Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မျှင်ငါးပိရှားပါးလာသော မြိတ်ဒေသသို့ ရေချိုငါးပိများတင်ပို့နေရဟုဆို

မျှင်ငါးပိရှားပါးလာသော မြိတ်ဒေသသို့ ရေချိုငါးပိများတင်ပို့နေရဟုဆို google.com

တနင်္သာရီကမ်းရိုးတန်း ဒေသဖြစ်သော မြိတ်ဒေသတွင် မျှင်ငါးပိရှားပါးလာ၍ ဧရာဝတီတိုင်းမှ ရေချိုငါးပိများ

တင်ပို့နေရ ကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းဝယ်သူများအသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောသည်။

 

မျှင်ငါးပိထုတ်လုပ်သော ပုစွန်အကောင်သေးများကို ထိုင်း နိုင်ငံက ဝယ်ယူမှု မြင့်တက်နေ သောကြောင့် မြိတ်ဒေသတွင် မျှင်ငါးပိရှားပါးလာသဖြင့် ဧရာဝတီတိုင်းမှ ရေချိုငါးပိများ တင်ပို့နေရ ခြင်းဖြစ်သည်။ 

 

‘‘အရင်က ထားဝယ်၊ မြိတ်၊ ကော့သောင်းဘက်က ရေချိုငါးပိ မစားကြပါဘူး။ အခု အဲဒီဒေသမှာ မျှင်ငါးပိရှားလာတာရယ် မြိတ်မှာ အလုပ်သွားလုပ်တဲ့ မြေပြန့်က လူတွေကလည်း ရေချိုငါးပိစား ကြတော့ ဧရာဝတီထွက်ရေချို ငါးပိတွေ ရန်ကုန်မြို့က တစ်ဆင့် တင်ပို့နေရတယ်’’ဟု ဦးထွန်းစိန် က ပြောသည်။

 

မျှင်ငါးပိသည် ယခုနှစ်ဆန်း က တစ်ပိဿာလျှင် ကျပ် ၁,၂၀၀ မှ ကျပ် ၂,၅၀၀ အထိ ဈေးတက် နေပြီး ရေချိုငါးပိသည် ယခုနှစ် ဆန်းက တစ်ပိဿာလျှင် ကျပ် ၃၅၀ မှ ကျပ် ၁,၃၅၀ အထိ မြင့်တက်နေကြောင်း  ၎င်းက ပြောသည်။

 

ကုန်ကြမ်းရှားပါးပြီး မျှင်ငါးပိ ဈေးနှုန်း မြင့်တက်လာ၍ သို လှောင်ထားနိုင်ခြင်း မရှိတော့ ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ငါးပိထုတ်လုပ်ရေးဇုန်မှ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။ မျှင်ငါး ပိထုတ်လုပ်သော ပုစွန်အကောင် သေးများ တစ်ပိဿာလျှင် ၅၀၀ ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကုန်ကြမ်းအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များက ဝယ်ယူနေရာ မျှင်ငါးပိဈေးနှုန်း ထပ်မံမြင့်တက်လာဖွယ် ရှိကြောင်း ငါးပိဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

 

Source: 7 day News

Read times Last modified on Wednesday, 19 September 2018 13:46
Rate this item
(1 Vote)