Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သကြား မှောင်ခိုနှိပ်ကွပ်မှုကြောင့် အာရှသကြား ပိုလျှံနေမည်

Unicode ျဖင့္ဖတ္ရန္

တရုတ်သကြား မှောင်ခိုနှိပ်ကွပ်မှုကြောင့် အာရှသကြား ပိုလျှံနေမည်

နိုင်ငံတကာ သကြားအဖွဲ့ (ISO- International Sugar Organization) ၏ တွက်ချက် ခန့်မှန်းချက်များအရ တရုတ်နိုင်ငံ အစိုးရက သကြား တရားမဝင်တင်သွင်းခြင်းအပေါ် နှိပ်ကွပ်အရေးယူမှုများကြောင့် တရုတ်နိုင်ငံမှ ဝယ်လိုအား သကြားတန်ချိန် ၅ သန်း ဝန်းကျင်သည် ၂၀၁၉-၂၀၂၀ ကြံရာသီတွင် ပိုလျှံနေမည်။

 

ထိုသို့ ပိုလျှံနေသော သကြားများ ထားသိုရန် သိုလှောင်ရုံများ အလုံအလောက် မရှိသည့် ပြဿနာကို ကြုံကြရမည် ဖြစ်သည်။

 

Bakeries မုန္႔ဖုတ္လုပ္ငန္းေပါင္း ၅၆၆ ခုကိုရွာရန္ႏွိပ္ပါ။

 

တရုတ်နိုင်ငံအတွင်းသို့ တရားမဝင် မှောင်ခိုတင်သွင်းသည့် သကြားအများစု၏ မူရင်းနှိုင်ငံများမှာ အိန္ဒိယနှင့် ထိုင်း နိုင်ငံတို့ ဖြစ်ပြီး အဆိုပါသကြားများကို မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ နယ်ခြားဖြတ်ကျော်ကာ တင်သွင်းသည်။

 

ပြီးခဲ့သည့်နှစ်တုန်းက မှောင်ခိုတင်သွင်းသည့် သကြားပမာဏသည် တန်ချိန် ၁ ဒသမ ၅ သန်းမှ ၂ ဒသမ ၈ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားပြီး ယခုနှစ်တွင် တရုတ်အစိုးရ၏ အရေးယူမှုများကြောင့် တန်ချိန် ၈ သိန်း ဝန်းကျင်သာ ရှိမည်ဟု ဈေးကွက် ကျွမ်းကျင်သူတို့က ခန့်မှန်းထားသည်။

 

တရုတ်နိုင်ငံတွင် ပြည်ပမှ သကြားတင်သွင်းသည့်အပေါ် အကောက်ခွန် တိုးမြှင့် ကောက်ခံခြင်းနှင့်အတူ သကြား သွင်းကုန်လိုင်စင် လျှောက်ထားခြင်း စံချိန်တင် လျော့ကျသွားခဲ့သဖြင့် အစိုးရမှ တရားမဝင် တင်သွင်းခြင်းများကို အရေးယူဆောင်ရွက်ခဲ့သည်။  သကြားသွင်းကုန်အပေါ် အကောက်ခွန်နှုန်းထား မြင့်မားစွာ သတ်မှတ်ပေးထားခြင်းသည် ပြည်တွင်း သကြားလုပ်ငန်းများကို ကာကွယ်ပေးရန်အတွက် ဖြစ်သည်။ သို့သော် ယခုလို အရေးယူ ဆောင်ရွက်သည့်အတွက် ပြည်တွင်း သကြားဈေးနှုန်း မြင့်တက်နေစေသည်မှာ အမှန်ပင် ဖြစ်သည်။ ယခင်နှစ်ကထက် ဈေးနှုန်း ၂၀ ရာခိုင်နှုန်း မြင့်တက်သွားသည်။

 

တရုတ်အစိုးရသည် ပြည်တွင်း လိုအပ်ချက်ကို ပြည်တွင်း ထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းမည် ဖြစ်ပြီး မလုံလောက်သည့်ပမာဏများကို ပြည်ပမှ တင်သွင်းမည် ဖြစ်သည်။ ထို့အတွက် ခွဲတမ်း သတ်မှတ်ချက် ပြဋ္ဌာန်းထားမည်ဖြစ်ပြီး ခွဲတမ်းပြင်ပ တင်သွင်းမှုများအပေါ် အကောက်ခွန် အပိုဆောင်း ပြီး စည်းကြပ်မည် ဖြစ်သည်။

 

