Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 539


Beans Myanmar

Beans Myanmar beans google

ကိုမြင့်တို့နိုင်ငံဟာ ပဲမျိုး စုံထွက်တဲ့နိုင်ငံတစ်နိုင်ငံပါ။ မန္တလေးတိုင်း၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ပဲခူးတိုင်းစတဲ့ တိုင်းဒေသကြီးများမှာသာမက ပြည်နယ်တွေမှာလည်းအနည်း ငယ် စိုက်ပျိုးကြတယ်။

အဲ့ဒီတော့ တောင်သူတွေကိုခွဲခြားလေ့လာ မယ်ဆိုရင်  ပဲအဓိကစိုက်တောင်သူ၊ စပါးအဓိကစိုက်တောင်သူ၊ဂျုံအဓိက စိုက်တောင်သူ၊ဆီထွက်သီးနှံ အဓိကစိုက်တောင်သူ၊ဆေးရွက် ကြီး/ဗာဂျီးနီးယားဆေးအဓိက စိုက်တောင်သူ၊ ဟင်းသီးဟင်းရွက် အဓိကစိုက်တောင်သူ၊ဥယျာဉ်ခြံ တောင်သူနဲ့ထန်းတောင်သူဆိုပြီး (၈)မျိုးလောက်ခွဲနိုင်ပါတယ်။

အဓိကပြောချင်တာက ပဲစိုက်တောင်သူတွေအတွက်ပါ။ ပဲကြား၊ ပဲကြီး၊ ပဲလွန်း၊ ပဲနီလေး၊ ပဲကတ္တီပါစတဲ့ပဲတွေအနက် မတ်ပဲ နဲ့ပဲစင်းငုံနဲ့ပဲတီစိမ်းကတော့ Export ပဲလို့ခေါ်ရမှာပေါ့။ပြီးခဲ့တဲ့ ၂၀၁၆ဇူလိုင်လမှာအိန္ဒိယက အဝယ်များတဲ့ မတ်ပဲတစ်တန်ကို ကျပ်တစ်ဆယ့်ရှစ်သိန်းခွဲနဲ့ ပဲစင်း ငုံတစ်တန်မှာကျပ်တစ်ဆယ့် ငါးသိန်းအထိပေါက်ဈေးရှိခဲ့ပါ တယ်။ သို့သော်၂၀၁၆ခုနှစ် ဩဂုတ်လလယ်အကျော်မှာတော့ မတ်ပဲတစ်တန်မှာ ကျပ်တစ်ဆယ့် လေးသိန်းခြောက်သောင်းနဲ့ပဲစင်းငုံ တစ်တန်မှာကျပ်တစ်ဆယ့်တစ် သိန်းကျပ်သာသာပေါက်ဈေးရှိ နေခဲ့ပါတယ်။ ဆိုလိုတာက ဇူလိုင် လထက်ဩဂုတ်လအကျော်မှာ မတ်ပဲနှင့်ပဲစင်းငုံတစ်တန်မှာ ကျပ်လေးသိန်းခန့်ဈေးနှုန်းကျ ဆင်းသွားခဲ့ရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ
အိန္ဒိယနိုင်ငံဘက်ကပဲ ဝယ်ယူမှုတစ်လကြာရပ်ဆိုင်း ထားကြတယ်။အိန္ဒိယဘက်က ဒီနှစ်ရာသီဥတုကောင်းပြီး ပဲပိုစိုက် လာနိုင်တယ်။  အထွက်နှုန်းကောင်း မကောင်းမသိနိုင်သေးပေမဲ့မြန်မာ ဘက်ကပဲအဝယ်ကိုရပ်ဆိုင်းထားကြ တယ်။အိန္ဒိယဘက်မှာပဲလိုအပ် ချက်တကယ်ရှိနေပေမယ့် မြန်မာ နိုင်ငံရဲ့ပဲအသစ်ပေါ်ချိန်ဈေးကျ မယ့်အချိန်ကိုလည်း စောင့်ဝယ် တတ်ကြတယ်။

အိန္ဒိယဘက်က ဇူလိုင်လ တစ်လလုံး ပဲအဝယ်ရပ်လိုက် တာနဲ့ ဩဂုတ်လမှာပဲဈေးတွေထိုး ကြလာတော့မြန်မာ့ပဲစိုက် တောင်သူတွေ နစ်နာရတာပေါ့ ဗျာ။ ဒါဘာကြောင့်လဲဆိုရင်အိန္ဒိယ   ဈေးကွက်တစ်ခုတည်းပဲအဓိက အားပြုနေရလို့ပါပဲ။ အဲဒီတော့ အိန္ဒိယကပဲများများစားပါစေ၊ အိန္ဒိယမှာ ပဲအထွက် တွေနည်းပါ စေလို့ဆုတောင်းရမလို ဖြစ်မနေ ပေဘူးလား။

