Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်သွားမည်

Unicode >>>>>

အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်သွားမည်


အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် သတင်းမှန်ပြန်ကြားနိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌဦးဆောင်၍ ညီနောင်အသင်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို မတ်လ ၁၉ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


Indian Curry Powder Mills အိန္ဒိယဟင်းခတ်အေမွှေးအကြိုှုင်ထုတ်စက်ရုံများ (၅၈) ခုကိုရှာရန်နှိပ်ပါ။


အစည်းအဝေးတွင် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease (COVID-19) သည် နိုင်ငံအနှံ့အပြားတွင် ကူးစက်ပြန့်ပွားလျက်ရှိပြီး မြန်မာနိုင်ငံပြည်သူများအနေဖြင့်လည်း စိုးရိမ်ပူပန်စိတ်ဖြင့် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များကို ပုံမှန်ထက် ပိုမိုဝယ်ယူလျက်ရှိရာ ကုန်သည်စက်မှုအသင်းချုပ်သည် ကုန်စည်စီးဆင်းမှု ချောမွေ့စေရေး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေး၊ ကုန်စည်စီးဆင်းမှုချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် သတင်းမှန်ပြန်ကြားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။


အခြေခံအလုပ်သမားများ အများဆုံးအလုပ်လုပ်ကိုင်ကြသော စက်မှုဇုန်များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ စသည်တို့ကို အထူးစီမံချက်တစ်ရပ်ချမှတ်၍ ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံအတွင်း Coronavirus Disease (COVID-19) ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လာပြီး နယ်မြေကန့်သတ်မှုများ ပြုလုပ်လာပါက အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းပြတ်လပ်ခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ကုန်စည်စီးဆင်းနိုင်ရန် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။


၎င်းအပြင် ကုန်သည်စက်မှုအသင်းချုပ်သည် Coronavirus Disease (COVID-19) ကပ်ရောဂါနှင့်ဆက်စပ်၍ စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်လျက်ရှိသော သတင်းအချက်အလက်အမှန်များကို အချိန်နှင့်တပြေးညီ ပြန်ကြားပေးနိုင်ရန်အတွက် Information Center တစ်ခု ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


Read More >>>>>  ငါးခြောက်ဝယ်လိုအား နည်းပါးနေ


အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


#MFID

 

Home Page Food

Zawgyi >>>>>

 

အေျခခံစားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းမ်ား ေဈးႏႈန္းတည္ၿငိမ္ေရး ပူးေပါင္းေဆာင္ရြက္သြားမည္

 

အေျခခံစားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းမ်ား ေဈးႏႈန္းတည္ၿငိမ္ေရး၊ ကုန္ပစၥည္းျပတ္လပ္မႈမရွိေစေရးႏွင့္ သတင္းမွန္ျပန္ၾကားႏိုင္ေရးအတြက္ ကုန္သည္စက္မႈအသင္းခ်ဳပ္ဥကၠ႒ဦးေဆာင္၍ ညီေနာင္အသင္းမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးမႈမ်ားကုိ မတ္လ ၁၉ ရက္ေန႔က ကုန္သည္စက္မႈအသင္းခ်ဳပ္ အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္ခဲ့သည္။

 

Indian Curry Powder Mills အိႏၵိယဟင္းခတ္အေေမႊးအႀကိဳႈင္ထုတ္စက္ရံုမ်ား (၅၈) ခုကိုရွာရန္ႏွိပ္ပါ။

 

အစည္းအေဝးတြင္ ကမာၻ႔ကပ္ေရာဂါ Coronavirus Disease (COVID-19) သည္ ႏိုင္ငံအႏွံ႔အျပားတြင္ ကူးစက္ျပန႔္ပြားလ်က္ရွိၿပီး ျမန္မာႏိုင္ငံျပည္သူမ်ားအေနျဖင့္လည္း စိုးရိမ္ပူပန္စိတ္ျဖင့္ ဆန္၊ ဆီ စသည့္ အေျခခံစားေသာက္ကုန္မ်ားကို ပုံမွန္ထက္ ပိုမိုဝယ္ယူလ်က္ရွိရာ ကုန္သည္စက္မႈအသင္းခ်ဳပ္သည္ ကုန္စည္စီးဆင္းမႈ ေခ်ာေမြ႔ေစေရး၊ ေဈးကြက္အတြင္း ကုန္ပစၥည္းျပတ္လပ္မႈမရွိေစေရးႏွင့္ ေဈးႏႈန္းတည္ၿငိမ္စြာ ေရာင္းဝယ္ႏိုင္ေရး၊ ကုန္စည္စီးဆင္းမႈေခ်ာေမြ႕စြာ ေဆာင္႐ြက္ႏိုင္ေရးႏွင့္ သတင္းမွန္ျပန္ၾကားႏိုင္ေရးအတြက္ ေဆြးေႏြးခဲ့ၾကသည္။

 

အေျခခံအလုပ္သမားမ်ား အမ်ားဆုံးအလုပ္လုပ္ကိုင္ၾကေသာ စက္မႈဇုန္မ်ားတြင္ အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီ စသည္တို႔ကို အထူးစီမံခ်က္တစ္ရပ္ခ်မွတ္၍ ပုံမွန္ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္သြားရန္ႏွင့္ ျမန္မာႏိုင္ငံအတြင္း Coronavirus Disease (COVID-19) ကပ္ေရာဂါ ကူးစက္ျပန႔္ပြားမႈျဖစ္ေပၚလာၿပီး နယ္ေျမကန႔္သတ္မႈမ်ား ျပဳလုပ္လာပါက အေျခခံစားေသာက္ကုန္မ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ားကို ေဈးကြက္အတြင္းသို႔ ကုန္ပစၥည္းျပတ္လပ္ျခင္းမရွိဘဲ ေဈးႏႈန္းတည္ၿငိမ္စြာျဖင့္ ကုန္စည္စီးဆင္းႏိုင္ရန္ ဆက္သြယ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရးက႑တို႔ကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့သည္။

 

၎အျပင္ ကုန္သည္စက္မႈအသင္းခ်ဳပ္သည္ Coronavirus Disease (COVID-19) ကပ္ေရာဂါႏွင့္ဆက္စပ္၍ စီးပြားေရးက႑အေပၚ အက်ိဳးသက္ေရာက္လ်က္ရွိေသာ သတင္းအခ်က္အလက္အမွန္မ်ားကို အခ်ိန္ႏွင့္တေျပးညီ ျပန္ၾကားေပးႏိုင္ရန္အတြက္ Information Center တစ္ခု ဖြင့္လွစ္ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

 

Read More >>>>>  ငါးေျခာက္ဝယ္လိုအား နည္းပါးေန

 

အစည္းအေဝးသို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းႏွင့္ အလုပ္အမႈေဆာင္မ်ား၊ ျမန္မာႏိုင္ငံ ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံပဲမ်ိဳးစုံႏွင့္ ႏွမ္းကုန္သည္မ်ားအသင္း၊ ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီစက္လုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း၊ ျမန္မာႏိုင္ငံ စားေသာက္ကုန္ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း၊ ျမန္မာႏိုင္ငံ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ စားဖိုေခ်ာင္သီးႏွံစိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်သူမ်ားအသင္း၊ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံ လက္လီေရာင္းခ်သူမ်ားအသင္း၊ ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီး ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းတို႔မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။


#MFID

Read times Last modified on Saturday, 21 March 2020 13:22
Rate this item
(0 votes)