ယခုလို ပိတ်ပင်တားဆီးလိုက်ခြင်းသည် အာရှသကြားအပေါ် ဘူးလေးရာ ဖရုံဆင့်ခြင်း ဖြစ်သွားရသည်။ ကမ္ဘာ့သကြား ထုတ်လုပ်မှုသည် ဝယ်လိုအားထက် ပိုများနေခဲ့သည်မှာ ၂ နှစ် ဆက်တိုက် ရှိနေပြီ ဖြစ်သ ည်။  နိုင်ငံတကာ သကြားအဖွဲ့၏ အဆိုအရ ယခုနှစ်တွင် သကြားတန်ချိန် ၉၅ သန်း ပိုလျှံနေသည်။

 

ယင်းပမာဏသည် အာရှ သကြားသုံးစွဲမှု ၆လ စာနှင့် ညီမျှသည်။

 

Read More >>>>>  တ႐ုတ္ႏိုင္ငံမွ ပန္းသီးႏွင့္ လိေမၼာ္သီးမ်ား ျမန္မာသို႔တင္သြင္းမည္

 

သကြား ပြည်ပတင်ပို့မှု ပမာဏတွင် ကမ္ဘာ့ဒုတိယ နေရာတွင် ရှိနေသည့် ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်၌ တန်ချိန် ၇ သန်း နီးပါး သိုလှောင်ရုံများတွင် ကျန်ရှိနေသည်။ နှစ်ကုန်တွင် သကြားအသစ် မပေါ်ခင် ရောင်းကုန်ဖို့ အရေးတကြီး ဖြစ်နေစေသည်။ ယခင်နှစ်ကထက် တန်ချိန် ၁ ဒသမ ၁ သန်း ပိုများနေခြင်း ဖြစ်သည်ဟု သိရသည်။ အာရှမှ ပိုလျှံနေသည့် သကြားများကို အာရှနိုင်ငံများက သုံးစွဲပေးနိုင်ရန် သကြားဈေးနှုန်း ကျဆင်းပေးရမည်ဟု ခန့်မှန်းထားကြသည်။

 

Myanmar Food Industry Directory

 

 

 

တ႐ုတ္သၾကား ေမွာင္ခုိႏွိပ္ကြပ္မႈေၾကာင့္ အာရွသၾကား ပုိလွ်ံေနမည္

 

ႏုိင္ငံတကာ သၾကားအဖြဲ႕ (ISO- International Sugar Organization) ၏ တြက္ခ်က္ ခန္႔မွန္းခ်က္မ်ားအရ တရုတ္ႏုိင္ငံ အစုိးရက သၾကား တရားမ၀င္တင္သြင္းျခင္းအေပၚ ႏွိပ္ကြပ္အေရးယူမႈမ်ားေၾကာင့္

 

တရုတ္ႏုိင္ငံမွ ၀ယ္လုိအား သၾကားတန္ခ်ိန္ ၅ သန္း ၀န္းက်င္သည္ ၂၀၁၉-၂၀၂၀ ႀကံရာသီတြင္ ပုိလွ်ံေနမည္။

 

Bakeries မုန္႔ဖုတ္လုပ္ငန္းေပါင္း ၅၆၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ထုိသုိ႔ ပုိလွ်ံေနေသာ သၾကားမ်ား ထားသုိရန္ သုိေလွာင္ရုံမ်ား အလုံအေလာက္ မရွိသည့္ ျပႆနာကုိ ႀကံဳၾကရမည္ ျဖစ္သည္။

 

တ႐ုတ္ႏုိင္ငံအတြင္းသုိ႔ တရားမ၀င္ ေမွာင္ခုိတင္သြင္းသည့္ သၾကားအမ်ားစု၏ မူရင္းႏွုိင္ငံမ်ားမွာ အိႏိၵယႏွင့္ ထုိင္း ႏုိင္ငံတုိ႔ ျဖစ္ၿပီး အဆုိပါသၾကားမ်ားကို ျမန္မာ၊ လာအုိႏွင့္ ဗီယက္နမ္ ႏုိင္ငံတုိ႔မွတစ္ဆင့္ တရုတ္ႏုိင္ငံအတြင္းသုိ႔ နယ္ျခားျဖတ္ေက်ာ္ကာ တင္သြင္းသည္။

 

ၿပီးခဲ့သည့္ႏွစ္တုန္းက ေမွာင္ခုိတင္သြင္းသည့္ သၾကားပမာဏသည္ တန္ခ်ိန္ ၁ ဒသမ ၅ သန္းမွ ၂ ဒသမ ၈ သန္းအထိ ရွိမည္ဟု ခန္႔မွန္းထားၿပီး ယခုႏွစ္တြင္ တရုတ္အစုိးရ၏ အေရးယူမႈမ်ားေၾကာင့္ တန္ခ်ိန္ ၈ သိန္း ၀န္းက်င္သာ ရိွမည္ဟု ေဈးကြက္ ကၽြမ္းက်င္သူတုိ႔က ခန္႔မွန္းထားသည္။

 