အိန္ဒိယပဲအသစ်တွေက အောက်တိုဘာမှာ ထွက်နိုင်တယ်။ မြန်မာဘက်မှာတော့ပဲစင်းငုံ အ သစ်က ဒီဇင်ဘာမှာထွက်ပြီးမတ်ပဲ အသစ်တွေက၂၀၁၇ ဖေဖော်ဝါ ရီလမှာဈေးကွက်ကိုရောက်နိုင် တယ်။ မြစ်ဘေးမှာစိုက်ပျိုးခဲ့တဲ့ နွေပဲတီစိမ်းအများစုကတော့ အလွန်အမင်းတက်ခဲ့တဲ့ရေ အောက်မှာ နစ်ခဲ့ကြရပြီ။

ပဲစိုက်တောင်သူတို့ရဲ့ဘဝ
ပဲစိုက်တောင်သူတွေရဲ့ ဘဝဟာ တကယ့်ကိုသနားစရာ ပါ။ မရိတ်သိမ်းမီ ပိုးကျခဲ့ရင်လည်း အကွဲအပြဲခံရတတ်သလို၊ရိတ် သိမ်းပြီးနောက် မိုးရွာခဲ့ရင် ပျက်စီး တတ်သလို၊ ပိုးကျခဲ့ရင်ကုန်သွား ပြန်ရော။ စိုက်ပျိုးစရိတ် တွေက ကြီးပြန်တော့ ကိုယ့်ယာကထွက်တဲ့ ပဲကို ကြာကြာသိမ်းမထားနိုင်ကြ ပါဘူး။ပေါ်ဦးပေါ်ဖျားမှာရတဲ့ ဈေးနဲ့ရောင်းကြရတော့ ဈေး ကောင်း မမိကြဘူးပေါ့။ ဒီကြားထဲ သီးနှံပွဲစားတွေရဲ့ ကလိမ်ကကျစ် ဒဏ်ကိုလည်း ခံကြရသေး။

ဈေးကွက်ရှာရေး လက်မနှေးဖို
မြန်မာနိုင်ငံရဲ့ အများဆုံး ပို့ကုန် (၂၀)မျိုးထဲမှာ ၂၀၁၅-၂၀၁၆ စာရင်းများအရ ပဲအမျိုး မျိုးက မက်ထရစ်တန်စုစုပေါင်း ၁၁၉၂တန်တင်ပို့နိုင်ခဲ့ပြီး အမေရိ ကန်ဒေါ်လာသန်းပေါင်း၁၁၅၂.၃  ရှာဖွေနိုင်ခဲ့တယ်။ဒီအထဲမှာ နယ်စပ်ကနေတင်ပို့တာက၂၃.၄ မက်ထရစ်တန်သာရှိပြီး သင်္ဘော နဲ့တင်ပို့တာက၁၁၆၈.၆ မက်ထရစ် တန်ရှိတယ်။

တင်ပို့မှုတန်ဖိုးအနေနဲ့ သဘာဝဓာတ်ငွေ့ပြီးရင် ပဲမျိုးစုံ တင်ပို့မှုကဒုတိယလိုက်နေပါ တယ်။ ပဲမျိုးစုံအားလုံးရဲ့၇၀%ကို အိန္ဒိယကို ပို့ပြီး၊ကျန်တဲ့ ၃၀% ကိုတော့တရုတ်နဲ့အီးယူကိုပို့ တယ်လေ။ အခြားပဲစားတဲ့နိုင်ငံ တွေနဲ့ရော မချိတ်ဆက်ကြတော့ ဘူးလား။ ယခင် အစိုးရလက်ထက် ကတော့အရှေ့အလယ်ပိုင်းနိုင်ငံ တွေကလည်း ပဲစားကြတော့ပဲဈေး ကွက်ရှိတာမို့ဈေးကွက်သစ်ဖော် ဆောင် မယ်ဆိုပြီးပြောသံကြားဖူးခဲ့ တယ်။ ခုတော့ဖြင့်ဈေးကွက်သစ် ဖော်ဆောင်မှုကထူးမခြားနားမို့ ကြိုးစားပေးကြပါလို့မေတ္တာရပ်ပါ တယ်ခင်ဗျာ။

ကိုမြင့် (စီးပွားရေး)

Read times Last modified on Thursday, 06 September 2018 15:06
Rate this item
(10 votes)