သောင်းအထိ မြင့်တက်လာပြီး ယခု မေလ လဆန်းပိုင်းတွင် တစ်သိန်းလေးသောင်းအထိ မြင့်တက်ခဲ့ကြောင်း ပွဲရုံမှတစ်ယောက်က ပြောကြားခဲ့ပါတယ်။

 

ယခုနှစ် ပဲကြီးရာသီမှာ အထွက်အလွန်နည်းပြီး အ၀ယ်များနေတဲ့အတွက် ပဲကြီးဈေးလောကမှာ မကြုံဖူးတဲ့ဈေးကို ရောက်ရှိသွားပြီး ဒီလိုအခြေအနေမှာ ဆက်ပြီး တက်နိုင်ကြောင်းလည်း သိရပါတယ်။

 

ပဲကြီးဈေးကောင်းတဲ့အတွက် လှော်မယ့်ဖိုတွေက အစားထိုးပဲတွေဖြစ်တဲ့ ပဲကျား၊ ပဲဇီးကွက်၊ ပဲလိပ်ပြာတို့ကိုပဲ အများဆုံး လှော်ရောင်းနေကြကြောင်းသိရပါတယ်။

 

ပဲကြီးကို မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဆောင်းသီးနှံအဖြစ် အများဆုံးစိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရပါတယ်။

 

လက်ရှိပဲဈေးကွက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ၅၆၀၀၀ ကျပ် အထိ ကျဆင်းနေခဲ့သည့် ပဲစင်းငုံဈေးနှုန်းများမှာ ယခုရက်ပိုင်းအတွင်း ပြန်လည်ဦးမော့လာခဲ့ပြီး မေ ၁၂ ရက်တွင် ၆၂၀၀၀ ကျပ်အထိ ရောက်ရှိခဲ့သည့် အတွက်ကြောင့် သိုလှောင်သမားများ ပြန်လည်အာရုံစိုက်မှုဖြစ်ပေါ်လာကြောင်း သိရပါတယ်။

Source: ကြေးမုံ

Read times Last modified on Wednesday, 19 September 2018 13:46
Rate this item
(1 Vote)