Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရည်အသွေးကောင်း သရက်သီးများ ထုတ်လုပ်တင်ပို့နိုင်ရေး သရက်နည်းပညာ ဖွံ့ဖြိုးရေးအသင်း အခမဲ့ သင်တန်းပို့ချပေးမည်

အရည်အသွေးကောင်း သရက်သီးများ ထုတ်လုပ်တင်ပို့နိုင်ရန် ဈေးကွက်နှင့် သရက်နည်းပညာဖွံ့ဖြိုးရေးအသင်းမှ အခမဲ့သင်တန်း ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“စစ်ကိုင်းတိုင်းဒေသကြီးက သရက်တောင်သူတွေ တောင်းဆိုလို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြေအသုံးချရေး ဌာနနဲ့ ပူးပေါင်းပြီး အခမဲ့သင်တန်းပို့ချမှာပါ။ တောင်သူအချင်းချင်း လက်တွေ့စိုက်ပျိုးနေတဲ့သရက်စိုက်ပညာရှင်တွေ ပါဝင်ဆွေးနွေးမယ်။

 

သင်တန်းကတော့ တောင်သူတွေကို အခမဲ့သင်တန်းပို့ချပေးပါတယ်။ သရက်သီးစိုက်ပျိုးသူတွေကို စနစ်တကျ နည်းစနစ်မှန်မှန် စိုက်ပျိုးနိုင်ဖို့နဲ့ အရည်အသွေးကောင်း သရက်သီးတွေ ထုတ်လုပ်နိုင်ဖို့ သင်တန်းပို့ချပေးတာပါ။

 

Read More >>>>>  နှစ်နိုင်ငံ သဘောတူညီမှုဖြင့် အင်ဒိုနီးရှားသို့ ဆန်ရောင်းရန် ဆန်စပါးအသင်းချုပ် ကြိုးပမ်း

အဓိက နည်းပညာ လိုအပ်ချက်ရှိတဲ့သူတွေကို တောင်သူမှ တောင်သူ အသိပညာမျှဝေပေးတာပါ” ဟု အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က မြန်မာတောင်သူကြီးများ ဂျာနယ်ကို ပြောသည်။

 

ထိုသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး၊ စိုက်ပျိုးရေးရုံးတွင် မတ်လ ၉ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ လက်တွေ့စိုက်ပျိုးလုပ်ကိုင်နေသည့် သရက် စိုက်ပညာရှင်များက သရက်အသီးပွင့်ခြင်းဆိုင်ရာ သဘောတရားများ၊ သရက်ပင်တွင် ကျရောက်တတ်သော ပိုးများနှင့် ကာကွယ်နည်းများ၊ မြေဆီမြေသြဇာ သုံးစွဲခြင်းများ၊ ဂျီအေပီ စိုက်ပျိုးရေး လုပ်ငန်းစဉ်များ၊ လအလိုက် သရက်ပင်ပြုစုနည်းများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သရက်စိုက်တောင်သူများအနေဖြင့် သင်တန်းတက်ရောက်လိုပါက မြန်မာနိုင်ငံ ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ အတွင်းရေးမှူး ဦးကျော်စိုးနိုင် ဖုန်း - ၀၉ ၇၈၆၈၀၆၁၅၂ သို့ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရသည်။

 

Source: The Farmer Journal

Read times Last modified on Friday, 08 March 2019 11:43
Rate this item
(2 votes)