Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Hi-So ရင်းနှီးမြှုပ်နှံမှုများ ထပ်မံရရှိ

အောက်တိုဘာလတွင် ဂျပန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများထံမှ အရင်းအနှီးအသစ်များ ရရှိခဲ့သည်ဟု စားသောက်ကုန်ဖြန့်ဝေမှုနှင့် အွန်လိုင်းစျေးဝယ်ပလက်ဖောင်း Hi-So ကပြောကြားခဲ့သည်။


 

Hi-So သည် ၎င်း၏သုံးစွဲသူများကို ရန်ကုန်ရှိ စားသောက်ကုန်များ၊ အစားအသောက်များနှင့် နေ့စဉ်သုံးပစ္စည်းများ မှာယူနိုင်ရန် အက်ပလီကေးရှင်းကို ဖန်တီးပေးထားသည်။နောင်အနာဂတ်တွင်မြန်မာနိုင်ငံရှိ ဒေသများ၌ ၀န်ဆောင်မှုပေးရန် စီစဉ်ထားသည်။ သုံးစွဲသူတို့သည် အက်ပလီကေးရှင်းအပြင် Hi-So ဝက်ဘ်ဆိုက်နှင့် Facebook page တို့မှလည်း မှာယူနိုင်သည်။

 

Hi-So သည် မှာကြားချက်များအရ စက်ဘီးများဖြင့် ပစ္စည်းများ လိုက်လံပေးပို့သည့် ပလက်ဖောင်းအဖြစ် ၂၀၁၈ ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ယခုအခါ လစဉ်ပေးပို့ရသည့်ပမာဏ နှုန်းထားသည် ပျမ်းမျှအားဖြင့် ဂဏန်း ၂ လုံးရာခိုင်နှုန်းဖြင့် တိုးများနေသည်ဟု သိရသည်။ထပ်မံရရှိလာသည့် အရင်းအနှီးများမှ အချို့ကို အက်ပလီကေးရှင်း မွမ်းမံရန် အတွက် သုံးစွဲသွားမည်ဟု ဆိုသည်။

 

အက်ပလီကေးရှင်း တိုးတက်ကောင်းမွန်လာသည့်အလျောက် သုံးစွဲသူများနှင့် လက်တွဲလုပ်ကိုင်သည့်ဆိုင်များ ပိုများလာမည် ဖြစ်သည်။လက်ရှိတွင် ဆိုင်ပေါင်း ၁,၂၀၀ နှင့် လက်တွဲထားရာ အများစုမှာ စားသောက်ဆိုင်များနှင့် ကုန်စိမ်းဆိုင်များ ဖြစ်သည်။ လာမည့်နှစ်တွင် ဆိုင်ပေါင်း ၅,၀၀၀ သို့ တိုးမြှင့်ရန် ရည်မှန်းထားသည်။ နေ့စဉ်သုံးပစ္စည်းများ၊ အလှကုန်နှင့် အဝတ်အစား စတိုးဆိုင်များ တိုးအောင် လုပ်ဆောင်ရန် ရည်မှန်းထားသည်။

 

techinasia.com

Read times
Rate this item
(0 votes)