Food & Livestock



ပြည်ပသို့ ယခုဘဏ္ဍာနှစ်ထိ မြေထောက်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃ သန်းကျော်ရရှိ

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ပြည်ပသို့ မြေထောက်ပဲများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ်

ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန်ထိ မြေထောက်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂၂၁ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

 

မြေထောက်ပဲများကို ပြည်ပသို့ တင်ပို့ရာတွင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် စင်ကာပူနိုင်ငံသို့ အဓိကတင်ပို့နေပြီး အခြားဖောက်သည် စျေးကွက်နိုင်ငံများသို့လည်း တင်ပို့နေ‌‌ကြောင်း သိရသည်။

 

Phyo Thu Kha

Click Here >>> Phyo Thu Kha

 

ထိုသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန်ထိ မြေထောက်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂၂၁ သန်းရရှိခဲ့ကြောင်း သိရသည်။

 

မြေထောက်ပဲများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းက အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၄၃ သန်းဖိုးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၈ သန်းဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂၂၁ သန်းဖိုး တင်ပို့ခဲ့ကြောင်း သိရသည်။

 

ယခုနှစ် မြေထောက်ပဲရာသီတွင် ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်သို့ ဇန်နဝါရီလ ပထမပတ်မှ စတင်၍ မြေထောက်ပဲများ ဝင်ရောက်လာခဲ့ပြီး မြေထောက်ပဲသစ်များ စျေးကွက်ဖွင့်ချိန် ဇန်နဝါရီ ၁ ရက်မှ ၂၇ ရက်ထိ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀ မှ ၂၅၃,၀၀၀ ထိ ပေါက်စျေးရှိနေကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Wednesday, 01 February 2023 10:46
Rate this item
(0 votes)