တ႐ုတ္ႏုိင္ငံတြင္ ျပည္ပမွ သၾကားတင္သြင္းသည့္အေပၚ အေကာက္ခြန္ တုိးျမႇင့္ ေကာက္ခံျခင္းႏွင့္အတူ သၾကား သြင္းကုန္လုိင္စင္ ေလွ်ာက္ထားျခင္း စံခ်ိန္တင္ ေလ်ာ့က်သြားခဲ့သျဖင့္ အစုိးရမွ တရားမ၀င္ တင္သြင္းျခင္းမ်ားကုိ အေရးယူေဆာင္ရြက္ခဲ့သည္။  သၾကားသြင္းကုန္အေပၚ အေကာက္ခြန္ႏႈန္းထား ျမင့္မားစြာ သတ္မွတ္ေပးထားျခင္းသည္ ျပည္တြင္း သၾကားလုပ္ငန္းမ်ားကုိ ကာကြယ္ေပးရန္အတြက္ ျဖစ္သည္။ သုိ႔ေသာ္ ယခုလုိ အေရးယူ ေဆာင္ရြက္သည့္အတြက္ ျပည္တြင္း သၾကားေဈးႏႈန္း ျမင့္တက္ေနေစသည္မွာ အမွန္ပင္ ျဖစ္သည္။ ယခင္ႏွစ္ကထက္ ေဈးႏႈန္း ၂၀ ရာခုိင္ႏႈန္း ျမင့္တက္သြားသည္။

 

တရုတ္အစုိးရသည္ ျပည္တြင္း လုိအပ္ခ်က္ကုိ ျပည္တြင္း ထုတ္လုပ္မႈျဖင့္ ျဖည့္ဆည္းမည္ ျဖစ္ၿပီး မလုံေလာက္သည့္ပမာဏမ်ားကုိ ျပည္ပမွ တင္သြင္းမည္ ျဖစ္သည္။ ထုိ႔အတြက္ ခြဲတမ္း သတ္မွတ္ခ်က္ ျပ႒ာန္းထားမည္ျဖစ္ၿပီး ခြဲတမ္းျပင္ပ တင္သြင္းမႈမ်ားအေပၚ အေကာက္ခြန္ အပုိေဆာင္း ၿပီး စည္းၾကပ္မည္ ျဖစ္သည္။

 

ယခုလုိ ပိတ္ပင္တားဆီးလုိက္ျခင္းသည္ အာရွသၾကားအေပၚ ဘူးေလးရာ ဖရုံဆင့္ျခင္း ျဖစ္သြားရသည္။ ကမၻာ့သၾကား ထုတ္လုပ္မႈသည္ ၀ယ္လုိအားထက္ ပုိမ်ားေနခဲ့သည္မွာ ၂ ႏွစ္ ဆက္တုိက္ ရွိေနၿပီ ျဖစ္သ ည္။  ႏုိင္ငံတကာ သၾကားအဖြဲ႔၏ အဆုိအရ ယခုႏွစ္တြင္ သၾကားတန္ခ်ိန္ ၉၅ သန္း ပုိလွ်ံေနသည္။

ယင္းပမာဏသည္ အာရွ သၾကားသုံးစြဲမႈ ၆လ စာႏွင့္ ညီမွ်သည္။

 

Read More >>>>>  တ႐ုတ္ႏိုင္ငံမွ ပန္းသီးႏွင့္ လိေမၼာ္သီးမ်ား ျမန္မာသို႔တင္သြင္းမည္

 

သၾကား ျပည္ပတင္ပုိ႔မႈ ပမာဏတြင္ ကမၻာ့ဒုတိယ ေနရာတြင္ ရွိေနသည့္ ထုိင္းႏုိင္ငံသည္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလကုန္၌ တန္ခ်ိန္ ၇ သန္း နီးပါး သုိေလွာင္ရုံမ်ားတြင္ က်န္ရွိေနသည္။ ႏွစ္ကုန္တြင္ သၾကားအသစ္ မေပၚခင္ ေရာင္းကုန္ဖုိ႔ အေရးတႀကီး ျဖစ္ေနေစသည္။ ယခင္ႏွစ္ကထက္ တန္ခ်ိန္ ၁ ဒသမ ၁ သန္း ပုိမ်ားေနျခင္း ျဖစ္သည္ဟု သိရသည္။ အာရွမွ ပိုလွ်ံေနသည့္ သၾကားမ်ားကို အာရွႏိုင္ငံမ်ားက သုံးစြဲေပးႏိုင္ရန္ သၾကားေဈးႏႈန္း က်ဆင္းေပးရမည္ဟု ခန္႔မွန္းထားၾကသည္။

 

Myanmar Food Industry Directory

 

 

 

Read times Last modified on Friday, 14 February 2020 16:13
Rate this item
(1 Vote)