Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်စပါးမျိုးသန့်မျိုးစေ့ ထုတ်လုပ်မည့် စီမံကိန်း JICA နှင့်ပူးပေါင်းဆောင်ရွက်မည်

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ(JICA)နှင့် ပူးပေါင်းပြီး ဆန်စပါးမျိုးသန့်မျိုးစေ့များ

ထုတ်လုပ်ဖြန့်ဖြူးမည့် ငါးနှစ်ခွဲကြာ စီမံကိန်းကို အကောင်အထည်ဖော် မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

စီမံကိန်းလုပ်ဆောင်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ တို့ စီမံကိန်း ဆွေးနွေးချက်မှတ် တမ်းလက်မှတ်ရေးထိုးပွဲကို ဇွန်လ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

 

စပါးမျိုးစေ့မျိုးသန့်များကို တောင်သူများပိုမိုရရှိပြီး စိုက်ပျိုး လာစေရန် အဆိုပါ စီမံကိန်းကို ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ် ကြောင်း ဝန်ကြီးဌာနက လက်မှတ် ရေးထိုးပွဲအပြီးတွင် သတင်းထုတ် ပြန်သည်။ စပါးမျိုးသန့်ပြန့်ပွား ရေး လုပ်ငန်းများအတွက် နည်း ပညာ၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုလုပ် ငန်းများလုပ်ဆောင်မည်ဟု ဆို သည်။

 

အဆိုပါစီမံကိန်းကို ၂၀၁၇ စက်တင်ဘာတွင် စတင်ရန် စီစဉ် နေပြီး ၂၀၂၃ ဖေဖော်ဝါရီအထိ ငါးနှစ်ခွဲကြာမြင့်မည့် စီမံကိန်းဖြစ် သည်။ စီမံကိန်းကို ဧရာဝတီတိုင်း ရှိ ခရိုင်ခြောက်ခုမှ မြို့နယ် ၂၆ ခု၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှ မြို့ နယ် ခုနစ်ခုတို့တွင် ဆောင်ရွက် မည်ဖြစ်သည်။ စီမံကိန်းတွင် မျိုး စေ့ခြံနှင့် မျိုးစေ့ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ စပါးအရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းများကို ဂျပန်နည်းပ ညာနှင့်ပေါင်းစပ်ဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

တောင်သူများ စပါးမျိုးသန့် များ စိုက်ပျိုးရာတွင် ဆန်စပါးအ ရည်အသွေးတိုးတက်ပြီး နိုင်ငံတ ကာဈေးကွက်များသို့ တင်ပို့ရာ၌ ပိုမိုအဆင်ပြေစေရန် ရည်ရွယ် ခြင်းလည်းဖြစ်ကြောင်း စိုက်ပျိုး ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦး က ပြောသည်။

 

‘‘အခုလက်ရှိမှာ တောင်သူ တွေက မျိုးသန့်တွေကို သုံးတာမ ဟုတ်ဘဲ ကိုယ့်လယ်က ထွက်တဲ့ စပါးတွေကိုပဲ မျိုးအဖြစ်နဲ့သုံးနေ ကြတယ်။ မျိုးကောင်းမျိုးသန့်တွေ ကို စိုက်ပျိုးကြတာ မဟုတ်တဲ့အ တွက် ထွက်လာတဲ့ဆန်းစပါးဟာ အရည်အသွေးမပြည့်မီဘူးဆိုရင် ပြည်ပ ဈေးကွက်တွေကိုလည်း Export (တင်ပို့ခြင်း)မလုပ်နိုင်ဘူး ဖြစ်တာပေါ့နော်။ ပြည်တွင်းမှာ စားသုံးရင်လည်း အာဟာရပြည့်မီ တဲ့ဆန်တွေကို စားသုံးရတာမျိုး ဖြစ်နေတာပေါ့နော်။ အဲဒါကြောင့် မျိုးသန့်မျိုးစေ့တွေ ပိုစိုက်ဖို့ အ တွက်ပါ’’ဟု ၎င်းက ပြောသည်။

 

စီမံကိန်းတွင် စပါးမျိုးသစ် များကို စမ်းသပ်ထုတ်လုပ်ခြင်း မဟုတ်ဘဲ လက်ရှိတောင်သူများ စိုက်ပျိုးနေသည့် မျိုးများကို မျိုးသန့်မျိုးစေ့များ ရရှိရန် ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:55
Rate this item
(2 votes)