Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အစိုးရချင်းချိတ်ဆက်၍ ပဲတင်ပို့နိုင်ရန် အိန္ဒိယသို့ မကြာမီ စာချုပ်မူကြမ်း ပေးပို့မည်

အိန္ဒိယနှင့် အစိုးရချင်း ချိတ်ဆက်၍ ပဲတင်ပို့နိုင်ရန် စီစဉ် ထားပြီး ညှိနှိုင်းထားသည့် စာချုပ်

မူကြမ်းကို မကြာမီ ပေးပို့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။

 

 

အိန္ဒိယနိုင်ငံသည် ၂၀၁၇ အတွင်း ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ စသည့်ပဲအမျိုးအစားများ ပြည်ပ မှ တင်သွင်းခြင်း ပမာဏကို လျှော့ချသဖြင့် မြန်မာမှ ပဲတင်ပို့မှု အခက်အခဲဖြစ်ခဲ့သည်။

 

 

‘‘စပြီးဖြစ်တဲ့ အချိန်မှာက တည်းကိုက ကျွန်တော်တို့ဆီမှာရှိတဲ့ နိုင်ငံအကြီးအကဲတွေရော၊ ဝန်ကြီးဌာန တာဝန်ရှိသူတွေရော အိန္ဒိယနိုင်ငံနဲ့ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

 

 

အဆိုပါ စာချုပ်မူကြမ်းတွင် အစိုးရနှစ်ခုကြား ဆွေးနွေးထားမှု ကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ပြီး ထိုအပေါ် မူတည်ကာ အိန္ဒိယ အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက် မည်ဟု ဦးရန်နိုင်ထွန်းက ပြော သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပဲတင်ပို့နိုင်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ပဲတင်ပို့မှု စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်မည်ဟု ဆိုသည်။

 

 

လက်ရှိတွင် မြန်မာမှ အိန္ဒိယသို့  အစိုးရချင်း ဆက်သွယ်ရောင်း ချခြင်း မဟုတ်ဘဲ လုပ်ငန်းရှင်ချင်း တိုက်ရိုက်တင်ပို့နေသည်။

 

 

အိန္ဒိယသည် ပဲတင်ပို့မှု အ ရေးကြီးသော ဈေးကွက်တစ်ခုဖြစ် ပြီး ယခုဖြစ်နေသော ပြဿနာကို ကျွမ်းကျင်စွာ လုပ်ကိုင်ဆုံးဖြတ် နိုင်မည်ဆိုပါက ရေရှည်အတွက် အလားအလာကောင်းသော အနေအထားများစွာရှိကြောင်း စီး ပွားရေး အကြံပေး ဒေါက်တာ ဇော်ဦးက ပြောသည်။

 

 

အိန္ဒိယနိုင်ငံ၏ ပြည်တွင်း ပဲလိုအပ်ချက်အတွက် မြန်မာနိုင်ငံသည် အဓိကတင်ပို့နေခြင်းဖြစ်ပြီး အာဖရိကနိုင်ငံများ အပါအဝင် ၅၅ နိုင်ငံက တင်ပို့နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားထားသည်။

 

Source: 7 days new

Read 974 times
Rate this item
(1 Vote)