Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကွက်အတွင်း ငါး ၊ ပုစွန် ရောင်းချမှု မြင့်တက်

ယခုအခါ  ရေကြီးခြင်းနှင့်  အစာဈေး မြင့်တက်ခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့်

ရေရှည်မွေးမြူခြင်း မပြုတော့ဘဲ ဈေးကွက်အတွင်း ဝင်ရောက် ရောင်းချမှုမြင့်တက်လာကြောင်း သိရပါတယ်။


လုပ်ငန်းရှင်များအနေဖြင့်   ဈေးကွက်အတွင်းသို့ ဝင်ရောက် ရောင်းချရခြင်းမှာ ငါး၊ ပုစွန်ဈေးနှုန်းများ ကျဆင်းနေပြီး   အစာဈေးနှုန်း မြင့်မားနေခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။


''ဒီနှစ် မိုးဦးစကတည်းက အထက်အညာမှာ ရေကြီးတော့ မွေးမြူရေး လုပ်ငန်းရှင်တွေ စိုးရိမ်မှုရှိလာတယ်။ ၂ဝ၁၅ ခုနှစ်က အထက်မြန်မာပြည်မှာ သြဂုတ်လ၊ စက်တင်ဘာလ လောက်မှာ ရေကြီးပြီးတာနဲ့ အောက်မြန်မာပြည် ဘက်မှာ  ရေကြီးတယ်။  ဒီဖြစ်ရပ်က ဖြစ်ခဲ့ဖူးတော့  ပိုပြီးစိုးရိမ်လာတယ်''  ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။


ယခင်က ဈေးကွက်အတွင်းသို့ ငါးလှေ ၃၅ စင်းခန့်သာ ဝင်ရောက်သော်လည်း ယခုအခါ လှေအစင်း ၇ဝ ခန့် ဝင်ရောက်လျက်ရှိကြောင်း၊  ဈေးကွက်အတွင်း  ဝင်ရောက် ရောင်းချခြင်းမှာလည်း အစာဈေးနှုန်း ကြီးမြင့်မှုကြောင့်  မွေးမြူရေးစရိတ် များပြီး  အရှုံးပေါ်နိုင်သော အခြေအနေများကြောင့် ဖြစ်ကြောင်း သိရပါတယ်။


''ငါးစာဈေးတက်လာသလို ဈေးကွက်ထဲမှာလည်းငါးဈေးတက်ဖို့ အလားအလာ မရှိတဲ့အတွက် အစာဈေးအမြင့်နဲ့ ဆက်မွေးရမယ်ဆိုရင် အများကြီး ဆုံးရှုံးမှုတွေဖြစ်သွား နိုင်တယ်။ ငါးကို ဈေးကောင်းမှ ရောင်းမယ် ဆိုပြီး မျှော်မှန်းလို့ မရတဲ့ အတွက် ဈေးကွက် ထဲကိုပဲ မဖြစ်မနေ ရောင်းလိုက်ကြတယ်'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။


Source: Myawady

 

Read More >>>>> ဆန်ကုန်သည်များ ပုံမှန်အဝယ် ဆင်းခြင်းသာဖြစ်သည့်အတွက် ဆန်ဈေးနှုန်း တက်ဖွယ်မရှိ

Read times Last modified on Tuesday, 18 September 2018 11:41
Rate this item
(2 votes)