Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီးနှံမျိုးစေ့ထုတ်လုပ်သူများ သိရှိလိုက်နာရမည့်အချက်များ

၁။ မျိုးရွေးချယ်ခြင်း

-    ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော၊ စျေးကွက်ရှိသောမျိုးများကို ရွေးချယ်ပါ။

-    အထွက်နှုန်းကောင်း၍ ဆန်အရည်အသွေးမြင့်မားသောမျိုးများကို ဦးစားပေးရွေး ချယ်ပါ။ 

-    မိုးရာသီတွင် အောက်မြန်မာပြည်၌ သက်လတ်အထွက်ကောင်းစပါးမျိုးများဖြစ် သော မနောသုခ၊ ကျော်ဇေယျ၊ မှော်ဘီ ၂၊ ရွှေဝါထွန်း၊ ဧရာမင်း၊ ဆင်းသွယ်လတ် နှင့် ဆန်အရည်အသွေးကောင်းမျိုးများဖြစ်သော ပေါ်ဆန်းမွေး၊ လုံးသွယ်မွှေး၊ အင်းမရဲဘော်၊ ဇီယာ (နှံကားမီးကောက်) စသည့်မျိုးများကိုရွေးပါ။

-    နွေရာသီတွင်ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော သတ်လျင်အထွက်ကောင်း မျိုးများဖြစ်သည့် ရတနာအောင်၊ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ IR-747 နှင့် သတ်လက်စပါးမျိုးများဖြစ်သော မနောသုခ၊ ရေဆင်းလုံးသွယ် စသည့်မျိုးများကို ရွေးပါ။ 

 

၂။    မျိုးစေ့ရယူစုဆောင်းခြင်း

-    မျိုးစေ့ဌာနခွဲမှထုတ်လုပ်သည့် မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးချိန်ရာသီမီ ရရှိ ရေးအတွက် ဒေသဆိုင်ရာမြို့နယ်မန်နေဂျာရုံးသို့ ဆက်သွယ်ပါ။ 

-    စိုက်ခင်းတစ်ဧကလျှင် မျိုးစေ့ (၁-၁.၅) တင်းနှုန်းဖြင့် မိမိစိုက်ပျိုးလိုသည့် ဧက အတွက် လိုအပ်ချက် မျိုးစပါးတင်းအရည်အတွက်ကို ကြိုတင်စုဆောင်းပါ။ 

-    လက်ခံရရှိသည့် မျိုးစေ့အိတ်အတွင်းနှင့်အပြင်တွင် မျိုးစေ့ထောက်ခံချက် လေဘယ် ကဒ်ပြားများ ပါ-မပါ စစ်ဆေးပါ။

-    မျိုးစေ့မျိုးပွားမျိုးစေ့အတွက် သတ်မှတ်ချက်စံချိန်စံညွှန်းများမှာ -

(က) မျိုးသန့်စင်မှုရာခိုင်နှုန်း(အနည်းဆုံး) - ၉၈%

(ခ)   အပင်ပေါက်ရာခိုင်နှုန်း (အနည်းဆုံး) - ၈၅%

(ဂ)   အစိုဓါတ်ရာခိုင်းနှုန်း (အနည်းဆုံး)    - ၁၃%

-    ပျိုးမထောင်မီကာလအတွင်း မျိုးစေ့အိတ်များကို လေဝင်လေထွက်ကောင်းပြီး ရေမိုးလုံခြုံသော၊ ကြွက်ဖျက်ဆီးမှုကင်းလွတ်သော နေရာတွင် စနစ်တကျသိုလှောင် ထားပါ။

-    ပျိုးမထောင်မီမျိုးစပါးကို စနစ်တကျစကောနှင့်ဝိုင်းပြီး ပြာတီးထားပါ။  

 

၃။ မြေနေရာရွေးချယ်ခြင်း

-    ရေထိန်းနိုင်စွမ်းကောင်းသော နုံးစနယ်မြေ အမျိုးအစားကိုရွေးပါ။ 

-    မြေအနိမ့်အမြင့်ညီညာပြီး၊ ရေသွင်းရေထုတ်လွယ်ကူသည့်မြေကိုရွေးပါ။

-    လမ်းပန်းဆက်သွယ်မှု လွယ်ကူသည့်နေရာကိုရွေးပါ။

-     မြေဆီသြဇာထက်သန်၍ အရိပ်လွတ်၊ အလင်းရောင်ကောင်းစွာရနေရာ မြေကွက်ကိုရွေးပါ။

-    အထူးသဖြင့်မြေညီညာရမည်၊ရေနေရေထိုင်ကောင်းရမည်၊ မြေဆီလွှာအဆင့်အတန်း ညီရမည်။ 

-    မြေဆီလွှာအဆင့်အတန်း မညီညာပါက သီးနှံပင်ဖြစ်ထွန်းမှု မညီညာခြင်း၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်မညီညာခြင်း ဖြစ်ပေါ်ပြီး  မျိုးကွဲပယ်ရာတွင် အခက်အခဲဖြစ်နိုင်ပါသည်။ 

