Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ခေါက်ဆွဲခြောက်ထုပ် အများဆုံးပြုတ်စားသည့် ထိပ်တန်း(၂၀) နိုင်ငံများတွင် မြန်မာပါဝင်

ခေါက်ဆွဲခြောက်ထုပ် အများဆုံးပြုတ်စားသည့် ထိပ်တန်း(၂၀) နိုင်ငံများတွင် မြန်မာပါဝင်

 

 အသင့်ပြုတ်စား ခေါက်ဆွဲခြောက် အများဆုံး ပြုတ်စားသည့်နိုင်ငံအဖြစ် ၇ နှစ်တိုင်တိုင် ဆောင်းထားသည့် သရဖူကို တောင်ကိုရီးယား စွန့်လွှတ်လိုက်ရသည်။

 

Myat Mi Ba

 

တစ်ဦးချင်းအရ အသင့်ပြုတ်စား ခေါက်ဆွဲခြောက် စားသုံးမှုတွင် ဗီယက်နမ်သည် တောင်ကိုရီးယားထက် သာလွန်သွားခဲ့သည်။

World Instant Noodles Association မှ အချက်အလက်များးအရ ပျမ်းမျှအားဖြင့် တစ်ဦးချင်းအရ ဗီယက်နမ်နိုင်ငံသားများသည်  အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် ၈၇ ထုပ် စားသုံးသည်။ 

ဒုတိယ အများဆုံး ဖြစ်သော တောင်ကိုရီးယား နိုင်ငံသားများသည် ၇၃ ထုပ် စားသုံးသည်။

တတိယ အများဆုံး ဖြစ်သော နီပေါနိုင်ငံသားများသည် ၅၅ ထုပ် စားသုံးပါသည်။

 

 ကိုရီးယားသည် ၂၀၁၃ မှ ၂၀၂၀ ခုနှစ်အထိ ကမ္ဘာပေါ်တွင် ထိပ်ဆုံးမှရပ်တည်ခဲ့သည်။ ၂၀၁၉ တွင် ၇၅ ထုပ်၊ ၂၀၂၀ တွင် အထုပ် ၈၀ သို့ မြင့်တက်ခဲ့ပြီး၂၀၂၁ တွင် ၇၃ ထုပ်သို့ ကျဆင်းခဲ့ပါသည်။

 

ဗီယက်နမ်၏ ကိန်းဂဏန်းသည် ၂၀၁၉ ခုနှစ်တွင် ၅၅ မှ ၂၀၂၀ တွင် ၇၂ ခု၊ နှင့် ၂၀၂၁ ခုနှစ်တွင် ၈၇ သို့ တဖြည်းဖြည်း တိုးလာခဲ့သည်။

 

ဗီယက်နမ်၏ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ဈေးကွက်သည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံ ဖြစ်လာသည်အထိ

လျင်မြန်စွာ ကြီးထွားလာပြီး စျေးကွက်အရွယ်အစားအရ တရုတ်နှင့် အင်ဒိုနီးရှားတို့ပြီးလျှင်  တတိယမြောက်‌အကြီးမားဆုံး အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

 

ဗီယက်နမ်သည် စီးပွားရေးတိုးတက်မှုနှုန်းနှင့်အတူ စားသုံးသူတုိ့သည် မြင့်မားသော ဝယ်ယူနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။  COVID-19 ကြောင့် အပြင်ထွက်ပြီး မစားသောက်ဘဲ အိမ်မှာပဲ ချက်ပြုတ်စားခဲ့ကြသည်။ 

ဗီယက်နမ် အသင့်ပြုတ်စား ခေါက်ဆွဲခြောက် ဈေးကွက်တွင်  Uniben သည် ၂၀၂၁ တွင် ၂၀၂၀ ထက် ရောင်းအား ၁၂% မြင့်တက်ခဲ့ပြီး ဝင်ငွေ ဗီယက်နမ်သုံးငွေ ဒေါင် ၃.၄ ထရီလီယံဖိုး ရရှိခဲ့သည်။

 Asia Food သည် ၂၀၂၁ တွင် ၂၀၂၀ ထက် ရောင်းအား ၄% ကျဆင်းခဲ့ပြီး ဝင်ငွေ ဒေါင် ၅.၅ ထရီလီယံ ရရှိခဲ့သည်။

