Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက ပဲတင်သွင်းမည့်ကြေညာချက်ထုတ်ပြီးနောက် ပြည်တွင်းပဲဈေးနှုန်း ပြန်လည်မြင့်တက်

ပဲတင်သွင်းခွင့်ကို နှစ်လကြာ ပိတ်ထားသောအိန္ဒိယ အစိုးရက မတ်လ ၂၉ ရက်တွင် ပြည်ပမှပဲတင်သွင်းရန် ကြေညာ ချက်ထုတ်ပြန်ပြီးနောက် မြန်မာ နိုင်ငံ၌ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ပြန်လည်မြင့်တက်လာသည်။

၂၀၁၉ ဧပြီ ၁ ရက်တွင်စတင် မည့်ဘတ်ဂျက်နှစ်အတွက် ပြည်ပ မှ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်းတင်သွင်းမည်ဟု အိန္ဒိယ အစိုးရက ကြေညာချက်ထုတ်ပြန် ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေး မှူးဦးမင်းကိုဦးက ပြောသည်။

 

တင်သွင်းမည့်ကာလ၊ တင် သွင်းမည့်ပုံစံ မသိရသေးသော် လည်း ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ပြန် လည်မြင့်တက်လာသည်ဟု ၎င်း က ဆိုသည်။

 

‘‘ပြည်တွင်း ဈေးကတော့ ပြန်ပြီးမာလာတယ်။ ခွဲတမ်းသတ် မှတ်ချက်က မနှစ်ကလိုပါပဲ’’ ဟု ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယအစိုးရ၏ ပြည်ပမှ ပဲတင်သွင်းမည့်အစီအစဉ်ကို စောင့်မျှော်နေသော ပြည်တွင်းပဲ ကုန်သည်များက ၂၀၁၈ နှင့် တန် ချိန်ပမာဏတန်းတူဖြစ်နေခြင်းကို အားရမှုမရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦး က ပြောသည်။ ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်း တန်တစ်သိန်းခွဲနှင့် ပဲစင်းငုံတန် နှစ်သိန်းပြည်ပမှ တင်သွင်းရန် ခွဲ တမ်းချပေးခဲ့သည်။

 

သို့သော် အိန္ဒိယအစိုးရ၏ ကြေညာချက်ထုတ်ပြန်ပြီးနောက် တစ်ရက်တွင် ပြည်တွင်းဈေးကွက် တွင် မတ်ပဲတစ်တန်လျှင် ကျပ် ခြောက်သောင်း၊ ပဲစင်းငုံတစ်တန် လျှင် ကျပ်ကိုးသောင်းခန့်ဈေးမြင့် တက်လာကြောင်း ၎င်းကဆို သည်။

 

ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်ခြောက် သိန်းရှစ်သောင်းမှ ကျပ်ခုနစ်သိန်း လေးသောင်း၊ ပဲစင်းငုံတစ်တန် လျှင် ကျပ်ခုနစ်သိန်းလေးသောင်း မှ ကျပ်ရှစ်သိန်းသုံးသောင်းအထိ ဈေးမြင့်တက်လာသည်။

 

၂၀၁၇ ကစတင်ပြီး အိန္ဒိယ က ပြည်ပမှပဲတင်သွင်းသည့်ပုံစံ ပြောင်းလဲပြီး ယခုထုတ်ပြန်သည့် ခွဲတမ်းအတိုင်း ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံစီးပွားရေးနှင့် စက်မှု ၀န်ကြီးဌာန နိုင်ငံခြားကုန်သွယ် ရေးဌာနက ၂၀၁၈ မေလ ၁၀ ရက်တွင် ပြည်ပမှပဲတင်သွင်း မည့်တန်ချိန်ကို ကြေညာပြီး တင် သွင်းမည့်အချိန်ကို သုံးလသတ် မှတ်သည်။

 

သို့သော် ၂၀၁၈ နှစ်ကုန်ပိုင်း တွင် အိန္ဒိယ၌ မိုးရာသီတွင်စိုက် ပျိုးသောမတ်ပဲ၊ ပဲစင်းငုံအထွက် နည်းခြင်းကြောင့် အိန္ဒိယအစိုးရ က အထူးလိုင်စင်များချထားပြီး မြန်မာနိုင်ငံအပါအ၀င် ပြည်ပမှ ပဲထပ်မံတင်သွင်းခဲ့ရသည်။

 

ထိုသို့တင်သွင်းခွင့်ပြုခြင်း ကို ၂၀၁၉ ဇန်န၀ါရီ ၃၁ ရက်တွင် အိန္ဒိယအကောက်ခွန်ဌာနက ကြေညာချက်ထုတ်ပြန်ပြီး တင် သွင်းမှုကို တားဆီးခဲ့သည်။

 

မြန်မာနိုင်ငံတွင် တစ်နှစ် လျှင် တန်ချိန်လေးသိန်းကျော်စိုက် ပျိုးထုတ်လုပ်သော မတ်ပဲကို အိန္ဒိယနိုင်ငံသို့ ၇၀ ရာခိုင်နှုန်းခန့် တင်ပို့ပြီး တန်ချိန်သုံးသိန်းကျော် စိုက်ပျိုးသည့် ပဲစင်းငုံ ၉၅ ရာခိုင် နှုန်းလည်း အိန္ဒိယဈေးကွက်သို့ သာ တင်ပို့ရသည်။

 

၂၀၁၇ ဩဂုတ်တွင်စတင် သော အိန္ဒိယ၏ပဲတင်သွင်းခွင့် ကန့်သတ်ချက်က မြန်မာနိုင်ငံ၏ ပဲကုန်သည်လောကသာမက ပဲ စိုက်တောင်သူများအတွက်ပါ အ ခက်အခဲဖြစ်သည်။ အိန္ဒိယဈေး ကွက်နှင့်ဝယ်လိုအားပေါ် မူတည် နေသော ပြည်တွင်းပဲဈေးကွက်အ ခြေအနေသည် လယ်သမားများ ကို အကျိုးအမြတ်လျော့နည်းစေ သည်ဟု ဓနုဖြူမြို့နယ်နေလယ်သမားဦးသိန်းအောင်က ပြော သည်။

 

လွတ်လပ်သည့် တောင်သူ လယ်သမားအသင်းဥက္ကဋ္ဌဦးသိန်း အောင်သည် ကိုယ်တိုင်မတ်ပဲစိုက် ပျိုးသူဖြစ်ပြီး ယခုနှစ်တွင် ‘‘လယ် သမားအတွက် အကျိုးအမြတ်က နည်းပါတယ်’’ ဟု ဆိုသည်။ စတင်စိုက်ပျိုးချိန်တွင် မိုးမိခြင်း ကြောင့် မျိုးဖိုးဆုံးရှုံးသကဲ့သို့ တစ်ဧကအထွက်နှုန်းလည်းလျော့ နည်းသည်ဟု ဦးသိန်းအောင်က ရှင်းပြသည်။ လက်ရှိ မတ်ပဲ တစ် တင်းလျှင် ဒေသပေါက်ဈေးကျပ် နှစ်သောင်းခွဲမှ ကျပ်နှစ်သောင်း နှစ်ထောင်အကြား ရရှိပြီး တစ် ဧကစိုက်စရိတ်အရင်းကျေရုံသာ ရှိသည်ဟု ၎င်းကပြောသည်။

 

Source: 7 day news

 

Read times Last modified on Monday, 01 April 2019 13:28
Rate this item
(1 Vote)