Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့အထူးတန်းဝင် ကော်ဖီ ၁၈ တန်ကို လန်ဒန်သို့ စတင်တင်ပို့မည်

ဆွစ်ဇာလန်နှင့် လန်ဒန် အခြေစိုက် ကော်ဖီကုမ္ပဏီနှစ်ခု၏ အကျိုးတူ ပူးပေါင်းဝယ်ယူမှု ကြောင့် မြန်မာ့အထူးတန်းဝင်

ကော်ဖီ ၁၈ တန်ကို ယခုသီတင်း ပတ်အတွင်း လန်ဒန်မြို့သို့ ပထမ ဆုံးအကြိမ် တင်ပို့မည်ဖြစ်သည်။

 

ဆွစ်ဇာလန်နိုင်ငံမှ NAT ကော်ဖီနှင့် ဗြိတိန်  အခြေစိုက် PRISMA ကော်ဖီကုမ္ပဏီတို့က ယခုလအစောပိုင်းက စာချုပ်ချုပ်၍ ၀ယ်ယူခဲ့ပြီး ကော်ဖီများကို သင်္ဘောဖြင့် သယ်ယူရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌဦးရဲမြင့်ကပြောသည်။

 

ဝယ်ယူသည့် ကော်ဖီများမှာ ပြင်ဦးလွင်နှင့် မိုးကုတ်ဒေသထွက် ကော်ဖီအများစုဖြစ်ပြီး ချင်းပြည်နယ်ထွက် ကော်ဖီအနည်း ငယ်လည်းပါဝင်ကြောင်း ဦးရဲမြင့် ကပြောသည်။ ကော်ဖီများမှာ အ ရည်အသွေးအလိုက် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၄,၄၀၀ မှ ၇၀,၀၀၀ ဈေးရှိကြောင်း ၎င်းက ပြောသည်။

 

NAT ကော်ဖီ၏ ၀က်ဘ် ဆိုက်စာမျက်နှာတွင်လည်း မြန်မာ နိုင်ငံမှ ကော်ဖီများကို ကြိုတင်မှာ ယူနိုင်ပြီဟု ကြော်ငြာထားသည်။

 

အဆိုပါ ကုမ္ပဏီနှစ်ခုက ချင်းပြည်နယ်ထွက်  ကော်ဖီများ လည်း ၀ယ်ယူရန်စီစဉ်နေပြီး မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့်အတူ ၂၀၁၆ ဒီဇင်ဘာ ၂၀ မှ ၂၃ ရက်အထိ ချင်းပြည်နယ်ရှိ ၅၀ ဦးနှင့် အထက်ပါဝင်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ အစုအဖွဲ့များနှင့် ချိတ်ဆက်ကာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကို မင်းတပ်မြို့၌ ပြုလုပ်ခဲ့သေးသည်။

 

အမေရိကန်  နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ  (USAID) ၏  ငွေကြေးအထောက်အပံ့ဖြင့် Winrock  International  က ၂၀၁၄ ကစ၍ နည်းပညာအကူအ ညီပေးမှုများကြောင့် မြန်မာ့ကော် ဖီကို အထူးတန်းဝင် ကော်ဖီအ ရည်အသွေးများရရှိအောင် ထုတ် လုပ်လာနိုင်ခဲ့၍ မြန်မာ့အထူးတန်းဝင် ကော်ဖီများကို နိုင်ငံတကာက စိတ်ဝင်တစား ၀ယ်ယူလာကြခြင်း ဖြစ်သည်။

 

Source: 7 day news

Read times Last modified on Wednesday, 19 September 2018 13:46
Rate this item
(1 Vote)