Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Palmira

ထန်းသီးအစေ့များကို ထန်းမြစ်အဖြစ်စိုက်ပျိုးရောင်းချ

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကျေးရွာရှိ တောင်သူများမှ ထန်းသီးအစေ့များကို ထန်းမြစ်အဖြစ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရလျက်ရှိကြောင်း သိရပါတယ်။

ထန်းမြစ်ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမှတစ်ဆင့် အထက်ချင်းတွင်းဒေသများနှင့် ကချင်ပြည်နယ်များသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

ထန်းပင်ပိုင်ရှင်များက အသီးအရင့်များကိုခူးပြီး အကာကို နွားစာအဖြစ် ကျွေးမွေးပြီး ထန်းသီးဆန်ကို ထန်းမြစ်စိုက်ကြကြောင်း သိရပါတယ်။

ထန်းပင်မပိုင်သူများက အပင်မှာရှိတဲ့ ထန်းသီးတွေကို အပြတ်ဝယ်ယူ၍ စိုက်ကြပြီး အချို့ကတော့ အမှန့်လွန်ပြီး ကြွေကျတဲ့ အသီးတွေကို လိုက်ကောက်၍ စိုက်ကြကြောင်း သိရပါတယ်။

ထန်းသီးအရင့်တွေကို သြဂုတ်လတွင် မြေကျင်းအနည်းငယ်တူး၍ မြှုပ်ရပြီး နိုဝင်ဘာလတွင် ထန်းမြစ်စပြီး ပေါ်လာကြောင်း သိရပါတယ်။

ထန်းမြစ်ကတော့ ဒီနယ်တစ်ဝိုက်မှာ အစောဆုံးပေါ်တာဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ်ကတော့ တစ်စည်းကို ၃၅၀ ကျပ်ဈေးနှုန်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တွင်တော့ ထန်းမြစ် ၂၅ ပင်ပါတဲ့အစည်းတစ်စည်းကို ဖောက်သည်ဈေး ၄၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချပြီး ရောင်းတဲ့သူတွေက ၇၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါတယ်။

ထန်းသီးအစေ့ကို ပေ ၂၀ ပတ်လည်ရှိ မြေအကျယ်တွင် စိုက်ပျိုးလျှင် တစ်နှစ်ကို သုံးသိန်းကျပ်မှ လေးသိန်းကျပ်အထိ အပိုဝင်ငွေရရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ပေါက်ရောက်လျက်ရှိသည့် ထန်းပင်များကို အပင်တစ်ပင်လုံးတွင် အရွက်က အမိုးအတွက် အသုံးပြုနိုင်ပြီး ထန်းလက်များကို ထန်းလျှော်၊ ထန်းခေါက်တောင်း၊ ကုလားထိုင်နှင့် ထင်းအဖြစ် အသုံးပြုကြကြောင်း သိရပါတယ်။

ထန်းပင်မှ ထန်းရေချိုကို ထန်းလျက်ချက်၍ရပြီး ထန်းသီးဆန်အနုများကို စားသုံးကြကြောင်း သိရပါတယ်။

မိသားစုလိုက်စိုက်ပျိုးရတဲ့အတွက် ထန်းပင်အပိုင်ရှိရင် ငွေကုန်ကျမှုနည်းနည်းနဲ့ ၀င်ငွေများတဲ့ အလုပ်ဖြစ် ကြောင်း သိရပါတယ်။

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 13:49
Rate this item
(1 Vote)