Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုများလာ၍ ဈေးနှုန်းမြင့်တက်လာ

လက်ရှိတွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့ ကြက်သွန်နီတင်ပို့မှုများပြားလာသည့်အတွက် ကြက်သွန်နီဈေးနှုန်း

မြင့်တက်လာကြောင်း ပခုက္ကူကြက်သွန်ဒိုင်မှ ကုန်သည်တစ်ဦး၏ပြောကြားချက်အရ သိရပါတယ်။

 

တင်ပို့ရာတွင် မေလ ၂၀ ရက်မှ ၂၆ ရက်အထိ တစ်ပတ်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၀. ၄၆၅ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၂၀၅ တန်ကို လည်းကောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၂၇၉၂ တန်ဖိုးရှိ ကြက်သွန်နီ တန် ၃၀ ကိုလည်းကောင်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

ကြက်သွန်နီက ယခု ပြည်တွင်းဝယ်လိုအားကောင်းနေတာရယ်၊ တရုတ်နဲ့ထိုင်းနိုင်ငံကို တင်ပို့လာတာရယ်ကြောင့် ဈေးတက်လာတာလို့ သိရပါတယ်။

 

ပခုက္ကူကြက်သွန်ဒိုင်သို့ တစ်နေ့လျှင် ကုန်ချိန်တစ်သိန်းသုံးသောင်းခန့်ဝင်ရောက်လျှက်ရှိပြီး ယခုလအတွင်း ကုန်ချိန် သိန်း ၁၀၀ ခန့် ၀င်ရောက်ပြီးဖြစ်ကြောင်း သိရပါတယ်။

 

ပခုက္ကူကြက်သွန်ဒိုင်သို့ ရေစကြိုမြို့နယ်မှ မိုးကြက်သွန်နှင့် ပေါက်မြို့နယ်မှ ဆောင်းကြက်သွန်များ ၀င်ရောက်လေ့ရှိကြောင်း မိုးကြက်သွန်များကို ဇူလိုင်လနှင့် သြဂုတ်လပိုင်းတို့တွင် စိုက်ပျိုးကာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရောင်းချကြပြီး ကုန်မြင့်သမားများမှာ ဇူလိုင်လတွင် စိုက်ပျိုးကာ နိုဝင်ဘာလတွင် ရောင်းချလေ့ရှိကြောင်း သိရပါတယ်။

 

ဆောင်းကြက်သွန်များမှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပြီး မတ်လနှင့် ဧပြီလတို့တွင် ရောင်းချလေ့ရှိကြောင်း ယခုနှစ်တွင် ဆောင်းကြက်သွန်စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုကြောင့် အပင်များ ရေ၀င်သွားသည့် အတွက်ကြောင့် အထွက်နှုန်းလျော့သွားကြောင်းလည်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Monday, 17 September 2018 14:00
Rate this item
(1 Vote)