-    ယခင်နှစ် (သို့) ယခင်ရာသီတွင် စပါးမျိုးတူ၊ မျိုးစေ့အဆင့် (Seed Class) တူညီခဲ့ သောမြေကွက်ကို ဦးစားပေးရွေးပါ။ 

-    ယခင်နှစ်တွင် စပါးမျိုးမတူ (မျိုးကွဲ) သို့မဟုတ် မျိုးတူမျိုးစေ့အဆင့်နိမ့်သည့် မျိုး စိုက်ခဲ့ပါက ကြားရာသီတွင် အခြားသီးနှံတစ်မျိုး (ဥပမာ-ပဲမျိုးစုံ၊ နှမ်း) စိုက်ခဲ့သည့် မြေကွက်ကိုရွေးပါ။

-    အပိုဒ် (၄-၅) ပါ မြေကွက်အမျိုးအစားများ မရနိုင်ပါက မျိုးစေ့အကြွင်းအကျန်များ ကင်းစင်ရန် ရိုးပြတ်များမီးရှို့ခြင်း၊ ကောက်လေများပျက်စီးစေရန် အကြိမ်ကြိမ် ထယ်ထိုး၊ ထွန်မွှေ၍ရေသွင်းပြီး သမန်းပုပ်အောင်အချိန်ယူဆောင်ရွက်ပါ။ 

-    သဲဆန်လွန်းသော မြေအမျိုးအစားကို ရှောင်ပါ။

-    ရေကြီးနစ်မြုပ်လေ့ရှိသော မိုးခေါင်ပျက်စီးလေ့ရှိသော ဧရိယာအတွင်း တည်ရှိသည့် မြေကွက်ကိုရှောင်ပါ။

-    ပိုးမွှားရောဂါထူပြောစွာ ကျရောက်လေ့ရှိပြီး ယခင်ရာသီတွင် ပိုးမွှားရောဂါပြင်းထန် စွာ ကျရောက်ခဲ့သည့် မြေကွက်ကိုရှောင်ပါ။ 

-    ပိုးမွှားရောဂါထူပြောစွာ ကျရောက်လေ့ရှိသော ယခင်ရာသီက ပိုးမွှားရောဂါ ပြင်းထန်စွာ ရောဂါကျရောက်ခဲ့သည့် မြေကွက်ကိုရှောင်ပါ။

-    လက်မခံနိုင်သည့်ပေါင်း (နှိမ်နှင်းရန်ခက်၊ အဆိပ်အတောက်ဖြစ်စေသော ပေါင်းထူစွာ ပေါက်လေ့ရှိသော) မြေကွက်ကိုရှောင်ပါ။

-    စိုက်ခင်းအတွက် ရွေးရာတွင် မျိုးရောမှုကာကွယ်နိုင်ရန် အခြားမျိုးစိုက်ခင်းနှင့် အနည်းဆုံး (၁၀) ပေအကွာအဝေးထား၍ စိုက်ပျိုးပါ။ 

 

 

၄။ မျိုးသန့်မျိုးစေ့ထုတ်လုပ်ရာတွင် သတိပြုရန်အချက်များ

-    မျိုးစေ့အဆင့်အလိုက် မျိုးစေ့ရယူမှု ( Seed Flow) မှန်ကန်စွာရွေးချယ်ရန်၊

-    စိုက်နည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးရန်၊

-    မျိုးစေ့သန့်စင်ရေးဆောင်ရွက်မှုအဆင့်တိုင်းတွင် သတ်မှတ်ချက်များနှင့်အညီ စနစ် တကျ ဆောင်ရွက်ရန်၊

-    ထွက်ရှိလာသည့်မျိုးစေ့ကို အရည်အသွေးစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီ မှသာ မျိုးအဖြစ်သုံးစွဲရန်၊

မျိုးစေ့ရယူမှု (Seed Source) မှန်ကန်သော်လည်း သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်မှုမရှိပါက မိဘမျိုးစေ့ (BS) ပင် စိုက်စေကာမူ သီးနှံစေ့ (Grain) သာရမည်ကို သတိပြုရန်လိုအပ်ပါသည်။

 

Source, myanmarseedportal.gov.mm

Read times Last modified on Thursday, 04 August 2022 14:24
Rate this item
(0 votes)