Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမြင့်ဆုံးဈေးအထိရောက်ရှိနေတဲ့ ဂျပန်နှမ်းဈေးကွက်

မန္တလေးကုန်စည်ဈေးကွက်မှာ အရောင်းအ၀ယ်ဖြစ်လျက်ရှိတဲ့ ဂျပန်နှမ်းဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကတင်ထားခဲ့တဲ့

စံချိန်တင်ဈေးနှုန်းထက် ပိုမိုမြင့်တက်လာခဲ့တယ်လို့ မန္တလေးကုန်စည်ဒိုင်ဈေးကွက်ရှိ ပဲ၊ နှမ်းကုန်သည်အချို့ထံမှ သိရပါတယ်။

 

ဇူလိုင် ၂ ရက်နေ့ဈေးနှုန်းအရ ဂျပန်နှမ်းဖြူ တစ်အိတ်ကို ၁၆၂,၀၀၀ ကျပ်ရှိကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း မန္တလေးကုန်စည်ဒိုင် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ဂျပန်နှမ်းဈေးဟာ ၄၅ ပိဿတစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်ဖြင့် စံချိန်တင်ဈေးနှုန်းဖြစ်ခဲ့ပြီး ယခုရက်ပိုင်းမှာတော့ ၁၆၄,၀၀၀ ကျပ်ဈေးနှုန်းအထိ ပေါက်ဈေးရှိနေတယ်လို့ မန္တလေးမြို့ပေါ်ရှိ ကျောက်ဆည်ပွဲရုံလုပ်ငန်းရှင် ဦးမောင်စိုးရဲ့ ပြောကြားချက်အရသိရပါတယ်။

 

ဂျပန်နှမ်းကို ကျောက်ဆည်၊ ကူမဲ၊ မြစ်သားအနီးဝန်းကျင်နဲ့ မတ္တရာနယ်တစ်ဝိုက် မိတ်၊ ဧပြီလတို့မှာ စတင်စိုက်ပျိုးပြီး ဇွန်၊ ဇူလိုင်မှာ ဈေးကွက်အတွင်း ၀င်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။

 

ယခုနှစ်ရာသီဥတုအခြေအနေကြောင့် နှမ်းအထွက်နည်းခဲ့ပြီး ဈေးကွက်အတွင်း လက်ကျန်နှမ်းဟောင်း ပစ္စည်းပြတ်လတ်နေတဲ့အတွက် ဈေးကွက်လိုအပ်ချက် မြင့်မားလျက်ရှိနေတယ်လို့ ဦးမောင်စိုးက ထပ်မံပြောဆိုထားပါတယ်။

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဂျပန်နှမ်းကို အဓိက၀ယ်ယူနေတဲ့အတွက် ဈေးကွက်အတွင်းပစ္စည်းဝင်ရောက်မှုနည်းပါးနေသလို လက်ရှိထက် ဈေးပိုတက်နိုင်တဲ့အနေအထားရှိနေတယ်လို့ မန္တလေးကုန်စည်ဒိုင်သို့ လာရောက်သော ပဲ၊နှမ်းကုန်သည်များက ခန့်မှန်းထားကြပါတယ်။

 

မနှစ်က ၄၅ ပိဿဝင် တစ်အိတ်ကို ၁၂၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးကွက်ပိတ်ခဲ့တဲ့ ဂျပန်နှမ်းဟာ ဒီနှစ်ဈေးကွက်ဖွင့်ချိန် ဇွန်လဆန်းပိုင်းက ၄၅ ပိဿတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ကျော်နဲ့ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့မှာတော့ ၁၄၃၀၀၀ ကျပ်နှင့် ၁၅၂၀၀၀ ကျပ်ကြားရှိခဲ့ရာက ဒီရက်ပိုင်းအတွင်းမှာတော့ ၁၆၄၀၀၀ ကျပ်အထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

Source : The Voice

Read times Last modified on Tuesday, 18 September 2018 11:55
Rate this item
(1 Vote)