Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နှစ်ကူးအပြီး ငါးရှဥ့်တစ်ပိသာ ကျပ်၂၅၀၀ ခန့်ဈေးကျ

တရုတ်ပြည်မကြီးဈေးကွက်ကို အဓိကထားတင်ပို့နေရသည့် ဒေသတွင်းငါးရှဥ့်ဈေးကွက်သည် တရုတ်နှစ်ကူးမတိုင်မီ ဝယ်လိုအားမြင့်တက်ပြီးဈေးကောင်းရခဲ့သော်လည်း

ပွဲတော်ရက်အပြီးရက်ပိုင်းမှာပင် တစ်ပိသာလျှင် ကျပ်၂၅၀၀ခန့် ကျဆင်းခဲ့သည်ဟု တောင်ငူမြို့ခံ ငါးရှဥ့်ကုန်သည်ကြီးများထံမှ သိရှိရသည်။

 

“ငါးရှဥ့်က တရုတ်အဝယ်ပေါ်မှာမူတည်နေတယ်ဆိုပေမယ့် ကုန်ရမရပေါ်မှာလည်း ဈေးကပြောင်းတတ်တယ်။ ပြီးခဲ့တဲ့လက ငါးရှဥ့်ဈေးပုံမှန်သွားနေရာက တရုတ်နှစ်ကူးမတိုင်မီ ဆက်တိုက်မြင့်တက်ပြီး တစ်ပိသာကျပ် ၁၀၀၀၀လော
က်ဖြစ်သွားတယ်။ ပွဲတော်ပြီးချိန် ဆက်တိုက်ကျဆင်းသွားရာက တစ်ပတ်ကျော်အတွင်းမှာ ကျပ်၂၅၀၀ ထိကျသွားပြီး ဒီနေ့ ပေါက်ဈေးက တစ်ပိသာ၇၅၀၀ ကျပ်ပါ”ဟု တောင်ငူမြို့ ထိပ်တန်းငါးရှဥ့်ပွဲရုံပိုင်ရှင် ဒေါ်ဝင်းကြည်က ပြောသည်။

 

အဆိုပါဈေးကွက်သည် တရုတ်ပြည်မကြီးသို့ မူဆယ်ဈေးကွက်မှတစ်ဆင့် တင်ပို့နေပြီး ပြည်ပကြီးတွင် ပွဲတော်ရက်များရှိပါက ဈေးကောင်းရလေ့ရှိသကဲ့သို့ ကုန်စည်ရှားပါးချိန်တွင်လည်း ဈေးကောင်းရလေ့ရှိသော်လည်း အဝယ်ရှိ၊ မ
ရှိပေါ်မူတည်ပြီး ငါးရှဥ့်အရောင်းအဝယ်ဈေးကွက်သည် ဒေသတွင်းဈေးကွက်ကို အားထားနိုင်ခြင်းမရှိကြောင်း ငါးရှဥ့်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများက ဆိုသည်။

 

“ပုံမှန်ဒီအချိန် ငါးရှဥ့်ရှားပါးတော့ ဈေးကောင်းရတယ်လို့ ပြောရမယ်။ အခုဈေးကျသွားတယ်ဆိုပေမယ့် တရုတ်မှာ အဝယ်ရှိရှိ၊ မရှိရှိ ကုန်ရှားရင် ဈေးဒီထက်ကျလည်း တစ်ပိသာ ၅၀၀၀အောက် မရောက်နိုင်ဘူး။ ဈေးကွက်အဝင်နည်းေ
တာ့ ကုန်ကို စုပြီး မူဆယ်ပို့နေရတယ်” ဟု ငါးရှဥ့်ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

 

တောင်ငူခရိုင် အုတ်တွင်း၊ ထန်းတပင်နှင့် ရေတာရှည်မြို့နယ်များမှ ထွက်သော ငါးရှဥ့်ကို အဓိကဝယ်ယူနေသည့် တရုတ်ပြည်မကြီးမှ ကုန်အဝယ်မြင့်မားချိန်တွင်တစ်ပိသာ ကျပ် ၁၂၀၀၀အထိ စံချိန်တင်ဈေးကောင်းရရှိခဲ့ဖူးသော်လည်း
လာအိုနှင့် ဗီယက်နမ်ဈေးကွက်များမှ မွေးငါးရှဥ့်များဝင်ရောက်လာသည့်အချိန်မှစတင်ပြီး ပြည်တွင်းငါးရှဉ်ဈေးနှုန်းသည် ကျပ် ၁၀၀၀၀ အထက် ရောက်ချိန် နည်းပါးခဲ့သည်ဟု ငါးရှဥ့်လုပ်ငန်းရှင်အချို့က ပြောဆိုသည်။

 

ငါးရှဥ့်ဖမ်းရာသီမှာ မိုးရာသီ ဇွန်လမှ ဆောင်ဦးပေါက်ရာသီအထိဖြစ်သော်လည်း အောက်တိုဘာလခန့် မှစတင်ပြီး ဖမ်းဆီးရရှိသည့် ငါးရှဥ့်အနေအထားလျော့ကျသွားလေ့ရှိပြီး ဆောင်းရာသီနှင့် နွေရာသီတွင်ထွက်ရှိသည့် ငါးရှဥ့်မှာ
အင်းအိုင်များမှ ထွက်ရှိခြင်းဖြစ်သည်ဟု တောင်ငူမြို့ခပေါင်းဆားကျင်းရွာနေ ငါးရှဥ့်ထောင်လုပ်သားတစ်ဦးက ပြောကြားသည်။

 

Source: The voice

Read times
Rate this item
(1 Vote)