Colusa-Miliket သည်လည်း ရောင်းအား ၇% ကျဆင်းခဲ့ပြီး ဝင်ငွေ ဒေါင် ၆၇၁ ဘီလီယံ ရရှိခဲ့သည်။ 

ပြည်ပအမှတ်တံဆိပ်တွင် တောင်ကိုရီးယား အမှတ်တံဆိပ်များကို လူကြိုက်များသည်။ အထူးသဖြင့် လူငယ်များ ကြိုက်ကြသည်။ 

တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ ဗီယက်နမ်တွင် ရေပန်းစားခြင်းကြောင့်လည်း တောင်ကိုရီးယား အသင့်ပြုတ်စား ခေါက်ဆွဲခြောက်အပေါ် စိတ်ဝင်စားမှု တိုးစေသည်။

၂၀၂၁ တွင် တောင်ကိုရီးယား အသင့်ပြုတ်စား ခေါက်ဆွဲခြောက် လုပ်ငန်း Paldo Vina သည် ဝင်ငွေ ဒေါင် ၉၁၂ ဘီလီယံ ရရှိခဲ့သည်။ အမြတ် ဒေါင် ၄၉ ဘီလီယံ ရရှိခဲ့သည်။

 

Paldo Vina က တောင်ကိုရီးယားမှ တင်သွင်းပြီး ရောင်းချသည်။ ဗီယက်နမ် ပြည်တွင်းမှာ ထုတ်လုပ်သည့် အထုပ်များထက် အလေးချိန် ၄ ဆ ပိုများသည်။ 

Nongshim က ဗီယက်နမ်ဈေးကွက်ထဲသို့ ၂၀၁၈ တွင် တရားဝင် ဝင်ရောက်ခဲ့သည်။ ၂၀၂၁ တွင် ဝင်ငွေ ဒေါင် ၁၅၀ ဘီလီယံ ရရှိခဲ့သည်။ အမြတ် ဒေါင် ၉ ဘီလီယံ ရရှိခဲ့သည်။

 

 

ထုပ်ရေ သန်း

 

နိုင်ငံ ဒေသ

၂၀၁၉

၂၀၂၀

၂၀၂၁

တရုတ်/ဟောင်ကောင်

41,450

46,360

43,990

အင်ဒိုနီးရှား

12,520

12,640

13,270

ဗီယက်နမ်

5,440

7,030

8,560

အိန္ဒိယ

6,730

6,730

7,560

ဂျပန်

5,630

5,970

5,850

အမေရိကန်

4,630

5,050

4,980

ဖိလစ်ပိုင်

3,850

4,470

4,440

တောင်ကိုရီးယား

3,900

4,130

3,790

ထိုင်း

3,570

3,710

3,630

၁၀

ဘရာဇီး

2,420

2,720

2,850

၁၁

နိုင်ဂျီးရီးယား

1,920

2,460

2,620

၁၂

ရုရှား

1,910

2,000

2,100

၁၃

နီပေါ

1,640

1,540

1,590

၁၄

မလေးရှား

1,450

1,570

1,580

၁၅

မက္ကဆီကို

1,170

1,160

1,360

၁၆

ထိုင်ဝမ်

830

870

900

၁၇

ဆော်ဒီအာရေဗျ

560

830

850

၁၈

မြန်မာ

620

660

760

၁၉

သြစတြေးလျ

420

440

450

၂၀

ဘင်္ဂလားဒေ့ရှ်

370

370

430

 

World Instant Noodles Association မှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံသည် ၂၀၁၇ တွင် အသင့်ပြုတ်စား ခေါက်ဆွဲခြောက် အထုပ် သန်း ၅၉၀ စားသုံးခဲ့သည်။ ၂၀၁၈ တွင် အထုပ် သန်း ၆၀၀ စားသုံးခဲ့သည်။ ၂၀၁၉ တွင် အထုပ် သန်း ၆၂၀ စားသုံးခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့ရာ ၂၀၂၀ တွင် အထုပ် သန်း ၆၆၀ စားသုံးခဲ့ပြီး ၂၀၂၁ တွင် အထုပ် သန်း ၇၆၀ စားသုံးခဲ့သည်။ အဆင့် ၁၈ တွင် နေရာယူထားပါသည်။

 #MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

Read times Last modified on Tuesday, 27 September 2022 10:15
Rate this item
(0 votes)