Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြိတ်ဒေသထွက် တစ်ပိုင်တစ်နိုင် သဘာဝငှက်သိုက်များ ထုတ်လုပ်ရောင်းချသူပိုများ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသထွက် သဘာဝငှက်သိုက်များ ၀ယ်ယူသုံးစွဲသူများလာပြီး

တစ်နှစ်ထက်တစ်နှစ် ဈေးတက်လာကာ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချသူပိုများလာကြောင်း သဘာဝငှက်သိုက်ရောင်းချသူများထံမှ သိရပါတယ်။

 

အရင်နှစ်တွေထက် ငှက်သိုက်က ဈေးတက်လာတယ်။ ကျန်းမာရေးအတွက်လည်း အဆင်ပြေတော့ လူတွေက တအားဝယ်သုံးလာကြပါတယ်။

 

တစ်ပိုင်တစ်နိုင် လုပ်ရောင်းတဲ့သူတွေလည်း ပိုများလာဟု ရောင်းသူတစ်ဦးမှ ပြောကြားကြောင်း သိရပါတယ်။

 

တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများအနေဖြင့် သဘာဝငှက်သိုက်ကုန်ကြမ်းကို ၀ယ်ယူ၍ ပြန်လည်သန့်စင်ပေါင်းခံကာ အသင့်သောက်သုံးရုံ ငှက်သိုက်များအဖြစ် ပြန်လည် ထုတ်လုပ်ရောင်းချကြောင်း သိရပါတယ်။

 

သဘာဝငှက်သိုက်များမှာ ပထမတန်းစား စူပါ(ခေါ်) သန့်စင်ပြီး ငှက်သိုက်နံပါတ် ၁၊ ၂၊ ၃၊ ဒုတိယတန်းစား သဘာဝအမွှေးပါ ငှက်သိုက်နံပါတ် ၁၊ ၂၊ ၃ နှင့် အကြမ်းထည်ဟု ခွဲခြားထားပြီး ငှက်သိုက်ခွက်အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရပါတယ်။

 

ကာလပေါက်ဈေးအရ ပထမတန်းစား တစ်ပိဿာလျှင် အနိမ့်ဆုံးငွေကျပ် သိန်း ၂၀ မှ ၂၅ သိန်း၊ ဒုတိယတန်းစား တစ်ပိဿာလျှင် အနိမ့်ဆုံးငွေကျပ် ၁၃ သိန်းခွဲမှ သိန်း ၂၀ နှင့် အကြမ်းထည် (အကြေ) တစ်ပိဿာလျှင် အနိမ့်ဆုံးငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိရှိကြောင်း ငှက်သိုက်ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။

 

သဘာဝငှက်သိုက်များမှာ မြိတ်ကျွန်းစုဒေသရှိကျွန်းများမှ အဓိကထွက်ရှိပြီး မြန်မာနိုင်ငံအထက်ပိုင်းမှ မှာယူသူများလည်းရှိပြီး ကျန်းမာရေးအတွက် အဓိက ၀ယ်ယူစားသုံးကြောင်းလည်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 13:47
Rate this item
(1 Vote)